[Zawgyi]

ကမာၻ႔ေဈးကြက္ဦးေဆာင္ ဘီယာခ်က္စက္႐ုံတစ္ခုျဖစ္သည့္ Carlsberg ႏွင့္္ ျမန္မာႏိုင္ငံေဈးကြက္ဦးေဆာင္ B2B ဒစ္ဂ်စ္တယ္ ေငြေပးေခ်ျခင္းဝန္ေဆာင္မႈကုမၸဏီျဖစ္သည့္ Ongo တို႔က Carlsberg ေရာင္းခ်သူမ်ားအတြက္ ႐ိုးရွင္း၊ လ်င္ျမန္ၿပီး စိတ္ခ်ရသည့္ ေငြေပးေခ်မႈ နည္းစနစ္မ်ား ပံ့ပိုးေပးရန္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါသည္။

Carlsberg ေရာင္းခ်သူမ်ား၏ ေငြေပးေခ်မႈမ်ားကို ထိေရာက္လုံၿခဳံသည့္္နည္းလမ္းျဖင့္ စုစည္းကာ ဒစ္ဂ်စ္တယ္စနစ္သို႔ ေျပာင္းလဲေပးမည့္ ေငြသား/အေႂကြး ဝယ္ယူေကာက္ခံျခင္းစနစ္ကို Ongo ႏွင့္ Carlsberg တို႔က ေမလ ၈ ရက္၊ ဗုဒၶဟူးေန႔တြင္ တရားဝင္ စတင္ ေၾကညာခဲ့သည္။

ျမန္မာႏိုင္ငံတြင္ ၂၀၁၃ ခုႏွစ္မွ စတင္တည္ေထာင္ခဲ့သည့္ Carlsberg သည္ ႏိုင္ငံတြင္းေဈးကြက္တြင္ သိသာ ထင္ရွားစြာ ႀကီးထြားလာခဲ့ၿပီး ယေန႔အခ်ိန္တြင္ ႏိုင္ငံတစ္ဝန္းမွ ဝယ္ယူအားေပးသူေပါင္း ၃,၇၀၀ ေက်ာ္ အတြက္ ဝန္ေဆာင္မႈေပးလ်က္ ရွိသည္။ ေရာင္းခ်သူမ်ားႏွင့္ Carlsberg တို႔အၾကား ေငြေပးေခ်မႈမ်ားကို ပိုမို ေခ်ာေမြ႕ေစရန္ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့မႈေၾကာင့္ ေရာင္းခ်သူတစ္ဦးခ်င္းစီ၏ သတင္းအခ်က္အလက္အေသး စိတ္ကို အခ်ိန္ႏွင့္တေျပးညီရရွိႏိုင္မည္ျဖစ္ၿပီး ေငြေပးေခ်မႈတိုင္းကို ျမန္ဆန္လုံၿခဳံေစကာ စားသုံးသူမ်ားႏွင့္ ပိုမိုထိထိေရာက္ေရာက္ ခ်ိတ္ဆက္ႏိုင္မည္ ျဖစ္သည္။

“ကြၽန္ေတာ္တို႔ Carlsberg Myanmar က ထုတ္ကုန္ေတြရဲ႕အရည္အေသြးျမင့္မားမႈတစ္ခုတည္းကိုတင္ ဂုဏ္ယူတာမဟုတ္ပါဘူး။ တန္ဖိုးထားရတဲ့ေရာင္းခ်သူေတြနဲ႔ၾကားက ဆက္ဆံေရးအရည္အေသြးအတြက္ လည္း ဂုဏ္ယူပါတယ္။” ဟု ျမန္မာႏိုင္ငံရွိ Carlsberg ၏ မန္ေနးဂ်င္း ဒါ႐ိုက္တာျဖစ္သူ Christoph Vavrik မွ ရွင္းျပခဲ့သည္။ “အခုလို ပူးေပါင္းေဆာင္႐ြက္မႈက ေငြသားကိုင္တြယ္သုံးစြဲမႈရဲ႕ ကုန္က်စရိတ္ေတြကို ေလွ်ာ့ ခ်ေပးႏိုင္ၿပီး ကြၽန္ေတာ္တို႔နဲ႔ ေရာင္းခ်သူေတြၾကားက ေငြလႊဲေျပာင္းမႈလုပ္ငန္းစဥ္ေတြအားလုံးကို ပိုၿပီး တိုးတက္ထိေရာက္လာေစႏိုင္မွာျဖစ္လို႔ Ongo နဲ႔ ပူးတြဲလုပ္ေဆာင္ရတာအတြက္ တကယ္စိတ္လႈပ္ရွားမိ ပါတယ္။” ဟု Christoph က ဆိုသည္။

