ဒီနှစ်ကုန်မှာ ဖြန့်ချိမယ့် Cyberpunk 2077 ဗီဒီယို ဂိမ်းကို အရောင်းမြှင့်တင်တဲ့အနေနဲ့ OnePlus က မကြာခင်ကပဲ 8T Cyberpunk 2077 Edition ကို ကြေညာခဲ့ပါတယ်။ အခုတော့ နာမည်ကျော် Leaker ၁ ယောက်ဖြစ်တဲ့ Digital Chat Station က OnePlus ဟာ Watch Cyberpunk 2077 Edition ကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းပေးလိုက်ပါတယ်။ OnePlus ဟာ Watch ရိုးရိုး မော်ဒယ်ကိုတောင် မကြေညာရသေးပါဘူး။

OnePlus Watch Cyberpunk 2077 Edition coming, wrist strap leaks

Digital Chat Station က တရုတ် လူမှုကွန်ရက် ဝီဘိုမှာ OnePlus Watch Cyberpunk 2077 Edition ရဲ့ အနက်ရောင် လက်ပတ်ကြိုး ဓါတ်ပုံကို မျှဝေထားပါတယ်။ အနက်ရောင် လက်ပတ်ကြိုးမှာ အဝါရောင် မျဉ်းကြောင်းကိုလည်း မြင်ရပါတယ်။ လက်ပတ်ကြိုးမှာ OnePlus နဲ့ Cyberpunk စာသားတွေ ရေးထွင်းထားပေမယ့် စမတ်နာရီ ဒီဇိုင်းကို မမြင်ရသေးပါဘူး။

OnePlus Watch ရဲ့ သတင်းတွေ နောက်ဆုံးထွက်ခဲ့တာက ပြီးခဲ့တဲ့ ၁ ပတ်က ဖြစ်ပြီး OnePlus ရဲ့ ပထမဆုံး စမတ်နာရီ ကြေညာတာနောက်ကျမယ်လို့ သိခဲ့ရပါတယ်။ အရင်ကတော့ အောက်တိုဘာလကုန်မှာ ကြေညာမယ်လို့ သိခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မိတ်ဆက်ပွဲ နောက်ကျမယ်လို့ သတင်းပေါက်ကြားလာတာပါ။

OnePlus ဟာ စမတ်နာရီ ၁ လုံးကို မကြာခင် ကြေညာတော့မယ်လို့ အတည်ပြုထားပေမယ့် မိတ်ဆက်ပွဲ အချိန်အတိအကျကို မပြောသေးပါဘူး။

Ref : gsmarena