ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက OnePlus 8 Pro ဖုန်းမှာပါဝင်တဲ့ Color Filter Camera ဟာ ပါးလွှာတဲ့ ပလတ်စတစ်ပစ္စည်းတွေနဲ့ အဝတ်အစားအချို့ကို ဖောက်ထွင်းမြင်ရနိုင်တယ်ဆိုပြီး ရေပန်းစားသွားခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဆိုပါ ကိစ္စနဲ့ပတ်သတ်ပြီးတော့ OnePlus ကနေ Weibo စာမျက်နှာမှာ တရားဝင်ထုတ်ပြန်ချက်တစ်ခုကို ကြေညာလိုက်ပါတယ်။

အခုကြေညာချက်အရတော့ အဆိုပါ “Photochrom” အမည်ရတဲ့ Color Filter Feature ကို တစ်ပတ်အတွင်းပြန်လည်ဖယ်ရှားဖို့အတွက် Update အသစ်ကို ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုမျိုး ဖယ်ရှားရတာကလည်း Privacy ချိုးဖောက်မှုတွေဖြစ်ပေါ်မှာကို ကာကွယ်ဖို့ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

OnePlus 8 Pro ဟာ ပုံမှန် 48MP Primary Sensor ၊ Ultrawide Sensor နဲ့ Telephoto Sensor တွေအပြင် ကျန်တဲ့ Sensor တစ်ခုကို မြင်နေကြ Depth ၊ ToF နဲ့ Macro Sensor တွေအစား 5MP Color Filter Camera ကို အသုံးပြုထားတဲ့တစ်ခုထဲသော စမတ်ဖုန်းလည်းဖြစ်ပါတယ်။ OnePlus ရဲ့ ရည်ရွယ်ချက်ကတေ့ာ ဓါတ်ပုံရိုက်ကူးတဲ့အချိန်မှာ Color တွေကို မတူညီတဲ့ Filter တစ်ခုကို ပြန် Edit စရရာမလိုပဲ တခါတည်းရိုက်ကူးနိုင်အောင်ဖြစ်တယ်လို့ သိရပါတဘ်။

ဒါပေမယ့် ဒီလိုမျိုး ဖောက်ထွင်းမြင်နေရတဲ့အတွက် လောလောဆယ်မှာ အဆိုပါ “Photochrom” နဲ့ HydrogenOS အတွက် “Autumn” လိုနာမည်ပေးထားတဲ့ Color Filter Feature ကို ခတ္တပိတ်သိမ်းထားမှာဖြစ်ပါတယ်။ OnePlus ရဲ့ ပြောကြားချက်အရတော့ လာမယ့်အနာဂတ်မှာ Privacy ပြဿနာကို ဖြေရှင်းပြီးရင် ပြန်လည်ပြီး ယခု Feature ကို အသုံးပြုနိုင်အောင် ပြုလုပ်ပေးသွားဖို့ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

Ref – Gizmo China