Ongo က Carlsberg ႏွင့္ ၎၏ ဝယ္ယူအားေပးသူမ်ားအၾကား ေငြသားအသုံးျပဳမႈကို ရပ္ဆိုင္းကာ ေငြေပးေခ်မႈမ်ားကို ဒစ္ဂ်စ္တယ္စနစ္သို႔ ေျပာင္းလဲေပးျခင္းျဖင့္ Carlsberg ကို ေငြသားကိုင္တြယ္မႈဆိုင္ရာ ကုန္က်စရိတ္မ်ားအတြက္ အခ်ိန္မကုန္ေစဘဲ အမွန္တကယ္အေရးႀကီးေသာကိစၥရပ္ျဖစ္သည့္ ဝယ္ယူအား ေပးသူမ်ား၏ စိတ္ေက်နပ္ေစျခင္းအေပၚ ပိုမိုအာ႐ုံစိုက္ေစႏိုင္မည္ ျဖစ္သည္။

ျမန္မာႏိုင္ငံအတြင္း စီးပြားေရးလုပ္ငန္းတစ္ခုမွတစ္ခုသို႔ ဒစ္ဂ်စ္တယ္ေငြေပးေခ်ဝန္ေဆာင္မႈ ေဈးကြက္ကို ဦးေဆာင္ေနသည့္ Ongo သည္ စီးပြားေရးလုပ္ငန္း ၁၃၀ ေက်ာ္ႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိကာ Ongo ၏ ဝန္ေဆာင္မႈအေပၚ ေက်နပ္သေဘာက်သည့္ သုံးစြဲသူေကာ္ပိုရိတ္လုပ္ငန္းစာရင္းမွာ ေန႔စဥ္ႏွင့္အမွ် တိုး ပြားေနၿပီး အဆိုပါစာရင္းတြင္ Carlsberg ကိုလည္း ထည့္္သြင္းႏိုင္ခဲ့သည္။ ေငြေၾကးေကာက္ခံျခင္းႏွင့္ ေငြေပးေခ်ျခင္းဝန္ေဆာင္မႈမ်ားအျပင္ Ongo သည္ Carlsberg ကဲ့သို႔ေသာ ၎တို႔၏ သုံးစြဲသူေကာ္ပိုရိတ္ လုပ္ငန္းမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ ေငြေပးေခ်မႈ အခ်က္အလက္မ်ားႏွင့္ အဆိုပါအခ်က္အလက္မ်ားကို အသုံးျပဳထားသည့္ ေဈးကြက္ခ်ဲ႕ထြင္မႈနည္းစနစ္မ်ားကိုလည္း ပံ့ပိုးေပးမည္ ျဖစ္ပါသည္။

