[Zawgyi]

OnePlus ကေတာ့ MWC မွာ သူတို႔ရဲ႕ စမတ္ဖုန္းအသစ္ေတြကို မေၾကညာခဲ့ပါဘူး။ ဒါေပမယ့္ အသစ္ထြက္ေပၚလာမယ့္ 5G စမတ္ဖုန္းအေၾကာင္းကိုေတာ့ အနည္းငယ္ လွစ္ဟျပသသြားခဲ့ပါတယ္။ OnePlus ဟာ 5G ကြန္ရက္ကို ခ်ိတ္ဆက္ၿပီး ဂိမ္းတစ္ခုကို Installation လုပ္ျပသြားခဲ့တာပါ။

Cloud မွာ Run ေနတဲ့ ဂိမ္းကို Install လုပ္ျပသြားတာဟာ ပုံမွန္ 4G ေတြထက္ပိုၿပီး ျမန္ဆန္ထိေရာက္တဲ့ စြမ္းေဆာင္ရည္ရွိေၾကာင္းကို လက္ေတြ႕ျပသႏိုင္ခဲ့ပါတယ္။ ဒီ Installation က ဟန္းဆက္နဲ႔ပတ္သက္ၿပီးေတာ့ ဘာမွေတာ့ မျပသႏိုင္ခဲ့ပါဘူး။ သိလိုက္ရတာဆိုလို႔ မ်က္ႏွာျပင္ အခ်ိဳးအစားတစ္ခုပါပဲ။

OnePlus ရဲ႕လာမယ့္ 5G စမတ္ဖုန္းဟာ ကုမၸဏီရဲ႕ ပထမဆုံး 1080p နဲ႔အထက္ မ်က္ႏွာျပင္ရွိတဲ့ ဖုန္းျဖစ္လာႏိုင္ဖြယ္ ရွိပါတယ္။ ဒါေပမယ့္ တရားဝင္ေတာ့ ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေသးတဲ့အတြက္ ဆက္ၿပီး ေစာင့္ၾကည့္ရဦးမွာပါ။ 21:9 အခ်ိဳး မ်က္ႏွာျပင္အမ်ိဳးအစားျဖစ္ေၾကာင္းကေတာ့ အလြယ္တကူသိရွိႏိုင္ခဲ့ပါတယ္။

ဒီလို ရွည္လ်ားတဲ့ မ်က္ႏွာျပင္နဲ႔ 5G စမတ္ဖုန္းရဲ႕ မ်က္ႏွာျပင္မွာ Notch အတြက္ ေနရာမေတြ႕ရသလို Punch-hole ရွိတယ္ဆိုတဲ့ အရိပ္အေယာင္လည္း မျမင္ရပါဘူး။ OnePlusက Installation သီးသန႔္သာ ျပသတဲ့အတြက္ ဒီဖုန္းရဲ႕ Bezels ေတြ ဘယ္ေလာက္ရွိမလဲ၊ Selfie ကင္မရာက ဘယ္လိုရွိမလဲဆိုတာကို မသိႏိုင္ပါဘူး။

ဘယ္လိုပဲျဖစ္ျဖစ္ OnePlus အေနနဲ႔ Sony ရဲ႕ ေျခရာကို လိုက္နင္းမယ္လို႔ ယူဆရပါတယ္။ ဒီအတိုင္းသာ ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ လာမယ့္ ဧၿပီ၊ ဒါမွမဟုတ္ ဇြန္လေလာက္မွာ သူတို႔ရဲ႕ 5G စမတ္ဖုန္းကို မိတ္ဆက္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

OnePlus ဟာ ဖင္လန္ Carrier ျဖစ္တဲ့ Elisa နဲ႔မိတ္ဖက္ျဖစ္ၿပီး သူတို႔ရဲ႕ 5G စမတ္ဖုန္းကို ျဖန႔္ခ်ိမွာ ျဖစ္ပါတယ္။ CEO Pete Lau ကေတာ့ ဒီ 5G စမတ္ဖုန္းဟာ Qualcomm ရဲ႕ Snapdragon 855 Chipset နဲ႔ X50 modem ကို အသုံးျပဳထားတယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ဒါ့အျပင္ ဒီဖုန္းကို အေမရိကန္မွာ ျဖန႔္ခ်ိသြားမွာ မဟုတ္ဘူးလို႔လည္း ထပ္မံျဖည့္စြက္ အတည္ျပဳေပးခဲ့ပါတယ္။

