၂၀၁၉ မတိုင်မီကတည်းက ကြိုးမဲ့အားသွင်းယဉ်ကျေးမှုက အတော်လေးကို ခိုင်ခိုင်မာမာ ဖြစ်နေခဲ့ပါပြီ။ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတိုင်းလိုလို သူတို့ရဲ့ထုတ်ကုန်တွေမှာ ကြိုးမဲ့အားသွင်းစနစ် ထောက်ပံ့နိုင်ဖို့ မဖြစ်မနေ ထည့်သွင်းစဉ်းစားလာကြရပြီ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်ရဲ့ဧပြီလဒုတိယပတ်မှာတော့ OnePlus ကြိုးမဲ့အားသွင်းစက်အကြောင်း သတင်းတစ်ခုထွက်လာပါတယ်။ Warp Charge 30 Wireless အမည်နဲ့ ကြိုးမဲ့အားသွင်းနည်းပညာသုံး ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ Render တွေလည်း ပေါက်ကြားထွက်ပေါ်လာတာဖြစ်တဲ့အတွက် OnePlus ထုတ်ကုန်ရဲ့ ပုံစံကိုလည်း မြင်တွေ့နိုင်ပါတယ်။

OnePlus Warp Charge 30 Wireless ဟာ Phone Stand ပုံစံ ဒေါင်လိုက်ဒီဇိုင်းဖြစ်ပါတယ်။ အဖြူရောင်ကိုယ်ထည်ဖြစ်ပြီး အစွန်းပတ်လည်မှာတော့ Silver plate နဲ့ အနားသတ်ကွပ်ပေးထားတာပါ။ အောက်ခြေက LED ကလည်း ပါဝါဖွင့်ထားချိန်ကို သိအောင်ပြသပေးမှာ ဖြစ်ပါတယ်။

ဒီကြိုးမဲ့အားသွင်းစက်ရဲ့ နောက်ဘက်မှာ အပူပျံ့နှံ့ပျောက်ကွယ်သွားအောင် ဆန်ခါကွက်ပုံစံပြုလုပ်ထားသလို၊ Built-in fan လည်း ပါဝင်ဖွယ်ရှိပါတယ်။ အားသွင်းစက်ရဲ့နောက်မှာတော့ ကေဘယ်ကြိုးတစ်ချောင်းပါဝင်နေပါတယ်။ OnePlus Warp Charge 30 Wireless ဟာ OnePlus 8 Pro ကို မိနစ် ၃၀ အတွင်း ၁% ကနေ ၅၀% အထိ အားသွင်းပေးနိုင်တယ်လို့ သိရပါတယ်။

အမြင်ဆုံး Output ပမာဏဟာ 30W အထိရှိပေမယ့်လည်း Qi standard ထောက်ပံ့တဲ့အခြား Device တွေကို အားသွင်းနိုင်ခြင်းမရှိဘူးလို့တော့ သိရပါတယ်။ ဈေးနှုန်းနဲ့ပတ်သက်တဲ့ အချက်လက်မရှိပေမယ့် ဒေါ်လာ ၅၀ အောက် (မြန်မာငွေ ၇ သောင်းဝန်းကျင်) လို့ ခန့်မှန်းရပါတယ်။

Ref: Gizmochina