Zawgyi

OnePlus ကေန ကုမၸဏီအတြက္ ပထမဆုံး Smart TV ျဖစ္လာမယ့္ OnePlus TV ကို လာမယ့္ စက္တင္ဘာလမွာ မိတ္ဆက္သြားေတ့ာမွာပါ။ OnePlus ရဲ႕ ေျပာၾကားခ်က္အရ OnePlus TV ကို မိတ္ဆက္ႏိုင္ဖို႔အတြက္ ႏွစ္ေတြအမ်ားႀကီး Development လုပ္ခဲ့တာျဖစ္ၿပီးေတာ့ အခုအခ်ိန္မွာ OnePlus CEO ျဖစ္တဲ့ Pete Lau ကေန OnePlus TV နဲ႔ ပတ္သတ္တဲ့သတင္းတစ္ခုကို ထပ္မံေျပာၾကားခဲ့ပါတယ္။

ဒါကေတာ့ OnePlus ရဲ႕ CEO Pete Lau ကေန OnePlus TV ဟာ Google ရဲ႕ Android TV OS ကို အသုံးျပဳထားၿပီးေတာ့ အနည္းဆုံး Software Update ကို ၃ ႏွစ္ဆက္တိုက္ရရွိမယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ Android TV OS ကို Sony နဲ႔ တျခားေသာ TV ထုတ္လုပ္သူေတြက အသုံးျပဳေနတယ္ဆိုေပမယ့္ အခုလိုမ်ိဳး Update ရရွိမယ့္အခ်ိန္ကို ကတိေပးတာက OnePlus က ပထမဆုံးျဖစ္လာတယ္လို႔ေတာင္ ေျပာရမွာပါ။

OnePlus ဟာ စမတ္ဖုန္းေတြမွာေတာ့ Android OS Update ျမန္ဆန္တဲ့ စမတ္ဖုန္းေတြအျဖစ္လူသိမ်ားၿပီးေတာ့ Google Pixel နဲ႔ Android One ဖုန္းေတြၿပီးရင္ အေစာဆုံး Major Update ရရွိတဲ့ စမတ္ဖုန္းေတြလည္းျဖစ္ပါတယ္။ ဒ့ါအျပင္ Android 10 Update ကိုလည္း Google Pixel ဖုန္းေတြနဲ႔ အၿပိဳင္ တစ္ရက္ထဲ Update လုပ္ေပးဖို႔ ေဆာင္႐ြက္ေနတယ္ဆိုေတာ့ ဒီလို ကတိေပးတာက ျဖစ္ႏိုင္တယ္လို႔ ေျပာလို႔ရပါတယ္။

OnePlus TV ဟာ လက္ရွိထြက္ရွိထားတဲ့သတင္းေတြအရေတာ့ 55″ QLED Display ကို အသုံးျပဳလာမွာျဖစ္ၿပီး MediaTek MT5670 Chipset ၊ RAM 3GB နဲ႔ Android 9 Pie ကို အသုံးျပဳလာမွာျဖစ္ၿပီး တကယ့္ Fast & Smooth User Experience ကို ေပးႏိုင္မယ္လို႔ သိရပါတယ္။

Ref – GSM Arena

Unicode

OnePlus ကနေ ကုမ္ပဏီအတွက် ပထမဆုံး Smart TV ဖြစ်လာမယ့် OnePlus TV ကို လာမယ့် စက်တင်ဘာလမှာ မိတ်ဆက်သွားတေ့ာမှာပါ။ OnePlus ရဲ့ ပြောကြားချက်အရ OnePlus TV ကို မိတ်ဆက်နိုင်ဖို့အတွက် နှစ်တွေအများကြီး Development လုပ်ခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာ OnePlus CEO ဖြစ်တဲ့ Pete Lau ကနေ OnePlus TV နဲ့ ပတ်သတ်တဲ့သတင်းတစ်ခုကို ထပ်မံပြောကြားခဲ့ပါတယ်။

ဒါကတော့ OnePlus ရဲ့ CEO Pete Lau ကနေ OnePlus TV ဟာ Google ရဲ့ Android TV OS ကို အသုံးပြုထားပြီးတော့ အနည်းဆုံး Software Update ကို ၃ နှစ်ဆက်တိုက်ရရှိမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Android TV OS ကို Sony နဲ့ တခြားသော TV ထုတ်လုပ်သူတွေက အသုံးပြုနေတယ်ဆိုပေမယ့် အခုလိုမျိုး Update ရရှိမယ့်အချိန်ကို ကတိပေးတာက OnePlus က ပထမဆုံးဖြစ်လာတယ်လို့တောင် ပြောရမှာပါ။

OnePlus ဟာ စမတ်ဖုန်းတွေမှာတော့ Android OS Update မြန်ဆန်တဲ့ စမတ်ဖုန်းတွေအဖြစ်လူသိများပြီးတော့ Google Pixel နဲ့ Android One ဖုန်းတွေပြီးရင် အစောဆုံး Major Update ရရှိတဲ့ စမတ်ဖုန်းတွေလည်းဖြစ်ပါတယ်။ ဒ့ါအပြင် Android 10 Update ကိုလည်း Google Pixel ဖုန်းတွေနဲ့ အပြိုင် တစ်ရက်ထဲ Update လုပ်ပေးဖို့ ဆောင်ရွက်နေတယ်ဆိုတော့ ဒီလို ကတိပေးတာက ဖြစ်နိုင်တယ်လို့ ပြောလို့ရပါတယ်။

OnePlus TV ဟာ လက်ရှိထွက်ရှိထားတဲ့သတင်းတွေအရတော့ 55″ QLED Display ကို အသုံးပြုလာမှာဖြစ်ပြီး MediaTek MT5670 Chipset ၊ RAM 3GB နဲ့ Android 9 Pie ကို အသုံးပြုလာမှာဖြစ်ပြီး တကယ့် Fast & Smooth User Experience ကို ပေးနိုင်မယ်လို့ သိရပါတယ်။

Ref – GSM Arena