Ref: GSMArena

[Unicode]

MWC မှာ 21:9 မျက်နှာပြင်နဲ့ 5G ဖုန်းကို လှစ်ဟပြသသွားတဲ့ OnePlus

OnePlus ကတော့ MWC မှာ သူတို့ရဲ့ စမတ်ဖုန်းအသစ်တွေကို မကြေညာခဲ့ပါဘူး။ ဒါပေမယ့် အသစ်ထွက်ပေါ်လာမယ့် 5G စမတ်ဖုန်းအကြောင်းကိုတော့ အနည်းငယ် လှစ်ဟပြသသွားခဲ့ပါတယ်။ OnePlus ဟာ 5G ကွန်ရက်ကို ချိတ်ဆက်ပြီး ဂိမ်းတစ်ခုကို Installation လုပ်ပြသွားခဲ့တာပါ။

Cloud မှာ Run နေတဲ့ ဂိမ်းကို Install လုပ်ပြသွားတာဟာ ပုံမှန် 4G တွေထက်ပိုပြီး မြန်ဆန်ထိရောက်တဲ့ စွမ်းဆောင်ရည်ရှိကြောင်းကို လက်တွေ့ပြသနိုင်ခဲ့ပါတယ်။ ဒီ Installation က ဟန်းဆက်နဲ့ပတ်သက်ပြီးတော့ ဘာမှတော့ မပြသနိုင်ခဲ့ပါဘူး။ သိလိုက်ရတာဆိုလို့ မျက်နှာပြင် အချိုးအစားတစ်ခုပါပဲ။

OnePlus ရဲ့လာမယ့် 5G စမတ်ဖုန်းဟာ ကုမ္ပဏီရဲ့ ပထမဆုံး 1080p နဲ့အထက် မျက်နှာပြင်ရှိတဲ့ ဖုန်းဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ ဒါပေမယ့် တရားဝင်တော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးတဲ့အတွက် ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။ 21:9 အချိုး မျက်နှာပြင်အမျိုးအစားဖြစ်ကြောင်းကတော့ အလွယ်တကူသိရှိနိုင်ခဲ့ပါတယ်။

ဒီလို ရှည်လျားတဲ့ မျက်နှာပြင်နဲ့ 5G စမတ်ဖုန်းရဲ့ မျက်နှာပြင်မှာ Notch အတွက် နေရာမတွေ့ရသလို Punch-hole ရှိတယ်ဆိုတဲ့ အရိပ်အယောင်လည်း မမြင်ရပါဘူး။ OnePlusက Installation သီးသန့်သာ ပြသတဲ့အတွက် ဒီဖုန်းရဲ့ Bezels တွေ ဘယ်လောက်ရှိမလဲ၊ Selfie ကင်မရာက ဘယ်လိုရှိမလဲဆိုတာကို မသိနိုင်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် OnePlus အနေနဲ့ Sony ရဲ့ ခြေရာကို လိုက်နင်းမယ်လို့ ယူဆရပါတယ်။ ဒီအတိုင်းသာ ဖြစ်ခဲ့မယ်ဆိုရင်တော့ လာမယ့် ဧပြီ၊ ဒါမှမဟုတ် ဇွန်လလောက်မှာ သူတို့ရဲ့ 5G စမတ်ဖုန်းကို မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။

OnePlus ဟာ ဖင်လန် Carrier ဖြစ်တဲ့ Elisa နဲ့မိတ်ဖက်ဖြစ်ပြီး သူတို့ရဲ့ 5G စမတ်ဖုန်းကို ဖြန့်ချိမှာ ဖြစ်ပါတယ်။ CEO Pete Lau ကတော့ ဒီ 5G စမတ်ဖုန်းဟာ Qualcomm ရဲ့ Snapdragon 855 Chipset နဲ့ X50 modem ကို အသုံးပြုထားတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် ဒီဖုန်းကို အမေရိကန်မှာ ဖြန့်ချိသွားမှာ မဟုတ်ဘူးလို့လည်း ထပ်မံဖြည့်စွက် အတည်ပြုပေးခဲ့ပါတယ်။

Ref: GSMArena