OnePlus က ပြီးခဲ့တဲ့ လက YouTube မှာ OnePlus Nord အကြောင်းကို New Beginnings နာမည်နဲ့ ဗီဒီယို စီးရီး ၄ ခုကို တင်ခဲ့ပါတယ်။ အခုတော့ OnePlus က Nord Feature Film ရဲ့ Teaser ကို မျှဝေလိုက်ပြီး ဒီလ ၁၈ ရက်နေ့ Amazon Prime ကနေ ပြသမှာ ဖြစ်ပါတယ်။

OnePlus က New Beginnings Documentary Series ကို ပထမဆုံး Feature Film အဖြစ် အသွင်ပြောင်းလိုက်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် OnePlus က New Beginnings ဗီဒီယို စီးရီး ၄ ခုကို ပေါင်းစပ်လိုက်ပြီး Feature Film အဖြစ် ပြုလုပ်လိုက်တာလား၊ ဒါမှမဟုတ် Film အသစ် ရိုက်လိုက်တာလား ဆိုတာ မသိရသေးပါဘူး။ လာမယ့် ၁၈ ရက်နေ့ကျရင်တော့ တိတိကျကျ သိရတော့မှာ ဖြစ်ပါတယ်။ Nord Feature Film ရဲ့ Teaser ကို အောက်မှာ လေ့လာနိုင်ပါတယ်။

OnePlus Nord ဟာ Snapdragon 765G SoC ပါတဲ့ စွမ်းရည်သင့် ဖုန်း ဖြစ်ပြီး ၆.၄၄ လက်မ FullHD+ 90Hz AMOLED မျက်နှာပြင် ပါပါတယ်။ 4,115mAh ဘက်ထရီ ထည့်သွင်းထားပြီး အနောက်ဘက်မှာ 48MP, 8MP, 5MP, 2MP ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 32MP ,8MP ကင်မရာ ၂ လုံး ပါပါတယ်။

Ref : gsmarena