Bloatware ဟာ Android ရဲ့ Custom skin အတော်များများမှာ ဖြစ် လေ့ဖြစ်ထရှိပါတယ်။ ဒါပေမယ့် OnePlus ကတော့ get-go ရဲ့ အသုံးပြုသူအတွေ့အကြုံရှုပ်ထွေးစေမှုကို အမြဲလို ရှောင်ရှားနေခဲ့ပါတယ်။ ကုမ္ပဏီဟာ ပြန်ဖယ်ထုတ်လို့မရတဲ့ Pre-Install တစ်ဒါဇင်လောက်မရှိဘဲ ရှင်းလင်းနေတဲ့ UI ကို အမြဲအမွှမ်းတင်နေခဲ့တာပါ။

ဒါပေမယ့် တရုတ်အခြေစိုက်ကုမ္ပဏီဟာ သူတို့ရဲ့ အစဉ်အလာကို ပြောင်းလဲတော့မယ့် အရိပ်အယောင်တွေ ပြသနေပါပြီ။ အကြောင်းက OnePlus ဟာ သူ့ရဲ့ စမတ်ဖုန်းသစ်တွေမှာ ပြန်ဖယ်ထုတ်လို့မရတဲ့ Facebook app ကို ကြိုတင်ပြီး ထည့်သွင်းပေးထားမယ်လို့ သတင်းထွက်ပေါ်လာလို့ ဖြစ်ပါတယ်။

OnePlus 8 စီးရီးဟာ ကုမ္ပဏီရဲ့ Facebook app ကြိုတင်ထည့်သွင်းထားတဲ့ ပထမဆုံး Lineup ဖြစ်ခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး Android Police ကလည်း OnePlus ကို ဆက်သွယ်မေးမြန်းခဲ့တဲ့အခါ Facebook App installer, Facebook Services နဲ့ Facebook App Manager တို့ကို System apps တွေရဲ့ အစိတ်အပိုင်းအဖြစ် ထည့်သွင်းမယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။

စမတ်ဖုန်း ပိုင်ရှင်အနေနဲ့ မလိုအပ်လို့ မသုံးချင်ဘူးဆိုရင်တော့ Uninstall ပြုလုပ်နိုင်မှာမဟုတ်ဘဲ App Installer တွေဟာ System ထဲမှာ ကျန်ရှိနေမှာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ မြောက်အမေရိက၊ အိန္ဒိယနဲ့ ဥရောပဈေးကွက်တွေအတွက် အနာဂတ်ကို ကြိုတင်ခန့်မှန်းပြီး အစီအစဉ်တွေချမှတ်နေတယ်လို့ သိရပါတယ်။

Ref: Gizmochina