Zawgyi

OnePlus ကေန စမတ္ဖုန္းေစ်းကြက္အျပင္ TV ေစ်းကြက္ကိုပါ ဝင္ေရာက္မယ့္အစီအစဥ္ကို ျပီးခဲ့တဲ့ႏွစ္ထဲက ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ OnePlus ကေန ဒီ OnePlus TV ကုိလာမယ့္ စက္တင္ဘာလမွာ တရားဝင္မိတ္ဆက္သြားမယ္ဆုိတာကို အတည္ျပဳေပးလုိက္ပါျပီ။

အခုသတင္းကို ကုမၸဏီရဲ႕ Founder နဲ႔ CEO ျဖစ္တဲ့ Pete Lau ကေန OnePlus Forum မွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ အခုေဖာ္ျပခ်က္အရ OnePlus TV ဟာ India မွာ အေစာဆံုးရရွိမယ္လုိ႔လည္း သိရွိရပါတယ္။

Pete Lau ကေတာ့ အခုလုိမ်ိဳး Consumer ေတြရဲ႕ User Experience ကိုု အဓိကထားမယ့္ OnePlus TV ကို ျပဳလုပ္ဖုိ႔က အခက္အခဲေတြအမ်ားၾကီးၾကံဳေတြြ႕ခဲရျပီးေတာ့ မိတ္ဆက္ျပီးခဲ့တဲ့အခ်ိန္မွာလည္း ဘာေတြေမွ်ာ္လင့္ႏုိင္မလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

India မွာ အရင္ဆံုးမိတ္ဆက္ရတာက OnePlus အေနနဲ႔ ႏုိင္ငံတြင္း Content Provider ေတြနဲ႔ ဆက္ဆံေရးေကာင္းမြန္တဲ့အျပင္ ႏုိင္ငံေတြအမ်ားၾကီးထက္ စစျခင္းကို ႏုိင္ငံတစ္ခုအေပၚမွာပဲ Content Quality ေကာင္းေကာင္းတင္ဆက္ႏုိင္ေအာင္ ရည္ရြယ္တာျဖစ္တယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ India ႏုိင္ငံအျပင္ North America ၊ Europe နဲ႔ China ေစ်းကြက္ေတြကိုလည္း ေနာက္ပိုင္းမွာ မိတ္ဆက္သြားဖုိ႔ ရွိတယ္လုိ႔ သိရပါတယ္။

ဒါက Television Service အေနနဲ႔ျဖစ္ျပီးေတာ့ ပံုမွန္ TV တစ္ခုအေနနဲ႔ကေတာ့ Image နဲ႔ Sound Quality ပိုင္းမွာ ေတာ္ေတာ္ေလးကို ေကာင္းမြန္မွာျဖစ္သလုိ ကိုယ့္အိမ္ခန္းအတြင္းမွာ လွပတဲ့ Design တစ္ခုရွိမယ္လုိ႔လည္း Pete Lau က ေျပာၾကားခဲ့ပါေသးတယ္။ ဒါ့အျပင္ OnePlus ထံုးစံအတိုင္း တျခားေသာ ျပိဳင္ဘက္ေတြထက္ ပိုသာလြန္တဲ့ Smart TV Experience ကိုလည္း ရရွိမယ့္အျပင္ ေစ်းႏႈန္းအရလည္း တျခား Brand ေတြထက္သက္သာမွာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ေနာက္လဆုိရင္ေတာ့ OnePlus TV အေၾကာင္းကို အေသးစိတ္သိရေတာ့မွာပါ။

Ref – GSM Arena

Unicode

OnePlus ကနေ စမတ်ဖုန်းဈေးကွက်အပြင် TV ဈေးကွက်ကိုပါ ဝင်ရောက်မယ့်အစီအစဉ်ကို ပြီးခဲ့တဲ့နှစ်ထဲက ပြောကြားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ OnePlus ကနေ ဒီ OnePlus TV ကိုလာမယ့် စက်တင်ဘာလမှာ တရားဝင်မိတ်ဆက်သွားမယ်ဆိုတာကို အတည်ပြုပေးလိုက်ပါပြီ။

အခုသတင်းကို ကုမ္ပဏီရဲ့ Founder နဲ့ CEO ဖြစ်တဲ့ Pete Lau ကနေ OnePlus Forum မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အခုဖော်ပြချက်အရ OnePlus TV ဟာ India မှာ အစောဆုံးရရှိမယ်လို့လည်း သိရှိရပါတယ်။

Pete Lau ကတော့ အခုလိုမျိုး Consumer တွေရဲ့ User Experience ကို အဓိကထားမယ့် OnePlus TV ကို ပြုလုပ်ဖို့က အခက်အခဲတွေအများကြီးကြုံတွေ့ခဲရပြီးတော့ မိတ်ဆက်ပြီးခဲ့တဲ့အချိန်မှာလည်း ဘာတွေမျှော်လင့်နိုင်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

India မှာ အရင်ဆုံးမိတ်ဆက်ရတာက OnePlus အနေနဲ့ နိုင်ငံတွင်း Content Provider တွေနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့အပြင် နိုင်ငံတွေအများကြီးထက် စစခြင်းကို နိုင်ငံတစ်ခုအပေါ်မှာပဲ Content Quality ကောင်းကောင်းတင်ဆက်နိုင်အောင် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် India နိုင်ငံအပြင် North America ၊ Europe နဲ့ China ဈေးကွက်တွေကိုလည်း နောက်ပိုင်းမှာ မိတ်ဆက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဒါက Television Service အနေနဲ့ဖြစ်ပြီးတော့ ပုံမှန် TV တစ်ခုအနေနဲ့ကတော့ Image နဲ့ Sound Quality ပိုင်းမှာ တော်တော်လေးကို ကောင်းမွန်မှာဖြစ်သလို ကိုယ့်အိမ်ခန်းအတွင်းမှာ လှပတဲ့ Design တစ်ခုရှိမယ်လို့လည်း Pete Lau က ပြောကြားခဲ့ပါသေးတယ်။ ဒါ့အပြင် OnePlus ထုံးစံအတိုင်း တခြားသော ပြိုင်ဘက်တွေထက် ပိုသာလွန်တဲ့ Smart TV Experience ကိုလည်း ရရှိမယ့်အပြင် ဈေးနှုန်းအရလည်း တခြား Brand တွေထက်သက်သာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်လဆိုရင်တော့ OnePlus TV အကြောင်းကို အသေးစိတ်သိရတော့မှာပါ။

Ref – GSM Arena