“ႏိုင္ငံတြင္းေဈးကြက္ဦးေဆာင္လုပ္ငန္းအမ်ိဳးမ်ိဳးနဲ႔ မိတ္ဖက္အျဖစ္ ေဆာင္႐ြက္ေနရတာကို Ongo အေနနဲ႔ ဂုဏ္ယူပါတယ္။ အခုလို Carlsberg နဲ႔အတူ ပူးေပါင္းေဆာင္႐ြက္ခြင့္အသစ္တစ္ခုရတာကလည္း အဲ့ဒီလို ဂုဏ္ယူစရာေတြထဲက တစ္ခုပါပဲ။ ” ဟု Ongo ၏ CEO ျဖစ္သူ Allen Gilstrap က ဆိုသည္။ “Ongo နဲ႔ Carlsberg တို႔ၾကားက မိတ္ဖက္လုပ္ေဆာင္မႈက စိတ္လႈပ္ရွားစရာေကာင္းတဲ့ ေျခလွမ္းသစ္တစ္ခုျဖစ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ Ongo အေနနဲ႔ စီးပြားေရး လုပ္ငန္းေတြအေနနဲ႔ ပိုၿပီးထိထိေရာက္ေရာက္လုပ္ေဆာင္ႏိုင္ လာေစဖို႔ ဆက္လက္ကူညီေပးသြားမွာျဖစ္သလို ႐ိုးရွင္း၊ ျမန္ဆန္ၿပီးလုံၿခဳံတဲ့ ေငြေပးေခ်မႈနည္းလမ္းေတြ လည္း ေထာက္ပံ့ေပးသြားမွာပါ။”

ေဈးကြက္ဦးေဆာင္သူျဖစ္သည့္ Ongo သည္ စီးပြားေရးလုပ္ငန္းတစ္ခုမွတစ္ခုအၾကား ဒစ္ဂ်စ္တယ္ေငြေပး ေခ်မႈမိတ္ဖက္လုပ္ေဆာင္မႈမ်ားအျပင္ အေရာင္းဆိုင္/ေရာင္းခ်သူ ၂၆,၀၀၀ ေက်ာ္၊ အသုံးျပဳသူ ၅၀၀,၀၀၀ ေက်ာ္ႏွင့္ လုပ္ငန္းေဆာင္႐ြက္လ်က္ရွိၿပီး ျမန္မာႏိုင္ငံတစ္ဝန္းရွိ ၿမိဳ႕ႀကီးၿမိဳ႕ငယ္ ၅၅ ၿမိဳ႕သို႔ ကြန္ယက္ျဖန႔္ က်က္လာခဲ့သည္။

Ongo ႏွင့္ Carlsberg တို႔အၾကား ပူးေပါင္းေဆာင္႐ြက္မႈအသစ္ႏွင့္ ပတ္သက္၍ျဖစ္ေစ၊ Ongo ၏ အျခား ဆန္းသစ္ေသာ ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈဆိုင္ရာ ဝန္ေဆာင္မႈမ်ားအေၾကာင္းကို ျဖစ္ေစ ပိုမိုျပည့္စုံစြာ ထပ္မံ သိရွိလိုပါက ကုမၸဏီ၏ တရားဝင္ဝက္ဘ္ဆိုက္ ongo.com.mm သို႔ျဖစ္ေစ၊ Ongo Facebook account facebook.com/ongomobilemoney သို႔ျဖစ္ေစ၊ [email protected] သို႔ အီးေမးလ္ေပးပို႔၍ျဖစ္ေစ၊ ၀၉-၄၅၀၈၈၈၉၉၆-၇၊ ၀၉-၄၄၄၄၅၀၈၁၆-၈ သို႔ ေခၚဆို၍ျဖစ္ေစ ေမးျမန္းစုံစမ္းႏိုင္ပါသည္။

[Unicode]

Ongo နှင့် Carlsberg တို့ ပူးပေါင်း၍ အရောင်းဆိုင်များသို့ ငွေပေးချေမှုအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲလုပ်ဆောင်သွားမည်

ကမ္ဘာ့ဈေးကွက်ဦးဆောင် ဘီယာချက်စက်ရုံတစ်ခုဖြစ်သည့် Carlsberg နှင့်် မြန်မာနိုင်ငံဈေးကွက်ဦးဆောင် B2B ဒစ်ဂျစ်တယ် ငွေပေးချေခြင်းဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့် Ongo တို့က Carlsberg ရောင်းချသူများအတွက် ရိုးရှင်း၊ လျင်မြန်ပြီး စိတ်ချရသည့် ငွေပေးချေမှု နည်းစနစ်များ ပံ့ပိုးပေးရန် စာချုပ်ချုပ်ဆိုခဲ့ပါသည်။

