OnePlus Pad ကို ဒီလ ၇ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပြီး ကုမ္ပဏီဟာ တက်ဘလက်ဈေးကွက်ကို နယ်ချဲ့လာတာပါ။ အခုတော့ OnePlus က Teaser Video ၁ ခုကို မျှဝေလိုက်ပြီး အဓိက Specs တချို့ကိုသိလာရပါပြီ။

ကုမ္ပဏီက OnePlus Pad မှာ Magnetic Keyboard နဲ့ Stylus ပါလာမယ်လို့ အတည်ပြုလိုက်ပြီး ပြိုင်ဖက် ကုမ္ပဏီတွေထက် အားသာချက် ဖြစ်လာနိုင်ပါတယ်။

Exclusive] Here Are First OnePlus Pad Renders; Revealing Unibody Design and More - MySmartPrice

Teaser Video မှာ အဖြူရောင် Stylus ကို မျက်နှာပြင်မှာ အသုံးပြုနေတာ မြင်ရပြီး Mint Green အရောင် Magnetic Keyboard မှာ Trackpad ပါတာတွေ့ရပါတယ်။ Keyboard နဲ့ OnePlus Pad ကို သံလိုက်နဲ့ ချိတ်ဆက်နိုင်မှာ ဖြစ်ပြီး User က Viewing Angle ကို ချိန်ညှိနိုင်မှာဖြစ်ပါတယ်။ OnePlus Pad ရဲ့ အနောက်ဘက်ဟာ သားရေဒီဇိုင်း ဖြစ်ပြီး ကင်မရာ ၁ လုံးနဲ့ LED Flash ၁ လုံးကို တွဲဖက်ထားပါတယ်။ အရှေ့ ကင်မရာကို ညာဘက်ခြမ်းမှာ တပ်ဆင်ထားပြီး Dolby Vision Atmos ထောက်ပံ့ထားမှာပါ။

အရင်ပေါက်ကြားသတင်းတွေအရ OnePlus Pad မှာ Dimensity 9000 Processor မောင်းနှင်ထားမှာ ဖြစ်ပြီး 8,640mAh ဘက်ထရီ ပါလာမှာပါ။ 67W Fast Charging ထောက်ပံ့ထားမှာ ဖြစ်ပြီး ၁၁.၆ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ 2.8K Resolution ရှိပြီး 144Hz Refresh Rate, HDR10+ နဲ့ Dolby Vision ထောက်ပံ့ထားမှာပါ။

Ref : gizmochina