အခုနောက်ပိုင်းမှာ စမတ်ဖုန်းကုမ္ပဏီတွေအများအပြားက ပုံမှန် စမတ်ဖုန်းတွေအပြင် Foldable စမတ်ဖုန်းစျေးကွက်ကိုပါ ဝင်ရောက်နေပြီဖြစ်ပါတယ်။ အခုလည်း OnePlus ဟာ ပထမဆုံးသော Foldable ဖုန်းကို မကြာခင်မှာ မိတ်ဆက်သွားတော့မယ်လို့ သိရပါတယ်။

အဆိုပါသတင်းကိုတော့ Leakster တစ်ဦးဖြစ်တဲ့ Max Jambor ကနေ Twitter စာမျက်နှာကနေတစ်ဆင့် ပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ OnePlus ဟာ လာမယ့် ၂၀၂၃ ခုနှစ်အတွင်းမှာ ပထမဆုံးသော Foldable ဖုန်းကိုမိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရသေးပါဘူး။

အစောပိုင်းသိရတဲ့သတင်းတွေအရတော့ OnePlus ရဲ့ ပထမဆုံးသော Foldable စမတ်ဖုန်းဟာ OPPO Find N Foldable ဖုန်းနဲ့ ဆင်တူမှာဖြစ်ပါတယ်။ ဒါကြောင့် အပြင်ဘက်မှာ Display တစ်ခုနဲ့ အတွင်းဘက်မှာ Primary Foldable Display တစ်ခုစီပါဝင်မှာပါ။

အခုလောလောဆယ်မှာ OPPO ၊ Vivo ၊ Xiaomi အပြင် တခြားသော ကုမ္ပဏီတွေအများအပြားကလည်း Foldable စမတ်ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပြီး ယခုနှစ်အတွင်းမှာလည်း Samsung ကနေ Galaxy Z Fold4 နဲ့ Z Flip4 Foldable ဖုန်းတွေကိုလည်း မိတ်ဆက်ဖို့ရှိနေပါတယ်။

Ref – Gizmo China