Zawgyi

OnePlus ကေန ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁၀ ရက္ေန႔တုန္းက OnePlus 7T Pro နဲ႔ OnePlus 7T Pro McLearn Edition စမတ္ဖုန္းေတြကို မိတ္ဆက္သြားခဲ့ပါတယ္။ ဒါေပမယ့္ အဆိုပါ စမတ္ဖုန္းေတြထက္ စိတ္ဝင္စားဖို႔ေကာင္းတာက OnePlus ကေန တျခားေသာ OnePlus Device ေတြအတြက္ပါ Update ရရွိမယ့္အေၾကာင္းပဲျဖစ္ပါတယ္။

OnePlus ဟာ လက္ရွိအခ်ိန္မွာ Android 10 ကို အေျခခံတဲ့ OxygenOS 10 ကို လက္ရွိ Flagship ဖုန္းေတြျဖစ္တဲ့ OnePlus 7T နဲ႔ OnePlus 7 Series စမတ္ဖုန္းေတြအတြက္ ထုတ္ေပးထားၿပီး ျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ OnePlus ကေန အဆိုပါ OxygenOS 10 ကို OnePlus 5 ၊ 5T နဲ႔ OnePlus 6 ၊ 6T ဖုန္းေတြကိုပါ Update လုပ္ေပးသြားမယ္လို႔ အတည္ျပဳလိုက္ပါၿပီ။

အခုသတင္းေၾကာင့္ OnePlus 6 နဲ႔ 6T စမတ္ဖုန္းေတြက ယခုေအာက္တိုဘာလအတြင္းမွာ OxygenOS 10 ကို Update လုပ္ႏိုင္မွာျဖစ္ၿပီးေတာ့ OnePlus 5 နဲ႔ 5T ဖုန္းေတြကေတာ့ လာမယ့္ Q2 2020 မွ Update လုပ္ႏိုင္မယ္လို႔ ယူဆရပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီလိုမ်ိဳး ထြက္ရွိတာအခ်ိန္ေတာ္ေတာ္ၾကာေနၿပီျဖစ္တဲ့ဖုန္းကိုပါ Update ေပးႏိုင္တာကေတာ့ OnePlus ကို ခ်ီးက်ဴးရမွာပါ။

OnePlus ဟာ OnePlus 7 နဲ႔ 7 Pro ဖုန္းေတြအတြက္ Android 10 Update ကိုလည္း Pixel ဖုန္းေတြရရွိၿပီး ၁၇ ရက္အတြင္း Update ထုတ္ေပးႏိုင္ခဲ့တဲ့အတြက္ Android Update ပိုင္းမွာေတာ့ စိတ္ခ်ရတဲ့ Brand တစ္ခုလို႔ ေျပာရမွာပါ။

Ref – GSM Arena

Unicode

OnePlus ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့တုန်းက OnePlus 7T Pro နဲ့ OnePlus 7T Pro McLearn Edition စမတ်ဖုန်းတွေကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ စမတ်ဖုန်းတွေထက် စိတ်ဝင်စားဖို့ကောင်းတာက OnePlus ကနေ တခြားသော OnePlus Device တွေအတွက်ပါ Update ရရှိမယ့်အကြောင်းပဲဖြစ်ပါတယ်။

OnePlus ဟာ လက်ရှိအချိန်မှာ Android 10 ကို အခြေခံတဲ့ OxygenOS 10 ကို လက်ရှိ Flagship ဖုန်းတွေဖြစ်တဲ့ OnePlus 7T နဲ့ OnePlus 7 Series စမတ်ဖုန်းတွေအတွက် ထုတ်ပေးထားပြီးဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ OnePlus ကနေ အဆိုပါ OxygenOS 10 ကို OnePlus 5 ၊ 5T နဲ့ OnePlus 6 ၊ 6T ဖုန်းတွေကိုပါ Update လုပ်ပေးသွားမယ်လို့ အတည်ပြုလိုက်ပါပြီ။

အခုသတင်းကြောင့် OnePlus 6 နဲ့ 6T စမတ်ဖုန်းတွေက ယခုအောက်တိုဘာလအတွင်းမှာ OxygenOS 10 ကို Update လုပ်နိုင်မှာဖြစ်ပြီးတော့ OnePlus 5 နဲ့ 5T ဖုန်းတွေကတော့ လာမယ့် Q2 2020 မှ Update လုပ်နိုင်မယ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ထွက်ရှိတာအချိန်တော်တော်ကြာနေပြီဖြစ်တဲ့ဖုန်းကိုပါ Update ပေးနိုင်တာကတော့ OnePlus ကို ချီးကျူးရမှာပါ။

OnePlus ဟာ OnePlus 7 နဲ့ 7 Pro ဖုန်းတွေအတွက် Android 10 Update ကိုလည်း Pixel ဖုန်းတွေရရှိပြီး ၁၇ ရက်အတွင်း Update ထုတ်ပေးနိုင်ခဲ့တဲ့အတွက် Android Update ပိုင်းမှာတော့ စိတ်ချရတဲ့ Brand တစ်ခုလို့ ပြောရမှာပါ။

Ref – GSM Arena