Zawgyi

OnePlus ရဲ႕ CEO ျဖစ္သူ Pete Lau ဟာ OnePlus 6T နဲ႔ ႐ိုက္ကူးထားတဲ့ Low-light Mode ဓာတ္ပုံ တစ္ပုံကို တ႐ုတ္ႏိုင္ငံ အေျခစိုက္ လူမႈ႕ ကြန္ရက္ဝက္ဆိုက္ တစ္ခုျဖစ္တဲ့ Weibo ကေန တစ္ဆင့္ မွ်ေဝခဲ့တာ ျဖစ္ပါတယ္။ OnePlus အေနနဲ႔ OnePlus 6T မိတ္ဆက္ပြဲကို ေအာက္တိုဘာလ ၃၀ရက္ေန႔မွာ က်င္းပဖို႔ စီစဥ္ခဲ့ေပမယ့္ Apple မိတ္ဆက္ပြဲနဲ႔ တိုက္ေနခဲ့တာေၾကာင့္ OnePlus 6T မိတ္ဆက္ပြဲကို ေအာက္တိုဘာလ ၂၉ရက္ေန႔မွာ က်င္းပဖို႔ ေျပာင္းေ႐ြ႕ခဲ့ရပါတယ္။

CEO Pete Lau တင္ခဲ့တဲ့ Low-light Mode ဓာတ္ပုံဟာဆိုရင္ Detail ေတြျပတ္သားၿပီး အေရာင္အေသြးေတြ စုံလင္ေနတာကို ေတြ႕ရမွာပါ။ ဒါေပမယ့္လည္း အဆိုပါ ဓာတ္ပုံမ်ိဴးရဖို႔အတြက္ Tripod အသုံးျပဳထားလား ဒါမွမဟုတ္ အသုံံးမျပဳဘဲ ႐ိုက္ထားတာလား ဆိုတာကိုေတာ့ အတိအက် မသိရေသးပါဘူး။

OnePlus 6T ဟာ ၿပီးခဲ့တဲ့ ေမလတုန္းက ထြက္ရွိခဲ့တဲ့ OnePlus 6 ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း ျဖစ္ၿပီး အဆင္ျမႇင္တင္မႈ မ်ားစြာနဲ႔ ပြဲထြက္လာမွာ ျဖစ္ပါတယ္။ OnePlus 6T မွာ သိသိသာသာေျပာင္းလဲလာမယ့္ အရာေတြကေတာ့ Optical In-display Fingerprint Sensor နဲ႔ Waterdrop-style Display Notch တို႔ ျဖစ္ၿပီး တျခားေသာ အဆင့္ျမႇင္တင္မႈေတြကိုေတာ့ OnePlus 6T ကို တရားဝင္ မိတ္ဆက္တဲ့ အခါက်မွပဲ ေတြ႕ရမွာပါ။

Ref: gadgets.ndtv

Unicode

OnePlus 6T နဲ့ ရိုက်ကူးထားတဲ့ Low-light Mode ဓာတ်ပုံ တစ်ပုံကို CEO Pete Lau က ထုတ်ဖော်ပြသ

OnePlus ရဲ့ CEO ဖြစ်သူ Pete Lau ဟာ OnePlus 6T နဲ့ ရိုက်ကူးထားတဲ့ Low-light Mode ဓာတ်ပုံ တစ်ပုံကို တရုတ်နိုင်ငံ အခြေစိုက် လူမှု့ ကွန်ရက်ဝက်ဆိုက် တစ်ခုဖြစ်တဲ့ Weibo ကနေ တစ်ဆင့် မျှဝေခဲ့တာ ဖြစ်ပါတယ်။ OnePlus အနေနဲ့ OnePlus 6T မိတ်ဆက်ပွဲကို အောက်တိုဘာလ ၃၀ရက်နေ့မှာ ကျင်းပဖို့ စီစဥ်ခဲ့ပေမယ့် Apple မိတ်ဆက်ပွဲနဲ့ တိုက်နေခဲ့တာကြောင့် OnePlus 6T မိတ်ဆက်ပွဲကို အောက်တိုဘာလ ၂၉ရက်နေ့မှာ ကျင်းပဖို့ ပြောင်းရွေ့ခဲ့ရပါတယ်။

CEO Pete Lau တင်ခဲ့တဲ့ Low-light Mode ဓာတ်ပုံဟာဆိုရင် Detail တွေပြတ်သားပြီး အရောင်အသွေးတွေ စုံလင်နေတာကို တွေ့ရမှာပါ။ ဒါပေမယ့်လည်း အဆိုပါ ဓာတ်ပုံမျိူးရဖို့အတွက် Tripod အသုံးပြုထားလား ဒါမှမဟုတ် အသုံံးမပြုဘဲ ရိုက်ထားတာလား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

OnePlus 6T ဟာ ပြီးခဲ့တဲ့ မေလတုန်းက ထွက်ရှိခဲ့တဲ့ OnePlus 6 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်ပြီး အဆင်မြှင်တင်မှု များစွာနဲ့ ပွဲထွက်လာမှာ ဖြစ်ပါတယ်။ OnePlus 6T မှာ သိသိသာသာပြောင်းလဲလာမယ့် အရာတွေကတော့ Optical In-display Fingerprint Sensor နဲ့ Waterdrop-style Display Notch တို့ ဖြစ်ပြီး တခြားသော အဆင့်မြှင်တင်မှုတွေကိုတော့ OnePlus 6T ကို တရားဝင် မိတ်ဆက်တဲ့ အခါကျမှပဲ တွေ့ရမှာပါ။

Ref: gadgets.ndtv