[Zawgyi]

OnePlus က စမတ္တီဗီ ဖန္တီးေနတဲ့ သတင္းေတြ ထြက္ေနတာ ေတာ္ေတာ္ ၾကာပါၿပီ။ Fans ေတြက အဲဒီ တီဗီရဲ႕ နာမည္ကို ေရြးေပးဖို႔ ေဆြးေႏြးမႈေတြကိုလည္း ျပဳလုပ္ခဲ့ၾကပါတယ္။ အခုေတာ့ အဲဒီ တီဗီကို ရိုးရိုးရွင္းရွင္းပဲ OnePlus TV လို႔ နာမည္ေပးမယ့္အေၾကာင္းကို ကုမၸဏီက အတည္ျပဳလိုက္ပါတယ္။ ကုမၸဏီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ တစ္ေယာက္က OnePlus Forum မွာ အတည္ျပဳလိုက္တာ ျဖစ္ၿပီး သူက “ ကိုယ့္ရဲ႕ ကိုယ္ပိုင္ ဘရန္း နာမည္ထက္ ကြ်န္ေတာ္တို႔ရဲ႕ တန္ဖိုး၊ ရည္မွန္းခ်က္နဲ႔ ဂုဏ္ပုဒ္ေတြကို ေဖာ္ျပႏုိင္တဲ့ တျခား နာမည္ မရွိဘူးလို႔ ယံုၾကည္ပါတယ္။ “ လို႔ ေျပာပါတယ္။

OnePlus က OnePlus TV Logo ကိုလည္း ျပသလိုက္ပါတယ္။ OnePlus Logo ရဲ႕ ေဘးမွာ TV စာသားကို ျဖည့္ထားပါတယ္။ ကုမၸဏီက နာမည္ေက်ာ္ ေရွးေခတ္ ဂရိ ဘုရားေက်ာင္းနဲ႔ ေရွးေခတ္ ဟိႏၵဴ သေကၤတ The Mandala တို႔လို Classic Art ေတြကို အေျချပဳၿပီး OnePlus TV Logo ကို ဖန္တီးထားတာလို႔ ေျပာပါတယ္။

ဒီသတင္းေၾကာင့္ OnePlus ဟာ တီဗီကို ဖန္တီးေနတာ ပိုၿပီးခိုင္မာသြားခဲ့ပါၿပီ။ ကုမၸဏီက ၿပီးခဲ့တဲ့ စက္တင္ဘာလမွာ တီဗီ ေစ်းကြက္ကို ၀င္ေရာက္မယ္လို႔ ေၾကညာခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ တီဗီ အေၾကာင္း သိပ္မေျပာခဲ့ပါဘူး။ မၾကာခင္ကေတာ့ Bluetooth SIG မွာ အဲဒီ တီဗီကို မွတ္ပံုတင္ခဲ့ၿပီး တီဗီရဲ႕ သတင္းအခ်က္အလက္ အခ်ိဳ႕ကို သိခဲ့ရပါတယ္။ တီဗီမွာ Android OS ေမာင္းႏွင္ထားမွာ ျဖစ္ၿပီး ၄၃ လက္မနဲ႔ ၇၅ လက္မအၾကား LED Panels ေတြကို အသံုးျပဳထားႏုိင္ပါတယ္။ စက္တင္ဘာလေႏွာင္းပိုင္းမွာ ေရာင္းမယ္လို႔ သတင္းေတြ ထြက္ေနပါတယ္။

Ref : theverge

[Unicode]

OnePlus TV လို့ နာမည်ပေးမယ့်အကြောင်းကို ကုမ္ပဏီက အတည်ပြု

OnePlus က စမတ်တီဗီ ဖန်တီးနေတဲ့ သတင်းတွေ ထွက်နေတာ တော်တော် ကြာပါပြီ။ Fans တွေက အဲဒီ တီဗီရဲ့ နာမည်ကို ရွေးပေးဖို့ ဆွေးနွေးမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ အခုတော့ အဲဒီ တီဗီကို ရိုးရိုးရှင်းရှင်းပဲ OnePlus TV လို့ နာမည်ပေးမယ့်အကြောင်းကို ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က OnePlus Forum မှာ အတည်ပြုလိုက်တာ ဖြစ်ပြီး သူက “ ကိုယ့်ရဲ့ ကိုယ်ပိုင် ဘရန်း နာမည်ထက် ကျွန်တော်တို့ရဲ့ တန်ဖိုး၊ ရည်မှန်းချက်နဲ့ ဂုဏ်ပုဒ်တွေကို ဖော်ပြနိုင်တဲ့ တခြား နာမည် မရှိဘူးလို့ ယုံကြည်ပါတယ်။ “ လို့ ပြောပါတယ်။

OnePlus က OnePlus TV Logo ကိုလည်း ပြသလိုက်ပါတယ်။ OnePlus Logo ရဲ့ ဘေးမှာ TV စာသားကို ဖြည့်ထားပါတယ်။ ကုမ္ပဏီက နာမည်ကျော် ရှေးခေတ် ဂရိ ဘုရားကျောင်းနဲ့ ရှေးခေတ် ဟိန္ဒူ သင်္ကေတ The Mandala တို့လို Classic Art တွေကို အခြေပြုပြီး OnePlus TV Logo ကို ဖန်တီးထားတာလို့ ပြောပါတယ်။

ဒီသတင်းကြောင့် OnePlus ဟာ တီဗီကို ဖန်တီးနေတာ ပိုပြီးခိုင်မာသွားခဲ့ပါပြီ။ ကုမ္ပဏီက ပြီးခဲ့တဲ့ စက်တင်ဘာလမှာ တီဗီ ဈေးကွက်ကို ဝင်ရောက်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ တီဗီ အကြောင်း သိပ်မပြောခဲ့ပါဘူး။ မကြာခင်ကတော့ Bluetooth SIG မှာ အဲဒီ တီဗီကို မှတ်ပုံတင်ခဲ့ပြီး တီဗီရဲ့ သတင်းအချက်အလက် အချို့ကို သိခဲ့ရပါတယ်။ တီဗီမှာ Android OS မောင်းနှင်ထားမှာ ဖြစ်ပြီး ၄၃ လက်မနဲ့ ၇၅ လက်မအကြား LED Panels တွေကို အသုံးပြုထားနိုင်ပါတယ်။ စက်တင်ဘာလနှောင်းပိုင်းမှာ ရောင်းမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

Ref : theverge