Zawgyi Font Version
Unicode Version
Smartphone တွေတင်မကပဲ အံ့အားသင့်စေမယ့် အရည်အသွေးရှိတဲ့ တစ်ခြား ထုတ်ကုန်တွေထုတ်ဖို့ တွေဝေနေတဲ့ အထဲမှာ Oneplus မပါဝင်ပါဘူး။ မကောင်းတဲ့လေသံနဲ့ပြောရရင်တော့ Trend လိုက်တယ်ပေါ့။ တစ်ခြားသူတွေ TV ထုတ်သလိုလိုက်ထုတ်တယ်။ ဘာညာပေါ့။ အမှန်တော့ Oneplus က Quality ပိုင်း ဦးစားပေးတဲ့ Brand တစ်ခုပါ။ သူထုတ်သမျှ Phone တိုင်းဟာလည်း အားနည်းချက်ကြီးကြီးမားမားမပါဝင်ပဲ တစ်ခြား နာမည်ကြီး Flagship တွေရဲ့ဈေးတစ်ဝက်လောက်နဲ့ရရှိနိုင်ခဲ့ပါတယ်။ အခုတော့ TV ထုတ်တော့မှာပါ။ ကြည့်ရတာ Smartphone လောကမှာ Flagship Phone တွေ Kill ရတာအားမရလို့ Flagship TV တွေကိုပါ လိုက် Kill တော့မယ့်ပုံပါပဲ။
Oneplus ရဲ့ နောက်ထွက်မယ့် Flagship Smartphone မှာ Headphone Jack မပါတော့ဘူးဆိုတာ ကြေညာပြီးတဲ့ နောက်ရက်အနည်းငယ်အကြာမှာပဲ ဒီ အံ့အားသင့်ဖို့ကောင်းတဲ့ ကြေညာချက်ကိုထုတ်ပြန်လိုက်တာပါ။ 2019 မှာ Oneplus ကနေ အလန်းစား အကောင်းစား Flagship တန်းဝင် Smart TV တစ်လုံးထုတ်တော့မှာလို့ Oneplus ကနေ တရားဝင်သတင်းထုတ်ပြန်လိုက်တာပါ။
OnePlus တည်ထောင်သူဖြစ်တဲ့ Pete Lau က အဆိုပါအကြောင်းအရာကို OnePlus Forums ပေါ်မှာတင်ခဲ့တာဖြစ်ပြီး အကောင်းစား Flagship ဒီဇိုင်း၊ အကောင်းဆုံး ရုပ်ထွက်အရည်အသွေးနဲ့ အသံထွက်တွေကိုခံစားနိုင်မယ့် OnePlus TV ဆိုပြီး ကြေညာခဲ့ပါတယ်။ OnePlus ရဲ့ Flagship Smartphone တွေနဲ့ OxygenOS ကိုထုတ်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေဟာ OnePlus TV ပြုလုပ်ဖို့အတွက် အထောက်အကူပြုတယ်လို့သိရပါတယ်။ Oneplus TV ဟာ OnePlus သမိုင်းကြောင်းတစ်လျောက် အကြီးမားဆုံး အချိုးအကွေ့အပြောင်းအလဲတစ်ခုဖြစ်လာမှာပါ။
OnePlus TV နဲ့ ပက်သက်ပြီး တစ်ခြား အကြောင်းအရာတွေတော့ပြောကြားခဲ့ခြင်းမရှိပေမယ့် OnePlus TV မှာ Google Assistant နဲ့ Siri လိုမျိုး Voice Assistant AI တစ်ခုကိုအသုံးပြုချင်ကြောင်း Pete Lau ကပြောကြားခဲ့ပါတယ်။ အဆိုပါ Smart TV ဟာ Third Party Service တွေသုံးစရာမလိုပဲ Smartphone နဲ့ TV ကို အလွယ်တကူချိတ်ဆက်စေနိုင်ပြီး ဓာတ်ပုံနဲ့ ရုပ်ရှင်တွေကို အလွယ်တကူချိတ်ဆက်ကြည့်ရှုနိုင်မှာပါ။ အခုအချိန်မှာ OnePlus TV ကိုစတင် တီထွင်နေပြီဖြစ်ပြီး အစောပိုင်းအဆင့်ပဲရှိသေးပါတယ်။ နောက်နှစ်အလယ်လောက်မှာ မိတ်ဆက်ပြသသွားမယ်လို့သိရပါတယ်။
Ref: XDA News