Carlsberg ရောင်းချသူများ၏ ငွေပေးချေမှုများကို ထိရောက်လုံခြုံသည့််နည်းလမ်းဖြင့် စုစည်းကာ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲပေးမည့် ငွေသား/အကြွေး ဝယ်ယူကောက်ခံခြင်းစနစ်ကို Ongo နှင့် Carlsberg တို့က မေလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့တွင် တရားဝင် စတင် ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှ စတင်တည်ထောင်ခဲ့သည့် Carlsberg သည် နိုင်ငံတွင်းဈေးကွက်တွင် သိသာ ထင်ရှားစွာ ကြီးထွားလာခဲ့ပြီး ယနေ့အချိန်တွင် နိုင်ငံတစ်ဝန်းမှ ဝယ်ယူအားပေးသူပေါင်း ၃,၇၀၀ ကျော် အတွက် ဝန်ဆောင်မှုပေးလျက် ရှိသည်။ ရောင်းချသူများနှင့် Carlsberg တို့အကြား ငွေပေးချေမှုများကို ပိုမို ချောမွေ့စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ရောင်းချသူတစ်ဦးချင်းစီ၏ သတင်းအချက်အလက်အသေး စိတ်ကို အချိန်နှင့်တပြေးညီရရှိနိုင်မည်ဖြစ်ပြီး ငွေပေးချေမှုတိုင်းကို မြန်ဆန်လုံခြုံစေကာ စားသုံးသူများနှင့် ပိုမိုထိထိရောက်ရောက် ချိတ်ဆက်နိုင်မည် ဖြစ်သည်။

“ကျွန်တော်တို့ Carlsberg Myanmar က ထုတ်ကုန်တွေရဲ့အရည်အသွေးမြင့်မားမှုတစ်ခုတည်းကိုတင် ဂုဏ်ယူတာမဟုတ်ပါဘူး။ တန်ဖိုးထားရတဲ့ရောင်းချသူတွေနဲ့ကြားက ဆက်ဆံရေးအရည်အသွေးအတွက် လည်း ဂုဏ်ယူပါတယ်။” ဟု မြန်မာနိုင်ငံရှိ Carlsberg ၏ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ Christoph Vavrik မှ ရှင်းပြခဲ့သည်။ “အခုလို ပူးပေါင်းဆောင်ရွက်မှုက ငွေသားကိုင်တွယ်သုံးစွဲမှုရဲ့ ကုန်ကျစရိတ်တွေကို လျှော့ ချပေးနိုင်ပြီး ကျွန်တော်တို့နဲ့ ရောင်းချသူတွေကြားက ငွေလွှဲပြောင်းမှုလုပ်ငန်းစဉ်တွေအားလုံးကို ပိုပြီး တိုးတက်ထိရောက်လာစေနိုင်မှာဖြစ်လို့ Ongo နဲ့ ပူးတွဲလုပ်ဆောင်ရတာအတွက် တကယ်စိတ်လှုပ်ရှားမိ ပါတယ်။” ဟု Christoph က ဆိုသည်။

Ongo က Carlsberg နှင့် ၎င်း၏ ဝယ်ယူအားပေးသူများအကြား ငွေသားအသုံးပြုမှုကို ရပ်ဆိုင်းကာ ငွေပေးချေမှုများကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲပေးခြင်းဖြင့် Carlsberg ကို ငွေသားကိုင်တွယ်မှုဆိုင်ရာ ကုန်ကျစရိတ်များအတွက် အချိန်မကုန်စေဘဲ အမှန်တကယ်အရေးကြီးသောကိစ္စရပ်ဖြစ်သည့် ဝယ်ယူအား ပေးသူများ၏ စိတ်ကျေနပ်စေခြင်းအပေါ် ပိုမိုအာရုံစိုက်စေနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတစ်ခုမှတစ်ခုသို့ ဒစ်ဂျစ်တယ်ငွေပေးချေဝန်ဆောင်မှု ဈေးကွက်ကို ဦးဆောင်နေသည့် Ongo သည် စီးပွားရေးလုပ်ငန်း ၁၃၀ ကျော်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ Ongo ၏ ဝန်ဆောင်မှုအပေါ် ကျေနပ်သဘောကျသည့် သုံးစွဲသူကော်ပိုရိတ်လုပ်ငန်းစာရင်းမှာ နေ့စဉ်နှင့်အမျှ တိုး ပွားနေပြီး အဆိုပါစာရင်းတွင် Carlsberg ကိုလည်း ထည့််သွင်းနိုင်ခဲ့သည်။ ငွေကြေးကောက်ခံခြင်းနှင့် ငွေပေးချေခြင်းဝန်ဆောင်မှုများအပြင် Ongo သည် Carlsberg ကဲ့သို့သော ၎င်းတို့၏ သုံးစွဲသူကော်ပိုရိတ် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ငွေပေးချေမှု အချက်အလက်များနှင့် အဆိုပါအချက်အလက်များကို အသုံးပြုထားသည့် ဈေးကွက်ချဲ့ထွင်မှုနည်းစနစ်များကိုလည်း ပံ့ပိုးပေးမည် ဖြစ်ပါသည်။

“နိုင်ငံတွင်းဈေးကွက်ဦးဆောင်လုပ်ငန်းအမျိုးမျိုးနဲ့ မိတ်ဖက်အဖြစ် ဆောင်ရွက်နေရတာကို Ongo အနေနဲ့ ဂုဏ်ယူပါတယ်။ အခုလို Carlsberg နဲ့အတူ ပူးပေါင်းဆောင်ရွက်ခွင့်အသစ်တစ်ခုရတာကလည်း အဲ့ဒီလို ဂုဏ်ယူစရာတွေထဲက တစ်ခုပါပဲ။ ” ဟု Ongo ၏ CEO ဖြစ်သူ Allen Gilstrap က ဆိုသည်။ “Ongo နဲ့ Carlsberg တို့ကြားက မိတ်ဖက်လုပ်ဆောင်မှုက စိတ်လှုပ်ရှားစရာကောင်းတဲ့ ခြေလှမ်းသစ်တစ်ခုဖြစ်ပြီးတော့ ကျွန်တော်တို့ Ongo အနေနဲ့ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ ပိုပြီးထိထိရောက်ရောက်လုပ်ဆောင်နိုင် လာစေဖို့ ဆက်လက်ကူညီပေးသွားမှာဖြစ်သလို ရိုးရှင်း၊ မြန်ဆန်ပြီးလုံခြုံတဲ့ ငွေပေးချေမှုနည်းလမ်းတွေ လည်း ထောက်ပံ့ပေးသွားမှာပါ။”

ဈေးကွက်ဦးဆောင်သူဖြစ်သည့် Ongo သည် စီးပွားရေးလုပ်ငန်းတစ်ခုမှတစ်ခုအကြား ဒစ်ဂျစ်တယ်ငွေပေး ချေမှုမိတ်ဖက်လုပ်ဆောင်မှုများအပြင် အရောင်းဆိုင်/ရောင်းချသူ ၂၆,၀၀၀ ကျော်၊ အသုံးပြုသူ ၅၀၀,၀၀၀ ကျော်နှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးမြို့ငယ် ၅၅ မြို့သို့ ကွန်ယက်ဖြန့် ကျက်လာခဲ့သည်။

Ongo နှင့် Carlsberg တို့အကြား ပူးပေါင်းဆောင်ရွက်မှုအသစ်နှင့် ပတ်သက်၍ဖြစ်စေ၊ Ongo ၏ အခြား ဆန်းသစ်သော ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုများအကြောင်းကို ဖြစ်စေ ပိုမိုပြည့်စုံစွာ ထပ်မံ သိရှိလိုပါက ကုမ္ပဏီ၏ တရားဝင်ဝက်ဘ်ဆိုက် ongo.com.mm သို့ဖြစ်စေ၊ Ongo Facebook account facebook.com/ongomobilemoney သို့ဖြစ်စေ၊ [email protected] သို့ အီးမေးလ်ပေးပို့၍ဖြစ်စေ၊ ၀၉-၄၅၀၈၈၈၉၉၆-၇၊ ၀၉-၄၄၄၄၅၀၈၁၆-၈ သို့ ခေါ်ဆို၍ဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါသည်။