OnePlus ကနေ လာမယ့် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ OnePlus 11 ဖုန်းကို တရားဝင်မိတ်ဆက်သွားဖို့ စီစဥ်ထားပါတယ်။ အဆိုပါ Event မှာ OnePlus 11 ဖုန်းအပြင် OnePlus Pad Tablet ကိုပါ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

OnePlus Pad ဟာ OnePlus ကုမ္ပဏီအတွက် ပထမဆုံးသော Tablet ဖြစ်လာမှာဖြစ်ပြီး စိတ်ဝင်စားဖို့ပိုကောင်းနေပါတယ်။ OnePlus ကိုယ်တိုင်က Teaser ဓါတ်ပုံတွေပဲ ထုတ်ပြထားပေမယ့် အခုအချိန်မှာတော့ OnePlus Pad ရဲ့ ဒီဇိုင်းဓါတ်ပုံက ပေါက်ကြားလာခဲ့ပါတယ်။

အဆိုပါ ဓါတ်ပုံကို နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ EV Leaks (Evan Blass) ကနေ ဖော်ပြခဲ့တာဖြစ်တာကြောင့် တကယ်ထွက်ပေါ်လာမယ့် ဒီဇိုင်းနဲ့ တူညီမယ်လို့ ခန့်မှန်းရပါတယ်။

OnePlus Pad ဟာ အရှေ့ဘက် Display က ဘေးဘောင်တွေအလွန်ပါးလွှာတာကိုတွေ့ရပြီး အရောင်အနေနဲ့ အစိမ်းရောင်နဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုက နောက်ကျော်ဘက်က Camera Design ပဲဖြစ်ပြီး စက်ဝိုင်းပုံစံကိုမှ အလယ်တည့်တည့်မှာ ထားထားတဲ့အတွက် လုံးဝကို ထင်းနေမှာဖြစ်ပါတယ်။

OnePlus Pad နဲ့ ပတ်သက်တဲ့သတင်းတွေကို လောလောဆယ်မှာ အသေးစိတ်သိရှိရခြင်းမရှိသေးဘဲ 11.6″ Display Size ရှိလာမယ်လို့ပဲ သိထားရပါတယ်။ ဒါကြောင့် တရားဝင်မိတ်ဆက်မယ့်အချိန်ကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena