OnePlus ကနေ ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေအကုန်လုံးနီးပါးဟာ ပြီးခဲ့တဲ့ OnePlus 5 စမတ်ဖုန်းတွေထဲက AMOLED Display တွေကို အသုံးပြုနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း OnePlus ဖုန်းတွေမှာ အခုနောက်ဆုံးမိတ်ဆက်ထားတဲ့ OnePlus 7T Series တွေအထိ Always-on Display ကို အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။

ပုံမှန်အားဖြင့် OnePlus ရဲ့ OxygenOS ဟာ Simple ဖြစ်တဲ့အပြင် သုံးရတာမြန်ဆန်တဲ့အတွက် နာမည်ကောင်းရရှိနေတာဖြစ်ပေမယ့် ဒီလိုမျိုး Always-on Display မပါဝင်တဲ့အတွက် ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။ OnePlus 6 တုန်းကတော့ Always-on Display ကို ခတ္တထည့်ပေးခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ Battery ပိုကုန်မှာကို စိုးရိမ်တဲ့အတွက် ပြန်ဖြုတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ OnePlus ကနေ Twitter ကနေ မကြာခင်မှာ Always-on Display ကို ကုမ္ပဏီရဲ့ Roadmap ထဲမှာ ထည့်သွင်းထားပြီး Software Update ကနေတစ်ဆင့် မကြာခင်မှာ Update လုပ်သွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် အချိန်အတိအကျကို ပြောကြားခဲ့ခြင်းမရှိတဲ့အတွက် ဘယ်အချိန်မှာ Update ပြုလုပ်နိုင်မလဲကတော့ မသိရှိရသေးပါဘူး။

ဖြစ်နိုင်တာတစ်ခုကတော့ လာမယ့် OnePlus 8 Series စမတ်ဖုန်းတွေနဲ့အတူ OnePlus ကနေ OxygenOS Update မှာ Always-on Display ကို ထည့်သွင်းလာဖို့က သေချာသလောက်ဖြစ်နေပါပြီ။

Ref – GSM Arena