[Zawgyi]

OnePlus က 7T စမတ္ဖုန္းကို ေၾကညာဖို႔ မေစာင့္ႏိုင္ေတာ့ဘူး ထင္ပါတယ္။ စက္တင္ဘာလ ၂၆ ရက္ မိတ္ဆက္ပြဲမတိုင္ခင္ ၁ ပတ္ေလာက္အလိုမွာပဲ အဲဒီ စမတ္ဖုန္းရဲ႕ ဒီဇိုင္းကို ျပသလိုက္ပါတယ္။ OnePlus ဟာ ပထမဆံုး စမတ္ဖုန္းမွာ ကတည္းက ဒီဇိုင္းကို အသားေပးခဲ့တာ ျဖစ္ပါတယ္။ OnePlus 7T ရဲ႕ ဓါတ္ပံုေတြကို ေအာက္မွာ ေလ့လာႏုိင္ပါတယ္။

ကုမၸဏီက ဓါတ္ပံု ၂ ပံုကို မွ်ေ၀ထားတာ ျဖစ္ၿပီး စမတ္ဖုန္းရဲ႕ အေနာက္ဘက္ ဒီဇိုင္းကို ျပသထားပါတယ္။ OnePlus 7 နဲ႔ အဓိက ကြာျခားခ်က္က အေနာက္ဘက္ စက္၀ိုင္းပံု ကင္မရာ ျဖစ္ပါတယ္။ ကင္မရာ ၃ လံုး တပ္ဆင္ထားၿပီး 17, 26 နဲ႔ 51mm Focal Lengths ေတြ အသီးသီး ရွိပါတယ္။ ကင္မရာေတြရဲ႕ ေအာက္မွာ LED Flash ၁ လံုး ထည့္သြင္းထားပါတယ္။  OnePlus 7 Pro မွာလို အေနာက္ ဒီဇိုင္းက အျပာေရာင္ ျဖစ္ပါတယ္။

Geekbench မွာ OnePlus 7T ရဲ႕ သတင္းအခ်က္အလက္ေတြ မၾကာခင္က ထြက္ေပၚခဲ့ပါတယ္။ ေမာ္ဒယ္နံပါတ္ဟာ HD1990 ျဖစ္ၿပီး Single-core Score ဟာ ၃,၉၈၃ ျဖစ္ပါတယ္။  တရုတ္က Tipster ၁ ေယာက္က အဲဒီ စမတ္ဖုန္းဟာ OnePlus 7T ျဖစ္မယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ တရုတ္မွာ ေရာင္းမယ့္ ေမာ္ဒယ္မွာ Google Services မပါဘဲ Hydrogen OS ထည့္ထားမွာ ျဖစ္ပါတယ္။ သူက အဲဒီ စမတ္ဖုန္းမွာ Snapdragon 855 Plus Chipset ေမာင္းႏွင္ထားမယ္လို႔ ေျပာပါတယ္။ Geekbench က ေမာ္ဒယ္မွာ 8GB RAM ထည့္သြင္းထားပါတယ္။

OnePlus 7T မွာ Android 10 ပါလာမယ္လို႔ သိရပါတယ္။ အရင္မ်ိဳးဆက္ OnePlus 6T မွာလည္း အဲဒီအခ်ိန္တုန္းက ေနာက္ဆံုးထုတ္ Android OS ပါလာပါတယ္။ တျခား ထြက္ေပၚေနတဲ့ သတင္းေတြအရ OnePlus 7T မွာ 90 Hz Display ပါလာႏုိင္ၿပီး 2K Resolution  ျဖစ္ပါတယ္။  လက္ေဗြရာ အာရံုခံ ကိရိယာကို OLED Panel ေအာက္မွာ ထည့္သြင္းထားႏုိင္ပါတယ္။ McLaren Edition ကိုလည္း ထုတ္လုပ္မယ္လို႔ ထင္ရပါတယ္။ ဒါေပမယ့္ အဲဒီ ေမာ္ဒယ္ကို Pro အတြက္သာ ထုတ္လုပ္ႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

OnePlus 7T ရဲ့ ဒီဇိုင်းကို တရားဝင် ပြသလိုက်ပြီ

OnePlus က 7T စမတ်ဖုန်းကို ကြေညာဖို့ မစောင့်နိုင်တော့ဘူး ထင်ပါတယ်။ စက်တင်ဘာလ ၂၆ ရက် မိတ်ဆက်ပွဲမတိုင်ခင် ၁ ပတ်လောက်အလိုမှာပဲ အဲဒီ စမတ်ဖုန်းရဲ့ ဒီဇိုင်းကို ပြသလိုက်ပါတယ်။ OnePlus ဟာ ပထမဆုံး စမတ်ဖုန်းမှာ ကတည်းက ဒီဇိုင်းကို အသားပေးခဲ့တာ ဖြစ်ပါတယ်။ OnePlus 7T ရဲ့ ဓါတ်ပုံတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

ကုမ္ပဏီက ဓါတ်ပုံ ၂ ပုံကို မျှဝေထားတာ ဖြစ်ပြီး စမတ်ဖုန်းရဲ့ အနောက်ဘက် ဒီဇိုင်းကို ပြသထားပါတယ်။ OnePlus 7 နဲ့ အဓိက ကွာခြားချက်က အနောက်ဘက် စက်ဝိုင်းပုံ ကင်မရာ ဖြစ်ပါတယ်။ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 17, 26 နဲ့ 51mm Focal Lengths တွေ အသီးသီး ရွိပါတယ်။ ကင်မရာတွေရဲ့ အောက်မှာ LED Flash ၁ လုံး ထည့်သွင်းထားပါတယ်။ OnePlus 7 Pro မှာလို အနောက် ဒီဇိုင်းက အပြာရောင် ဖြစ်ပါတယ်။

Geekbench မှာ OnePlus 7T ရဲ့ သတင်းအချက်အလက်တွေ မကြာခင်က ထွက်ပေါ်ခဲ့ပါတယ်။ မော်ဒယ်နံပါတ်ဟာ HD1990 ဖြစ်ပြီး Single-core Score ဟာ ၃,၉၈၃ ဖြစ်ပါတယ်။ တရုတ်က Tipster ၁ ယောက်က အဲဒီ စမတ်ဖုန်းဟာ OnePlus 7T ဖြစ်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် တရုတ်မှာ ရောင်းမယ့် မော်ဒယ်မှာ Google Services မပါဘဲ Hydrogen OS ထည့်ထားမှာ ဖြစ်ပါတယ်။ သူက အဲဒီ စမတ်ဖုန်းမှာ Snapdragon 855 Plus Chipset မောင်းနှင်ထားမယ်လို့ ပြောပါတယ်။ Geekbench က မော်ဒယ်မှာ 8GB RAM ထည့်သွင်းထားပါတယ်။

OnePlus 7T မှာ Android 10 ပါလာမယ်လို့ သိရပါတယ်။ အရင်မျိုးဆက် OnePlus 6T မှာလည်း အဲဒီအချိန်တုန်းက နောက်ဆုံးထုတ် Android OS ပါလာပါတယ်။ တခြား ထွက်ပေါ်နေတဲ့ သတင်းတွေအရ OnePlus 7T မှာ 90 Hz Display ပါလာနိုင်ပြီး 2K Resolution ဖြစ်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို OLED Panel အောက်မှာ ထည့်သွင်းထားနိုင်ပါတယ်။ McLaren Edition ကိုလည်း ထုတ်လုပ်မယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် အဲဒီ မော်ဒယ်ကို Pro အတွက်သာ ထုတ်လုပ်နိုင်ပါတယ်။

Ref : gsmarena