OnePlus ဟာ လာမယ့် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ OnePlus 11 ဖုန်းကို Global စျေးကွက်အတွက် တရားဝင်မိတ်ဆက်သွားမယ့် Cloud 11 Event ကို ပြုလုပ်ဖို့စီစဥ်ထားပါတယ်။ အဆိုပါ Cloud 11 Event မှာ OnePlus 11 ဖုန်းတင်မဟုတ်ဘဲ OnePlus 11 R ဖုန်းအပြင် OnePlus TV 65 Q2 Pro နဲ့ OnePlus Buds Pro 2 တွေကိုပါ မိတ်ဆက်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

အခုလည်း OnePlus က နောက်ထပ် Product တစ်ခုကိုပါ ထပ်မံမိတ်ဆက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါက သတင်းတွေထွက်ရှိနေတာအချိန်ကြာနေပြီဖြစ်တဲ့ OnePlus Pad Tablet ပဲဖြစ်ပါတယ်။

ဒါကြောင့် နောက်ဆုံးမှာ OnePlus ရဲ့ ပထမဆုံးသော Tablet ကို တရားဝင်မြင်ရတော့မှာဖြစ်ပါတယ်။ OnePlus India Website မှာ “Boxes come in all shapes and sizes” လို့ ဖော်ပြထားတာကြောင့် ဘေးဘောင်တွေပါးလွှာတာကို ရည်ရွယ်တာဖြစ်နိုင်သလို မတူညီတဲ့အရွယ်အစားနဲ့ Version အမျိုးမျိုးမိတ်ဆက်မှာလည်းဖြစ်နိုင်ပါတယ်။

လောလောဆယ်မှာ OnePlus Pad ရဲ့ Specification တွေနဲ့ ဒီဇိုင်းဓါတ်ပုံတွေ ပေါက်ကြားခြင်းမရှိသေးတာကြောင့် စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ အစောပိုင်းသတင်းတွေအရ OnePlus Pad ဟာ မနှစ်တုန်းက မိတ်ဆက်ထားခဲ့တဲ့ OPPO Pad နဲ့ဆင်တူမယ်ဆိုပြီး ခန့်မှန်းခဲ့ကြပေမယ့် အခုမှ မိတ်ဆက်လာမှာဖြစ်တာကြောင့် Specification ပိုင်းပြောင်းလဲထားဖွယ်ရှိနေပါတယ်။

Ref – Gizmo China