OnePlus ကနေ ယခုနှစ်အတွက် OnePlus 8 Series စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ OnePlus 8 Series ဖုန်းတွေထဲမှာ OnePlus 8 နဲ့ OnePlus 8 Pro ဖုန်းတွေပဲပါဝင်ခဲ့ပြီးတော့ ယခင်တုန်းကသတင်းတွေထွက်ရှိထားတဲ့ OnePlus 8 Lite စမတ်ဖုန်းကတော့ ပါဝင်ခဲ့ခြင်းမရှိပါဘူး။

အခုနောက်ပိုင်း သိရတဲ့သတင်းတွေအရ OnePlus ကနေ အဆိုပါ Mid Range OnePlus ဖုန်းကို OnePlus 8 Lite အစား OnePlus Z လို့ ပြောင်းလဲခေါ်ဆိုမှာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ မိတ်မဆက်နိုင်သေးတာက လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ထုတ်လုပ်မှုပိုင်းမှာ ကြန့်ကြာနေတာကြောင့်ဖြစ်တယ်လို့ ယူဆရပါတယ်။

အခုအချိန်မှာတော့ အဆိုပါ OnePlus Z လို့ယူဆရတဲ့စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံတွေအရ လက်ရှိ OnePlus 8 Series ဖုန်းတွေထက်ပိုပြီး လေးထောင့်ဆန်တဲ့ကိုယ်ထည်အပြင် Display ရဲ့ အပေါ်ဘက်အလယ်မှာလည်း Punch-hole Selfie Camera ကိုထည့်သွင်းထားတာကိုတွေ့ရပါတယ်။

ဒါပေမယ့်လည်း ဖုန်းရဲ့ နောက်ကျောပိုင်းဓါတ်ပုံကိုတော့ တွေ့ရှိရခြင်းမရှိသေးတဲ့အတွက် ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကိုတော့ ပြောဖို့ခက်နေပါသေးတယ်။ ဖြစ်နိုင်တာကတော့ Leak တွေထွက်ရှိထားတဲ့အတိုင်းပဲ လေးထောင့်ပုံစံ Triple Camera Setup ပါဝင်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus Z စမတ်ဖုန်းဟာ MediaTek Dimensity 1000 5G Chipset ကိုအသုံးပြုထားနိုင်ပြီးတော့ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၄၀၀ ဝန်းကျင်ကနေစတင်လာမယ်လို့ ယူဆရပါတယ်။

Ref – Giz China