OnePlus က ကုမ္ပဏီရဲ့ ပထမဆုံး တက်ဘလက်ကို ကြေညာဖို့ ပြင်ဆင်နေပြီး အခုတော့ OnePlus India Website မှာ အဲဒီ တက်ဘလက်ရဲ့ တရားဝင် ဓါတ်ပုံကို တင်ထားပါတယ်။

OnePlus Pad teaser

OnePlus Pad ရဲ့ တရားဝင် ဝက်ဘ်စာမျက်နှာမှာ တက်ဘလက်ရဲ့ အဓိက Specification တွေကို မဖော်ပြထားပါဘူး။ TechRadar ရဲ့ သတင်းအရ တက်ဘလက်ရဲ့ အစိမ်းရောင် မော်ဒယ်ကို Halo Green အမည်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ တက်ဘလက်အတွက် တခြား အရောင်တွေကိုလည်း ထုတ်လုပ်ရောင်းချနိုင်ပါတယ်။

OnePlus Pad: Leaked renders point to 11.6-inch display, large single camera and unibody aluminium design - NotebookCheck.net News

OnePlus Pad မှာ အလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားပြီး တခြား တက်ဘလက်တွေနဲ့ မတူတာက အရှေ့ ကင်မရာကို ဘယ်ဘက်အထက်မှာ တပ်ဆင်ထားကာ အနောက်ကင်မရာကို အလယ်မှာ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကုမ္ပဏီ Logo ကို ရေးထွင်းထားပါတယ်။

OnePlus ဟာ မကြာခင် အဲဒီ တက်ဘလက်ရဲ့ ဒီဇိုင်းကို ပိုမိုမြင်သာစေမယ့် Teaser တွေကို မျှဝေလာနိုင်ပါတယ်။ တက်ဘလက် ဒီဇိုင်းအရ စွမ်းဆောင်ရည်မြင့်ဖြစ်နိုင်ပေမယ့် မကြာခင်က သတင်းအရ စွမ်းရည်သင့် Specs တွေပဲ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ Specs တွေအကြောင်း မကြာခင်မှာ ပိုမို သိလာရမယ်လို့ထင်ပါတယ်။

OnePlus ဟာ အိန္ဒိယမှာ ထုတ်ကုန် မိတ်ဆက်ပွဲ ၁ ခုကို ဖေဖော်ဝါရီလ ၇ ရက်နေ့ ပြုလုပ်ကျင်းပမှာ ဖြစ်ပြီး OnePlus 11 5G နဲ့ OnePlus 11R 5G စမတ်ဖုန်း ၂ လုံးကို ကြေညာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Buds Pro 2 နားကြပ်၊ TV 65 Q2 Pro နဲ့ OnePlus Pad တို့ကိုပါ ချပြမှာ ဖြစ်ပါတယ်။

Ref : gizmochina