ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက OnePlus 7T စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီး Glacier Blue နဲ့ Frosted Silver အရောင်နှစ်ရောင်ဖြင့် စတင်ထွက်ရှိလာခဲ့ပါတယ်။ နိုဝင်ဘာလမှာတော့ ရွှေရောင်ကာလာတစ်ခုကို ထပ်ထုတ်မယ်လို့ သတင်းထွက်လာခဲ့ပေမယ့် ရပ်တန့်သွားခဲ့ပါတယ်။

ယနေ့မှာတော့ အရောင်ရွေးချယ်စရာနည်းပါးနေတဲ့ 7T မှာ မထုတ်ဖြစ်ခဲ့ပေမယ့် စမ်းသပ်ကြည့်ခဲ့တဲ့ ကာလာကွဲတွေ ရှိနေသေးတာကို OnePlus က ထုတ်ပြလာခဲ့ပါတယ်။ OnePlus ရဲ့ CEO ဖြစ်သူ Pete Lau ဟာ သူ့ရဲ့တွစ်တာကနေပြီး OnePlus 7T ကို Marble ကျောက်သားဒီဇိုင်းနဲ့ ဗားရှင်းအား အမှတ်တရ တင်ပြလာခဲ့တာပါ။

Marble ဒီဇိုင်းနဲ့ 7T အပြင် Lau ဟာ OnePlus 6 ရဲ့ မထုတ်ဖြစ်ခဲ့တဲ့ ဗားရှင်းသုံးမျိုးကိုလည်း ပြသခဲ့ပါသေးတယ်။ အဲ့ဒီထဲက တစ်ခုက အပြာနဲ့အဖြူ Gradient ရောင်ပြေးဖြစ်ပြီး နောက်တစ်ခုက Silk White ကာလာနဲ့မတူတဲ့ အဖြူရောင် တစ်ခုပါ။ နောက်ဆုံးတစ်ခုကတော့ Denim ဆန်ဆန် အပြာရောင်ဖြစ်ပါတယ်။

အဆိုပါပုံထဲက နောက်ထပ်ယှဉ်ပြထားတဲ့ ဖုန်းတွေကတော့ ပုံမှန် OnePlus 7T ရိုးရိုးနဲ့ OnePlus 5T Star Wars Limited Edition တို့ပါ။

OnePlus ဟာ လာမယ့်ဧပြီလ ၁၅ ရက်နေ့မှာ OnePlus 8 နဲ့ 8 Pro တို့ကို မိတ်ဆက်လာမှာ ဖြစ်ပြီး အခုလို Pete Lau က ပြသလာတဲ့အတွက် OnePlus 8 စီးရီးမှာလည်း ထွက်ရှိချိန်မှာ စိတ်ကြိုက်ရွေးချယ်ထားတဲ့ ကာလာအနည်းငယ်သာ ပါဝင်လာနိုင်ပါတယ်။

Ref – GSM Arena