OnePlus ဟာ သူတို့ရဲ့ Nord စမတ်ဖုန်းကို နိုင်ငံတကာစျေးကွက်သို့ အကန့်အသတ်ဖြင့်သာ မိတ်ဆက်ခဲ့တဲ့အတွက် စောင့်မျှော်နေတဲ့ ပရိသတ်တွေကို စိတ်အားလျော့စေခဲ့ပါတယ်။ ဒါပေမယ့် OnePlus ဟာ နောက်ထပ် စမတ်ဖုန်း တစ်လုံးကို နိုင်ငံတကာ စျေးကွက်သို့ အပြည့်အဝ မိတ်ဆက်လာဦးမှာ ဖြစ်ပြီး ဒီတစ်ခါတော့ ဘတ်ဂျက် စမတ်ဖုန်း တစ်လုံး ဖြစ်မယ်လို့ သိရပါတယ်။

လာမယ့် လအနည်းငယ် အတွင်း မြင်ရမယ့် OnePlus စမတ်ဖုန်းဟာ ဒေါ်လာ ၂၀၀ (မြန်မာငွေ ၂ သိန်း ၇ သောင်း) ဝန်းကျင် စျေးနှုန်းနဲ့ ထွက်လာမှာဖြစ်ပြီး လောလောဆယ် အမည်ဝှက် “Clover” လို့ ခေါ်ဝေါ်နေပါတယ်။ ဒါ့အပြင် ဒီတစ်ခါတော့ နိုင်ငံတကာ စျေးကွက်ကို အပြည့်အဝ ဖြန့်ချိလာမယ်လို့ ဆိုပါတယ်။

OnePlus “Clover” စမတ်ဖုန်းမှာ 6.52” HD+ Display ပါဝင်မှာဖြစ်ပြီး Snapdragon 460 ချစ်ပ်ဆက် သုံးစွဲလာမှာပါ။ မန်မိုရီက 4/64GB ဖြစ်ပြီး 6,000 mAh ဘက္ထရီကြီးကို 18W အားသွင်းစနစ်နဲ့ တွဲဖက်လာမယ်လို့ ဆိုပါတယ်။ နောက်ဘက်မှာ 13MP အဓိက ကင်မရာကို 2MP Sensor နှစ်ခု ဝန်းရံထားတဲ့ Triple-cam လည်း ပါဦးမှာပါ။

Android 10 အခြေခံထားတဲ့ OxygenOS 10 နဲ့ အသုံးပြုရမှာ ဖြစ်လို့ ဒီဖုန်းဟာ သူ့စျေးနှုန်းဝန်းကျင်မှာတော့ အတော်လေး ယှဉ်ပြိုင်မှု ပြင်းထန်မယ်လို့ ယူဆရပါတယ်။ 3.5mm Audio Jack နဲ့ နောက်ဘက် Fingerprint တို့ ပါဝင်မှာပါ။ လက်ရှိမှာ ထွက်ရှိရက် အတိအကျ မသိရသေးဘဲ လာမယ့် လအနည်းငယ် အတွင်း လို့သာ သိရပါသေးတယ်။

Ref – GSMArena