OnePlus ကနေ Mid Range စမတ်ဖုန်းအသစ်ဖြစ်တဲ့ OnePlus Z စမတ်ဖုန်းကို ယခုနှစ်အတွင်းမှာ မိတ်ဆက်သွားဖို့စီစဥ်ထားတာဖြစ်ပါတယ်။ OnePlus Z စမတ်ဖုန်းကို အစောပိုင်းတုန်းက OnePlus 8 Series ဖုန်းတွေနဲ့အတူမိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေထွက်နေပေမယ့် အခုနောက်ဆုံး သိရတဲ့သတင်းအရ လာမယ့် ဇူလိုင်လဝန်းကျင်ကြမှပဲ မိတ်ဆက်သွားတော့မှာပါ။

အခုလည်း နောက်ထပ် OnePlus Z နဲ့ ပတ်သက်တဲ့သတင်းတစ်ခုထပ်မံထွက်ပေါ်လာပြီးတော့ အဆိုပါသတင်းကတော့ OnePlus Z ဟာ Qualcomm Snapdragon 765 Processor ကို အသုံးပြုလာမယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ယခင်တုန်းက OnePlus Z ဟာ MediaTek Dimensity 1000L Chipset ကို အသုံးပြုထားမယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ဖူးတဲ့အတွက် အခုသတင်းက ထူးခြားနေပါတယ်။

ဖြစ်နိုင်တာကတော့ OnePlus Z အနေနဲ့ MediaTek Dimensity 1000L Chipset အစား Snapdragon 765G ကို ရွေးချယ်လိုက်တဲ့အတွက် အခုလိုမျိုး မိတ်ဆက်မယ့်အချိန်ကပါ နှောင့်နှေးသွားတယ်လို့ ယူဆရပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာတော့ Dimensity 1000L Chipset က Snapdragon 765G ထက်ပိုပြီး ကောင်းမွန်တယ်ဆိုပေမယ့် Snapdragon Chipset တွေက ပိုပြီးလူကြိုက်များနေတာပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus Z စမတ်ဖုန်းနဲ့ပတ်သက်တဲ့သတင်းအချက်အလက်အသေးစိတ်ကိုတော့ မကြာခင်မှာ ထပ်မံသိရှိလာရဖို့ များနေပါတယ်။

Ref – GSM Arena