OnePlus Z နဲ့ပတ်သက်ပြီး အရင်က ရည်ရွယ်ထားတဲ့ MediaTek Dimensity 1000L အစား Qualcomm Snapdragon 765G ချစ်ပ်ဆက်ကို အသုံးပြုလာနိုင်တယ်လို့ သတင်းထွက်ထားတာ သိပ်မကြာသေးဘဲ အခုတော့ ဒီသတင်းက မှန်ကန်နေပုံရပါတယ်။

ဇူလိုင်လထဲမှာမှ မိတ်ဆက်လာမယ့် ဒီဖုန်းဟာ Geekbench ပေါ်ကို ကုဒ်နာမည် AC2003 နဲ့ရောက်ရှိလာခဲ့ပြီး Snapdragon 765G ချစ်ပ်ဆက်နဲ့ပဲ ဖြစ်ပါတယ်။

OnePlus Z ရဲ့ ရလဒ်တွေကတော့ Single-core စမ်းသပ်မှုမှာ 612 မှတ်နဲ့ Multi-core မှာ 1,955 ရရှိခဲ့ပါတယ်။ သူ့ရဲ့ ရမှတ်တွေနဲ့ စာရင်းထဲမှာဖော်ပြထားတဲ့ အချက်အလက်တွေအရ Snapdragon 765G ချစ်ပ်ဆက်ဆိုတာ သိခဲ့ရပြီး 12GB RAM မန်မိုရီနဲ့ Android 10 OS တို့ကိုလည်း တွေ့ခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ OnePlus Z ရဲ့ ပုံစံအတိအကျကို သိခွင့်မရသေးဘဲ အလည်တည့်တည့်မှာ Punch-hole နဲ့ နောက်ဘက် Triple-camera ပါတဲ့ Render ပုံအချို့ကိုသာ တွေ့ရပါသေးတယ်။ သတင်းတွေကတော့ OnePlus ကုမ္ပဏီဟာ Refresh Rate အမြင့်အတွက် AMOLED Display ကို အသုံးပြုလာမှာဖြစ်ပြီး အနည်းဆုံး 90Hz Refresh Rate နဲ့ Display ကို မြင်ရနိုင်ပါတယ်။

Ref – GSMArena