OnePlus ဟာ စမတ်ဖုန်းတွေအပြင် Bullet Earbuds တွေကို မိတ်ဆက်ခဲ့ဖူးပေမယ့် အခုအချိန်အထိ မိတ်ဆက်ထားတဲ့ Earbuds တွေဟာ True Wireless (TWS) Earbuds မဟုတ်ဘဲ Neckband အမျိုးအစားတွေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ OnePlus 8 Series ဖုန်းတွေမိတ်ဆက်တုန်းကလည်း Bullet Wireless Z ဆိုပြီး Neckband Earbuds အသစ်ကို မိတ်ဆက်ခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ OnePlus ကနေ True Wireless Earbuds အသစ်ကို မိတ်ဆက်တော့မှာဖြစ်ပြီး ပုံစံအပြင် နာမည်ပါ ပေါက်ကြားလာခဲ့ပါပြီ။ အဆိုပါသတင်းကိုတော့ Leaker နဲ့ Graphic Designer တစ်ဦးဖြစ်တဲ့ Max J ကနေ ဖော်ပြခဲ့တာဖြစ်ပြီး OnePlus TWS Earbuds ဟာ “OnePlus Buds” လို့ပဲ နာမည်ပေးသွားမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် OnePlus ကနေ ယခင်ထဲက Earbuds တွေကို နာမည်ပေးနေကြ Bullet Branding ကို ယခု OnePlus Buds နဲ့အတူ ဖြုတ်ချလိုက်တာဖြစ်ပြီး တခြားသော TWS Earbuds တွေလိုမျိုး နာမည်အဆန်းပေးတာမျိုး မရှိတဲ့ပုံစံပါပဲ။

Design ပိုင်းအနေနဲ့တော့ AirPods နဲ့ တူညီတဲ့ Design ပြုလုပ်ထားပြီးတော့ AirPods တွေလိုမျိုးပဲ Silicon Tips ပါဝင်လာဖွယ်မရှိပါဘူး။ Charging Case အနေနဲ့ကတော့ ဘဲဥပုံစံပြုလုပ်ထားပြီး Google Pixel Buds Charging Case နဲ့တောင် ဆင်တူနေပါတယ်။ အဆိုပါ Charging Case ရဲ့ အရှေ့မှာ Indicator LED Light ပါဝင်မှာဖြစ်ပြီး OnePlus ကနေ ထုတ်လုပ်တာဖြစ်တဲ့အတွက် Fast Charging အပြင် Wireless Charging ပါ ပါဝင်လာနိုင်ခြေများနေပါတယ်။

ဘာပဲဖြစ်ဖြစ် ယခု OnePlus Buds နဲ့ပတ်သက်ပြီး ပါဝင်လာနိုင်တဲ့ Feature တွေအပြင် စျေးနှုန်းကိုလည်း သေချာမသိရှိရသေးတဲ့အတွက် မိတ်ဆက်ဖို့က ခန့်မှန်းခြေ ဇူလိုင်လလောက်မှမိတ်ဆက်လာမယ်လို့ သိရပါတယ်။

Ref – Gizmo China