[Zawgyi]







Updated
အဆိုပါ Instagram Stories လေးက OnePlus 6T ရဲ့ ကြော်ငြာပါတဲ့ ခင်ဗျာ

Ref: GsmArena

[Unicode]

နောင်လာတော့မယ့် အချိန်တွေအတွက် စမတ်ဖုန်းတွေ သွားနေတဲ့လမ်းက တစ်လမ်းတည်းပဲ ရှိပါတယ်။ အဲတာကတော့ တတ်နိုင်သလောက် ဘေးဘောင်လုံးဝမရှိတဲ့ Screen ပြည့် ဖုန်းတွေထုတ်ဖို့ပဲ ဖြစ်ပါလိမ့်မယ်။

အဲ့တာကြောင့်လည်း Notch တွေ Waterdrop တွေ In-Display ကင်မရာအပေါက်တွေနဲ့ တတ်နိုင်သလောက် ဘောင်တွေပျောက်အောင် အမျိုးမျိုးထွင်လာကြတာပါ။ နောက်ဆုံးကျရင်တော့ Justin Bieber ရဲ့ Boyfriend သီချင်းထဲကလို ဘောင်တွေလုံးဝမပါတော့တဲ့ Bezeless ဖုန်းမျိုး ထွက်လာတော့မယ့်အချိန် ရောက်ခါနီးပြီလို့ ထင်ပါတယ်။

အကြောင်းရင်းကတော့ ဒီနေ့ OnePlus ကနေ တင်လိုက်တဲ့ သူ့ရဲ့ Instagram Stories လေးကြောင့်ပါ။ Lenovo တုန်းကလည်း သူ့ရဲ့ Z5 ဖုန်းတွေကို ပြခဲ့တုန်းက Official ပုံတွေမှာ ပြထားတာထက် ဘောင်တွေပိုကြီးနေခဲ့တော့ ထင်တာနဲ့ နဲနဲလေးလွဲခဲ့ရပါတယ်။ ဒီတတစ်ခေါက်မှာလည်း OnePlus လည်းပဲ တူတူပဲဖြစ်နေမလား?

OnePlus ကနေ သူ့ရဲ့ OnePlus 6T အတွက် ထူးထူးဆန်းဆန်းကြော်ငြာတစ်ခု Instagram မှာ တက်လာပါတယ်။ ပုံကို မြင်လိုက်တာနဲ့ တကယ်မဟုတ်မှန်းသိသာပေမယ့် ဘာကို ကြော်ငြာချင်သလဲကတော့ စဉ်းစားစရာပါပဲ။

မြင်ရတဲ့သူတိုင်းက တပ်မက်လောက်စရာ ဖုန်းရဲ့ အပေါ်အောက်ဘောင်တွေက ပါးပါးလေးဆိုတော့ ကုမ္ပဏီရဲ့ Marketing က တော်တော်ကြမ်းနေပါပြီ။ OnePlus လို ကုမ္ပဏီကြီးက မပိုင်ဘဲနဲ့ ဒီလိုမျိုးပုံမျိုးထိ မတင်လောက်ဘူးလို့ ထင်မိတော့ ထွက်လာမလားလို့ အရမ်းမျှော်လင့်မိပါတယ်။ ဒါက ကျွန်တော်မြင်မိတဲ့အမြင်ပါ။

တစ်ဘက်က ပြန်စဉ်းစားကြည့်ရင် Lenovo လိုဖြစ်မှာလည်း စိုးရိမ်ရပါတယ်။ ဒီလိုပုံကို မြင်ပြီး  မသိဘဲ အပြေးအလွှားဝယ်လိုက်ရအောင်လည်း User တွေဆိုတာ ဂျင်းထည့်လို့မရတဲ့သူတွေမှန်း သိလောက်မှာပါ။ ဒီတော့ နောက်ထွက်မယ့်ဖုန်းပုံစံဖြစ်ပါစေလို့ပဲ အကြိမ်ကြိမ်မျှော်လင့်မိတာပါပဲ။

Updated
အဆိုပါ Instagram Stories လေးက OnePlus 6T ရဲ့ ကြော်ငြာပါတဲ့ ခင်ဗျာ

Ref: GsmArena