OnePlus က ဧပြီလမှာ ၄၃ လက်မ မျက်နှာပြင် ပါတဲ့ OnePlus TV Y Series Y1S Pro ကို ရောင်းချခဲ့ပြီး အခုတော့ OnePlus TV Y Series 50 Y1S Pro ရဲ့ Promo Page တွေကို Amazon နဲ့ OnePlus Website တွေမှာ တင်ထားပြီ ဖြစ်တဲ့အတွက် မကြာခင်မှာ ၅၀ လက်မ မော်ဒယ်ကို ကြေညာတော့မှာပါ။

OnePlus TV Y Series 50 Y1S Pro will offer seamless connectivity with other OnePlus devices

OnePlus TV Y Series 50 Y1S Pro ရဲ့ ဒီဇိုင်းဟာ ၄၃ လက်မ မော်ဒယ်နဲ့ တူညီပြီး 10-bit Color Depth ပါတဲ့ 4K မျက်နှာပြင် ပါလာမှာပါ။ MEMC နည်းပညာနဲ့ HDR10 Decoding ထည့်သွင်းထားမှာ ဖြစ်ပြီး Dolby Audio Support ပါတဲ့ 24W စပီကာတွေ ပါလာမှာပါ။

OnePlus TV Y Series 50 Y1S Pro's launch teased with 4K screen and Dolby Audio

၅၀ လက်မ Y1S Pro မှာ တခြား OnePlus Device တွေနဲ့လွယ်ကူလျှင်မြန်စွာ ချိတ်ဆက်နိုင်မှာ ဖြစ်ပြီး TV ရဲ့ အသံကို OnePlus Watch ရဲ့ Smart Volume Control ကို သုံးကာ ချိန်ညှိနိုင်မှာပါ။ ဒါ့အပြင် TV မှာ Sleep Detection ပါတဲ့အတွက် သင် အိပ်ပျော်သွားတဲ့အခါမှာ TV က အလိုလို Sleep ဖြစ်သွားမှာပါ။

OnePlus မျှဝေထားတဲ့ ဓါတ်ပုံတွေမှာ ၅၀ လက်မ Y1S Pro မှာ 8GB Storage ပါလာမယ်လို့ ဖော်ပြထားတဲ့အတွက် ၄၃ လက်မ မော်ဒယ်နဲ့တူညီမှာပါ။ OnePlus က OnePlus TV Y Series 50 Y1S Pro ကို ကြေညာမယ့် နေ့ကို မပြောသေးပါဘူး။

Ref : gsmarena