OnePlus က Pop-up Events တွေကို ကျင်းပလေ့ရှိပြီး အများပြည်သူအားလုံးအတွက် မရောင်းချခင်မှာ ရွေးချယ်ထားတဲ့ လူအနည်းငယ်ကို မိတ်ဆက်ပွဲပြီးတာနဲ့ ချက်ချင်း ရောင်းပေးပါတယ်။ အဲဒီ Events တွေကို မြို့တချို့က အထင်ကရ ခန်းမတွေမှာ ပြုလုပ်လေ့ရှိပါတယ်။

အခုတော့ ကိုရိုနာဗိုင်းရက်စ် ကပ်ရောဂါဆိုးကြောင့် OnePlus ဟာ ဥရောပမှာ Pop-up Events ကို ရပ်နားထားပြီး   Online Pop-up Event ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ OnePlus 8 Series ကို ၁၄ ရက်နေ့မှာ ကြေညာပြီးတာနဲ့ မကြာခင်မှာပဲ ကုမ္ပဏီက ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက် အကောင့်တွေကနေ Pop-up Event မှာ ပါဝင်ရပုံနဲ့ OnePlus 8 Series ဖုန်း ဝယ်ယူရမယ့်နည်းလမ်းတွေကို ကြေညာပေးမှာ ဖြစ်ပါတယ်။ Case လို OnePlus 8 Series ရဲ့ Accessories တွေကိုလည်း Pop-up Event ကနေ ရောင်းချနိုင်ပါတယ်။

OnePlus က OnePlus 8 နဲ့ 8 Pro အပြင် ဒီနှစ်မှာ 8 Lite ကိုပါ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ စမတ်ဖုန်းတွေနဲ့အတူ Bullets Wireless Z Earbuds ကိုလည်း ၁၄ ရက်နေ့မှာ မိတ်ဆက်နိုင်ပါတယ်။ OnePlus 8 Series တွေရဲ့ ဓါတ်ပုံတွေနဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်ထားပြီးပါပြီ။ အဲဒီဖုန်းတွေမှာ Refresh Rate မြင့်မားတဲ့ မျက်နှာပြင်တွေနဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ မကြာခင်မှာ တရားဝင် သတင်းအချက်အလက်တွေကို သိလာရတော့မှာပါ။

Ref : gsmarena