OnePlus က Nord Series ဖုန်း အသစ် ဖြစ်တဲ့ Nord 2T ကို ကြေညာလိုက်ပါတယ်။ MediaTek ရဲ့ Dimensity 1300 Chipset အသစ်ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပြီး 120Hz မျက်နှာပြင်နဲ့ 80W Fast Charging ကို ထောက်ပံ့ပါတယ်။

MediaTek 1300 chipset

Nord 2T ဟာ Nord 2 ထက် Chipset ၊ ဆဲလ်ဖီး ကင်မရာနဲ့ အားသွင်းနှုန်း အပိုင်းတွေမှာ ပိုကောင်းလာပါတယ်။ Chipset ကို TSMC ရဲ့ 6nm Process နဲ့ တည်ဆောက်ထားပြီး 3GHz  Arm-Cortex A78 Core ၁ လုံး၊ 2.6GHz A78s Core ၃ လုံးနဲ့ 2GHz A55s Core ၄ လုံး ပါပါတယ်။ Arm Mali-G77 MC9 GPU ထည့်သွင်းထားပါတယ်။

OnePlus unveils Nord 2T with Dimensity 1300 and 80W charging

၆.၄၃ လက်မ AMOLED FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ 32MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Sony IMX 766 Main , 8MP Ultrawide နဲ့ 2MP Monochrome ကင်မရာ ၃ လုံး ပါလာပါတယ်။ Android 12 အခြေပြု OxygenOS 12.1 မောင်းနှင်ထားပြီး 80W SuperVOOC Charging ပါတဲ့ 4,500mAh ဘက်ထရီ ထည့်ထားပါတယ်။

OnePlus Nord 2T အတွက် Jade Fog နဲ့ Gray Shadow အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB Version ကို ၃၉၉ ယူရိုနဲ့ 12/256GB Version ကို ၄၉၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၇၈၀,၀၀၀ နဲ့ ၉၇၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာပါ။ မေလ ၂၄ ရက်နေ့ စတင် ရောင်းချမှာပါ။

Ref : gsmarena