[Zawgyi]

လေပါင္းမ်ားစြာ သတင္းေတြထြက္ေနတဲ့ OnePlus ရဲ႕ TV ကို ေၾကညာလိုက္ပါၿပီ။ ေမာ္ဒယ္ ၂ မ်ိဳး ထုတ္လုပ္ေပးထားၿပီး OnePlus TV Q1 နဲ႔ OnePlus TV Q1 Pro တို႔ ျဖစ္ပါတယ္။ ေမာ္ဒယ္ ၂ မ်ိဳးစလံုးမွာ ၅၅ လက္မ QLED Display တပ္ဆင္ထားၿပီး ဒီဇိုင္းက လန္းပါတယ္။ ေနာက္ဆံုးေပၚ Trend ျဖစ္တဲ့ ေဘာင္ေပ်ာက္ ဒီဇိုင္းကို သံုးထားတဲ့အတြက္ Screen-to-body Ratio က ျမင့္မားပါတယ္။ Dolby Vision နဲ႔ HDR10+ ကို ေထာက္ပံ့တဲ့အတြက္ အသံနဲ႔ ရုပ္ထြက္ အရည္အေသြးကေတာ့ ေျပာစရာ မလိုေတာ့ပါဘူး။ OnePlus က အေရာင္ထုတ္လုပ္မႈဟာ QLED TV ေတြထဲမွာ ထိပ္တန္းအဆင့္ရွိတယ္လို႔ ေျပာပါတယ္။

Dolby Atmos ကေန ပတ္လည္ေျပး အသံကို ဖန္တီးေပးႏုိင္တဲ့ 50-watt Speaker ၈ လံုးထည့္ထားတယ္လို႔ ေျပာပါတယ္။ Q1 မွာေတာ့ ၄ လံုးသာ ပါပါတယ္။ Speaker ဒီဇိုင္းကလည္း ဆန္းသစ္ပါတယ္။ Speaker ကို TV ရဲ႕ အေနာက္ဘက္ ေအာက္နားမွာ လွ်ိဳထားၿပီး TV ပိတ္လိုက္တဲ့အခါမွာ Speaker ကို အေပၚကို ပင့္သိမ္းထားႏုိင္ပါတယ္။

ေမာ္ဒယ္ ၂ မ်ိဳးစလံုးမွာ Android TV OS ေမာင္းႏွင္ထားၿပီး OnePlus Smartphone နဲ႔ လြယ္ကူစြာ ခ်ိတ္ဆက္ႏုိင္ပါတယ္။ Google Assistant နဲ႔ Alexa တို႔ ပါတဲ့ အတြက္ အသံအမိန္႔ေတြနဲ႔ ခိုင္းေစႏုိင္ပါတယ္။ ဒီဇိုင္းလန္းတဲ့ Remote ၁ ခု ထည့္ေပးထားပါတယ္။ OnePlus Connect Phone App ကေနလည္း TV ကို ထိန္းခ်ဳပ္ႏိုင္တဲ့ အျပင္ အရမ္းမိုက္တဲ့ လုပ္ေဆာင္ခ်က္ေတြ ပါပါတယ္။

Q1 ကို ရူပီး ၆၉,၉၀၀ နဲ႔ Q1 Pro ကို ရူပီး ၉၉,၉၀၀ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၁၅ သိန္းနဲ႔ ၂၁ သိန္းေလာက္ ရွိပါတယ္။

Ref : gizmochina

[Unicode]

OnePlus TV Q1 နဲ့ OnePlus TV Q1 Pro တို့ကို ကြေညာပြီ

လပေါင်းများစွာ သတင်းတွေထွက်နေတဲ့ OnePlus ရဲ့ TV ကို ကြေညာလိုက်ပါပြီ။ မော်ဒယ် ၂ မျိုး ထုတ်လုပ်ပေးထားပြီး OnePlus TV Q1 နဲ့ OnePlus TV Q1 Pro တို့ ဖြစ်ပါတယ်။ မော်ဒယ် ၂ မျိုးစလုံးမှာ ၅၅ လက်မ QLED Display တပ်ဆင်ထားပြီး ဒီဇိုင်းက လန်းပါတယ်။ နောက်ဆုံးပေါ် Trend ဖြစ်တဲ့ ဘောင်ပျောက် ဒီဇိုင်းကို သုံးထားတဲ့အတွက် Screen-to-body Ratio က မြင့်မားပါတယ်။ Dolby Vision နဲ့ HDR10+ ကို ထောက်ပံ့တဲ့အတွက် အသံနဲ့ ရုပ်ထွက် အရည်အသွေးကတော့ ပြောစရာ မလိုတော့ပါဘူး။ OnePlus က အရောင်ထုတ်လုပ်မှုဟာ QLED TV တွေထဲမှာ ထိပ်တန်းအဆင့်ရှိတယ်လို့ ပြောပါတယ်။

Dolby Atmos ကနေ ပတ်လည်ပြေး အသံကို ဖန်တီးပေးနိုင်တဲ့ 50-watt Speaker ၈ လုံးထည့်ထားတယ်လို့ ပြောပါတယ်။ Q1 မှာတော့ ၄ လုံးသာ ပါပါတယ်။ Speaker ဒီဇိုင်းကလည်း ဆန်းသစ်ပါတယ်။ Speaker ကို TV ရဲ့ အနောက်ဘက် အောက်နားမှာ လျှိုထားပြီး TV ပိတ်လိုက်တဲ့အခါမှာ Speaker ကို အပေါ်ကို ပင့်သိမ်းထားနိုင်ပါတယ်။

မော်ဒယ် ၂ မျိုးစလုံးမှာ Android TV OS မောင်းနှင်ထားပြီး OnePlus Smartphone နဲ့ လွယ်ကူစွာ ချိတ်ဆက်နိုင်ပါတယ်။ Google Assistant နဲ့ Alexa တို့ ပါတဲ့ အတွက် အသံအမိန့်တွေနဲ့ ခိုင်းစေနိုင်ပါတယ်။ ဒီဇိုင်းလန်းတဲ့ Remote ၁ ခု ထည့်ပေးထားပါတယ်။ OnePlus Connect Phone App ကနေလည်း TV ကို ထိန်းချုပ်နိုင်တဲ့ အပြင် အရမ်းမိုက်တဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။

Q1 ကို ရူပီး ၆၉,၉၀၀ နဲ့ Q1 Pro ကို ရူပီး ၉၉,၉၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၅ သိန်းနဲ့ ၂၁ သိန်းလောက် ရှိပါတယ်။

Ref : gizmochina