[Zawgyi]

OnePlus နဲ႔ျပဳလုပ္တဲ့ အင္တာဗ်ဴးတစ္ခုမွာ ကုမၸဏီရဲ႕ CEO Pete Lau က မၾကာခင္ကမွ ေၾကညာလိုက္တဲ့ 55-inch 4K QLED တီဗီေတြကို ဒီႏွစ္ကုန္ပိုင္းမွာ စတင္ၿပီး ထုတ္လုပ္ေတာ့မွာ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ထုတ္လုပ္မွာကေတာ့ အိႏၵိယမွာပဲ ျဖစ္ပါတယ္။

အခုလက္ရွိ အိႏၵိယေဈးကြက္ထဲက OnePlus တီဗီေတြဟာ တ႐ုတ္မွာထုတ္လုပ္တာျဖစ္ၿပီး အိႏၵိယႏိုင္ငံဆီ တင္သြင္းလာတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ထုတ္လုပ္မႈကုန္က်စရိတ္၊ သယ္ယူပို႔ေဆာင္ေရးစရိတ္၊ ပို႔ကုန္တင္သြင္းမႈ အခြန္အခ စတာေတြနဲ႔ တီဗီေတြရဲ႕ေဈးႏႈန္းဟာ ႀကီးမားေနတယ္လို႔ ဆိုရပါလိမ့္မယ္။

ဒီ 55-inch 4K QLED တီဗီဟာ Android ေမာင္းႏွင္ၿပီး Google Assistant နဲ႔ Alexa တို႔ကို ေထာက္ပံ့ေပးမယ္လို႔ သိရပါတယ္။ ဒါဟာ ကုမၸဏီအေနနဲ႔ လုံးဝကို ကြဲျပားျခားနားတဲ့ ထုတ္လုပ္မႈနယ္ပဲထဲ ဝင္ေရာက္လာတယ္လို႔ ဆိုရမွာပါ။ ဒီတီဗီဟာ ၁၂၀% NTSC အေရာင္အားလုံးအျပင္ Dolby Vision နဲ႔ HDR10+ ကို ေထာက္ပံ့ေပးမယ္လို႔လည္း သိရပါတယ္။

အကယ္၍သာ အိႏၵိယမွာပဲ ထုတ္လုပ္မယ္ဆိုရင္ေတာ့ တ႐ုတ္ကေနတင္သြင္းလာရတာထက္ ေဈးႏႈန္းပိုၿပီးခ်ိဳသာလာမွာ အမွန္ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ CEO ရဲ႕ ေျပာစကားအရ OnePlus ဟာ တန္ဖိုးနည္းတီဗီေတြ ထုတ္လုပ္သြားဦးမွာမဟုတ္ဘဲ Higher-end ေတြေပၚမွာပဲ အာ႐ုံစိုက္ေနဦးမယ္လို႔ သိရပါတယ္။

Ref: GSM Arena

[Unicode]

ဒီနှစ်ကုန်ပိုင်းရောက်ရင် 4K QLED တီဗီတွေကို အိန္ဒိယမှာ ထုတ်တော့မယ့် OnePlus

OnePlus နဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ကုမ္ပဏီရဲ့ CEO Pete Lau က မကြာခင်ကမှ ကြေညာလိုက်တဲ့ 55-inch 4K QLED တီဗီတွေကို ဒီနှစ်ကုန်ပိုင်းမှာ စတင်ပြီး ထုတ်လုပ်တော့မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ထုတ်လုပ်မှာကတော့ အိန္ဒိယမှာပဲ ဖြစ်ပါတယ်။

အခုလက်ရှိ အိန္ဒိယဈေးကွက်ထဲက OnePlus တီဗီတွေဟာ တရုတ်မှာထုတ်လုပ်တာဖြစ်ပြီး အိန္ဒိယနိုင်ငံဆီ တင်သွင်းလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ ပို့ကုန်တင်သွင်းမှု အခွန်အခ စတာတွေနဲ့ တီဗီတွေရဲ့ဈေးနှုန်းဟာ ကြီးမားနေတယ်လို့ ဆိုရပါလိမ့်မယ်။

ဒီ 55-inch 4K QLED တီဗီဟာ Android မောင်းနှင်ပြီး Google Assistant နဲ့ Alexa တို့ကို ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ ဒါဟာ ကုမ္ပဏီအနေနဲ့ လုံးဝကို ကွဲပြားခြားနားတဲ့ ထုတ်လုပ်မှုနယ်ပဲထဲ ဝင်ရောက်လာတယ်လို့ ဆိုရမှာပါ။ ဒီတီဗီဟာ ၁၂၀% NTSC အရောင်အားလုံးအပြင် Dolby Vision နဲ့ HDR10+ ကို ထောက်ပံ့ပေးမယ်လို့လည်း သိရပါတယ်။

အကယ်၍သာ အိန္ဒိယမှာပဲ ထုတ်လုပ်မယ်ဆိုရင်တော့ တရုတ်ကနေတင်သွင်းလာရတာထက် ဈေးနှုန်းပိုပြီးချိုသာလာမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် CEO ရဲ့ ပြောစကားအရ OnePlus ဟာ တန်ဖိုးနည်းတီဗီတွေ ထုတ်လုပ်သွားဦးမှာမဟုတ်ဘဲ Higher-end တွေပေါ်မှာပဲ အာရုံစိုက်နေဦးမယ်လို့ သိရပါတယ်။

Ref: GSM Arena