[Zawgyi]

OnePlus 7 နဲ႔ ပတ္သတ္ၿပီး ေကာလဟလသတင္းေတြနဲ႔အတူ Renders ဓာတ္ပုံ တခ်ိဴ႕ဟာ လြန္ခဲ့တဲ့ရက္ပိုင္းတုန္းက ထြက္ေပၚခဲ့ဖူးပါတယ္။ ဒီတစ္ေခါက္မွာေတာ့ ဓာတ္ပုံသာမက Renders ဗီဒီယိုပါ ထြက္ေပၚလာတာေၾကာင့္ OnePlus 7 ရဲ႕ ဒီဇိုင္းနဲ႔ Specs တခ်ိဴ႕ကိုပါ ခန္႔မွန္းသုံးသပ္လို႔ ရၿပီ ျဖစ္ပါတယ္။

Renders ဗီဒီယိုဟာ OnLeaks နဲ႔ Pricebaba တို႔ကေန တစ္ဆင့္ ထြက္ေပၚလာတာျဖစ္ၿပီး OnePlus 7 ရဲ႕ ျဖစ္ႏိုင္ေခ် အရွိဆုံး ဒီဇိုင္း ကာလာ အေနအထားေတြကို ေဖာ္ျပထားပါတယ္။ Hand On ဗီဒီယို မဟုတ္ဘဲ Renders ဗီဒီယို အမ်ိဴးအစားသာ ျဖစ္တဲ့အတြက္ အဆိုပါ ပုံစံအတိုင္း ထြက္ရွိလာမယ္လို႔ ဧကန္ မုခ်ေျပာလို႔ မရေသးေပမယ့္ အနီးစပ္ဆုံး ပုံစံလို႔ေတာ့ ယူဆလို႔ ရပါတယ္။

ဗီဒီယိုထဲမွာ ပါတဲ့ OnePlus 7 ရဲ႕ ဒီဇိုင္းဟာ OnePlus 6 Series ေတြရဲ႕ ဒီဇိုင္းနဲ႔ သိပ္မကြာေပမယ့္ Chin နဲ႔ Bezels ေတြမွာေတာ့ ေတာ္ေတာ္ေလး ေသးငယ္သြားတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ Selfie Camera အတြက္ Notch ကို ျဖဳတ္ခ်လိုက္ၿပီး မၾကာေသးခင္က မိတ္ဆက္သြားတဲ့ Vivo V15 Pro လိုမ်ိဴး Pop-up Selfie Camera ကို အစားထိုး အသုံးျပဳလာတာလည္း ေတြ႕ရပါေသးတယ္။ ေနာက္ေက်ာဘက္မွာေတာ့ OnePlus 6 Series မွာ တပ္ဆင္ခဲ့တဲ့ Dual Camera Setup မဟုတ္ေတာ့ဘဲ Triple Camera Setup ကို ေဒါင္လိုက္ တပ္ဆင္ထားမွာပါ။

ေအာက္ေျခမွာ USB Type-C ကို အသုံးျပဳထား ေတြ႕ရၿပီး Headphone Jack ပါဝင္တာ မေတြ႕ရပါဘူး။ ၾကားသိထားရတဲ့ သတင္းေတြအရဆိုရင္ OnePlus 7 ရဲ႕ Display အပိုင္းအတြက္ ၆.၅လက္မ OLED Display ကို အသုံးျပဳထားႏိုင္ပါတယ္။ ဒါ့အျပင္ OnePlus 7 မွာ Stereo Speaker အစား Mono Speaker ကိုပဲ ဆက္လက္ တပ္ဆင္ထားမယ္လို႔ ခန္႔မွန္းေျပာဆိုမႈမ်ားလည္း ရွိေနပါေသးတယ္။

Ref : 9To5Google

[Unicode]

Pop-up Selfie Camera အသုံးပြုထားတဲ့ OnePlus 7 ရဲ့ Renders ဗီဒီယိုထွက်ပေါ်လာ

OnePlus 7 နဲ့ ပတ်သတ်ပြီး ကောလဟလသတင်းတွေနဲ့အတူ Renders ဓာတ်ပုံ တချိူ့ဟာ လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒီတစ်ခေါက်မှာတော့ ဓာတ်ပုံသာမက Renders ဗီဒီယိုပါ ထွက်ပေါ်လာတာကြောင့် OnePlus 7 ရဲ့ ဒီဇိုင်းနဲ့ Specs တချိူ့ကိုပါ ခန့်မှန်းသုံးသပ်လို့ ရပြီ ဖြစ်ပါတယ်။

Renders ဗီဒီယိုဟာ OnLeaks နဲ့ Pricebaba တို့ကနေ တစ်ဆင့် ထွက်ပေါ်လာတာဖြစ်ပြီး OnePlus 7 ရဲ့ ဖြစ်နိုင်ချေ အရှိဆုံး ဒီဇိုင်း ကာလာ အနေအထားတွေကို ဖော်ပြထားပါတယ်။ Hand On ဗီဒီယို မဟုတ်ဘဲ Renders ဗီဒီယို အမျိူးအစားသာ ဖြစ်တဲ့အတွက် အဆိုပါ ပုံစံအတိုင်း ထွက်ရှိလာမယ်လို့ ဧကန် မုချပြောလို့ မရသေးပေမယ့် အနီးစပ်ဆုံး ပုံစံလို့တော့ ယူဆလို့ ရပါတယ်။

ဗီဒီယိုထဲမှာ ပါတဲ့ OnePlus 7 ရဲ့ ဒီဇိုင်းဟာ OnePlus 6 Series တွေရဲ့ ဒီဇိုင်းနဲ့ သိပ်မကွာပေမယ့် Chin နဲ့ Bezels တွေမှာတော့ တော်တော်လေး သေးငယ်သွားတာ တွေ့ရပါတယ်။ ဒါ့အပြင် Selfie Camera အတွက် Notch ကို ဖြုတ်ချလိုက်ပြီး မကြာသေးခင်က မိတ်ဆက်သွားတဲ့ Vivo V15 Pro လိုမျိူး Pop-up Selfie Camera ကို အစားထိုး အသုံးပြုလာတာလည်း တွေ့ရပါသေးတယ်။ နောက်ကျောဘက်မှာတော့ OnePlus 6 Series မှာ တပ်ဆင်ခဲ့တဲ့ Dual Camera Setup မဟုတ်တော့ဘဲ Triple Camera Setup ကို ဒေါင်လိုက် တပ်ဆင်ထားမှာပါ။

အောက်ခြေမှာ USB Type-C ကို အသုံးပြုထား တွေ့ရပြီး Headphone Jack ပါဝင်တာ မတွေ့ရပါဘူး။ ကြားသိထားရတဲ့ သတင်းတွေအရဆိုရင် OnePlus 7 ရဲ့ Display အပိုင်းအတွက် ၆.၅လက်မ OLED Display ကို အသုံးပြုထားနိုင်ပါတယ်။ ဒါ့အပြင် OnePlus 7 မှာ Stereo Speaker အစား Mono Speaker ကိုပဲ ဆက်လက် တပ်ဆင်ထားမယ်လို့ ခန့်မှန်းပြောဆိုမှုများလည်း ရှိနေပါသေးတယ်။

Ref : 9To5Google