[Unicode]

OnePlus ဟာ လာမယ့် CES 2020 အတွင်းမှာ Special Event တစ်ခု ပြုလုပ်သွားမှာဖြစ်ပြီး ဒီအတွက် Teased လုပ်ပြီး သတင်းလွှင့်လိုက်ပြီ ဖြစ်ပါတယ်။ Event ကို Las Vegas က Wynn resort မှာပြုလုပ်သွားမှာဖြစ်ပြီး ဇန်နဝါရီလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်း ဖြစ်ပါတယ်။

အခုအချိန်အထိတော့ Special Event တစ်ခုအနေနဲ့ပဲ သိရသေးတာဖြစ်ပြီး ဒီပွဲမှာ OnePlus က ဘာကို အဓိကထား မိတ်ဆက်ပြသသွားမှာလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် Event အကြောင်းအသိပေးထားတဲ့ ဖိတ်ကြားမှုရုပ်ပုံလွှာရဲ့ လိမ္မော်ရောင်ကိုကြည့်ပြီး ဒီပွဲမှာ McLaren နဲ့ ဆက်စပ်နေတဲ့ အရာတစ်ခုခု ဖြစ်နိုင်တယ်လို့လည်း မှန်းဆမှုတွေ ရှိနေပါတယ်။

ဖြစ်နိုင်ခြေအရှိဆုံးမှန်းဆမှုကတော့ OnePlus အနေနဲ့ 5G device သစ် တစ်မျိုးမျိုးကို မိတ်ဆက်သွားဖွယ်ရှိတယ်ဆိုတာပါ။ နောက်ထပ် ထည့်သွင်းစဉ်းစားရမှာက OnePlus 8 Lite ပါ။ ဒါပေမယ့် OnePlus 8 Lite ဟာ Mid-range ဖုန်းတစ်လုံးဖြစ်တဲ့အပြင် နောက်ဆုံးပေါ်နည်းပညာနဲ့ ပရီမီယံတွေကိုပဲ အပြိုင်အဆိုင်ပြသလေ့ရှိကြတဲ့ ဒီပွဲမှာ OnePlus 8 Lite ကို မိတ်ဆက်မယ်ဆိုရင်တောင်မှ ဒီတစ်မျိုးတည်းမဟုတ်ဘဲ အခြားပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ တစ်ခုခုလည်း ပါဝင်နေဦးမယ်လို့ ယူဆရပါတယ်။

အချို့မှန်းဆမှုတွေအရ OnePlus TV ကို အမေရိကန်ပြည်ထောင်စုဈေးကွက်မှာ မိတ်ဆက်ဖို့ ရည်ညွှန်းတာဖြစ်နိုင်တယ်လို့လည်း ဆိုရပါလိမ့်မယ်။ OnePlus ရဲ့ လက်ရှိ ထုတ်လုပ်မှုဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် OnePlus 8, 8T နဲ့ OnePlus 8 Lite တို့ဟာ ဒီ Special Event နဲ့ အနီးစပ်ဆုံးဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် သိပ်မကြာခင် ရက်တွေမှာ သတင်းထပ်ထွက်လာဖွယ်ရှိတာမို့ ဆက်ပြီးတော့ပဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: Phone Arena

[Zawgyi]

CES 2020 မွာ Special Event တစ္ခုလုပ္မယ္လို႔ ေၾကညာလိုက္တဲ့ OnePlus

OnePlus ဟာ လာမယ့္ CES 2020 အတြင္းမွာ Special Event တစ္ခု ျပဳလုပ္သြားမွာျဖစ္ၿပီး ဒီအတြက္ Teased လုပ္ၿပီး သတင္းလႊင့္လိုက္ၿပီ ျဖစ္ပါတယ္။ Event ကို Las Vegas က Wynn resort မွာျပဳလုပ္သြားမွာျဖစ္ၿပီး ဇန္နဝါရီလ ၇ ရက္ေန႔ကေန ၁၀ ရက္ေန႔အတြင္း ျဖစ္ပါတယ္။

အခုအခ်ိန္အထိေတာ့ Special Event တစ္ခုအေနနဲ႔ပဲ သိရေသးတာျဖစ္ၿပီး ဒီပြဲမွာ OnePlus က ဘာကို အဓိကထား မိတ္ဆက္ျပသသြားမွာလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ Event အေၾကာင္းအသိေပးထားတဲ့ ဖိတ္ၾကားမႈ႐ုပ္ပုံလႊာရဲ႕ လိေမၼာ္ေရာင္ကိုၾကည့္ၿပီး ဒီပြဲမွာ McLaren နဲ႔ ဆက္စပ္ေနတဲ့ အရာတစ္ခုခု ျဖစ္ႏိုင္တယ္လို႔လည္း မွန္းဆမႈေတြ ရွိေနပါတယ္။

ျဖစ္ႏိုင္ေျခအရွိဆုံးမွန္းဆမႈကေတာ့ OnePlus အေနနဲ႔ 5G device သစ္ တစ္မ်ိဳးမ်ိဳးကို မိတ္ဆက္သြားဖြယ္ရွိတယ္ဆိုတာပါ။ ေနာက္ထပ္ ထည့္သြင္းစဥ္းစားရမွာက OnePlus 8 Lite ပါ။ ဒါေပမယ့္ OnePlus 8 Lite ဟာ Mid-range ဖုန္းတစ္လုံးျဖစ္တဲ့အျပင္ ေနာက္ဆုံးေပၚနည္းပညာနဲ႔ ပရီမီယံေတြကိုပဲ အၿပိဳင္အဆိုင္ျပသေလ့ရွိၾကတဲ့ ဒီပြဲမွာ OnePlus 8 Lite ကို မိတ္ဆက္မယ္ဆိုရင္ေတာင္မွ ဒီတစ္မ်ိဳးတည္းမဟုတ္ဘဲ အျခားပိုၿပီးစိတ္ဝင္စားစရာေကာင္းတဲ့ တစ္ခုခုလည္း ပါဝင္ေနဦးမယ္လို႔ ယူဆရပါတယ္။

အခ်ိဳ႕မွန္းဆမႈေတြအရ OnePlus TV ကို အေမရိကန္ျပည္ေထာင္စုေဈးကြက္မွာ မိတ္ဆက္ဖို႔ ရည္ၫႊန္းတာျဖစ္ႏိုင္တယ္လို႔လည္း ဆိုရပါလိမ့္မယ္။ OnePlus ရဲ႕ လက္ရွိ ထုတ္လုပ္မႈျဖစ္စဥ္ေတြကို ၾကည့္ျခင္းအားျဖင့္ OnePlus 8, 8T နဲ႔ OnePlus 8 Lite တို႔ဟာ ဒီ Special Event နဲ႔ အနီးစပ္ဆုံးျဖစ္ေနပါတယ္။ ဘာပဲျဖစ္ျဖစ္ သိပ္မၾကာခင္ ရက္ေတြမွာ သတင္းထပ္ထြက္လာဖြယ္ရွိတာမို႔ ဆက္ၿပီးေတာ့ပဲ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: Phone Arena