[Zawgyi]

ျမန္မာႏိုင္ငံတြင္ ဆိုင္ကယ္ဝယ္ယူလိုသူမ်ားအတြက္ အဆင္ေျပေစမည့္ အငွားဝန္ေဆာင္မႈမ်ားကို ပထမဆုံးပံ့ပိုးေပးေသာကုမၸဏီျဖစ္သည့္ Rent2Own ႏွင့္ B2B ဒစ္ဂ်စ္တယ္ေငြေပးေခ်ျခင္းဝန္ေဆာင္မႈတြင္ ေဈးကြက္ဦးေဆာင္ လုပ္ငန္းျဖစ္သည့္ Ongo တို႔သည္ ျမန္မာႏိုင္ငံတြင္း ေဒသ ၉ ခုရွိ အသုံးျပဳသူမ်ားအား Ongo အက္ပလီေကးရွင္းႏွင့္ ကိုယ္စားလွယ္မ်ားမွတစ္ဆင့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားကို ငွားရမ္းျခင္းမွ ဝယ္ယူႏိုင္ျခင္းအထိ ေဆာင္႐ြက္ေပးႏိုင္ေရးအတြက္ သေဘာတူညီခ်က္တစ္ေစာင္ကို လက္မွတ္ေရးထိုးခဲ့ၾကသည္။

Ongo ႏွင့္ Rent2Own တို႔ အတူပူးေပါင္းကာ လယ္သမားမ်ားကဲ့သို႔ ေက်းလက္စြန႔္ဦးလုပ္ငန္းရွင္မ်ားအေနျဖင့္ ၎တို႔၏ လုပ္ငန္းမ်ားခ်ဲ႕ထြင္ေရးႏွင့္ ေဝးလံေသာေဈးကြက္မ်ားသို႔ ခ်ဲ႕ထြင္ႏိုင္ေရးတို႔တြင္ အေထာက္အကူျဖစ္ေစရန္ ေမာ္ေတာ္ဆိုင္ကယ္မ်ား ကို ေဈးႏႈန္းသက္သာစြာျဖင့္ အလြယ္တကူငွားရမ္းႏိုင္ေစေရးအတြက္ ထပ္တိုးသေဘာတူညီခ်က္တစ္ခုကို မတ္လ ၂၈ ရက္၊ ေသာၾကာေန႔တြင္ လက္မွတ္ေရးထိုးခဲ့ၾကသည္။

၂၀၁၅ ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၌ လုပ္ငန္းစတင္ေဆာင္႐ြက္ခဲ့ေသာ ေမာ္ေတာ္ဆိုင္ကယ္ငွားရမ္းျခင္း လုပ္ငန္း ျဖစ္သည့္ Rent2Own သည္ ခရီးသြားလာေရးအတြက္ ဆိုင္ကယ္လိုအပ္ေသာ္လည္း ခ်က္ခ်င္းဝယ္ယူရန္ အဆင္မေျပေသးသူမ်ားအတြက္ ခ်ိန္ညႇိျပင္ဆင္ထားသည့္စာခ်ဳပ္မ်ားႏွင့္ အျခားေ႐ြးခ်ယ္စရာနည္းလမ္းမ်ားကို ပံ့ပိုးေပးလ်က္ရွိပါသည္။ Rent2Own ၏ ေက်းလက္ေဒသတြင္း ခရီးသြားလာမႈအဆင့္ျမႇင့္တင္ရန္ အားထုတ္မႈေၾကာင့္ လက္ရွိအခ်ိန္အထိ သုံးစြဲသူေပါင္း ၉၈၀၀၀ ေက်ာ္ကို စိတ္ခ်ယုံၾကည္ရေသာ ခရီး သြားလာေရးနည္းလမ္မ်ား ေပးအပ္ႏိုင္ခဲ့ၿပီး ဝန္ေဆာင္မႈအသုံးျပဳသူတို႔၏လုပ္ငန္းမ်ားကို တိုးခ်ဲ႕ေစႏိုင္ခဲ့႐ုံ သာမက သြားလာရန္ခက္ခဲေသာေနရာမ်ားမွ ကေလးမ်ားကိုလည္း ေက်ာင္းသို႔သြားေရာက္ပညာသင္ၾကား ေစႏိုင္ခဲ့သည္။

“Rent2Own က လူေနမႈဘဝေတြ ပိုၿပီးလြယ္ကူအဆင္ေျပလာေအာင္ ကူညီေပးေနပါတယ္။ ကြၽန္ေတာ္တို႔ ရဲ႕ စာခ်ဳပ္ေတြက သုံးစြဲသူေတြရဲ႕သေဘာအလိုက္ ခ်ိန္ညႇိျပင္ဆင္ႏိုင္လို႔ ဝန္ေဆာင္မႈအသုံးျပဳတဲ့သူေတြရဲ႕ သြားေရးလာေရးေတြပိုလြယ္ကူလာၿပီး ပိုအေရးႀကီးတဲ့အရာေတြျဖစ္တဲ့ မိသားစုဝင္ေငြရွာေဖြေရးမွာ ပိုအာ႐ုံ စိုက္လာႏိုင္မွာပါ။” ဟု Rent2Own ၏ CEO ျဖစ္သူ Philippe Lenain မွ ဆိုသည္။ “Ongo နဲ႔ ကြၽန္ေတာ္တို႔ ပူးေပါင္းလိုက္တဲ့အတြက္ ကြၽန္ေတာ္တို႔ ဝန္ေဆာင္မႈကို အစဥ္တစိုက္သုံးစြဲလာၾကတဲ့ သုံးစြဲသူေတြအေနနဲ႔ ေငြေပးေခ်မႈေတြကို ဖုန္းကျဖစ္ျဖစ္၊ အနီးနားမွာရွိတဲ့ Ongo ကိုယ္စားလွယ္ဆိုင္ေတြကပဲျဖစ္ျဖစ္ အဆင္ ေျပေျပ လြယ္လြယ္ကူကူနဲ႔ ေငြေပးေခ်ႏိုင္ေတာ့မွာပါ။” ဟု Lenain က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၏ စီးပြားေရးလုပ္ငန္းတစ္ခုမွတစ္ခုအၾကားရွိ ဒစ္ဂ်စ္တယ္ေငြေပးေခ်ျခင္းစနစ္ (B2B) ဝန္ေဆာင္မႈေဈးကြက္တြင္ ဦးေဆာင္ေနသည့္ Ongo သည္ Rent2Own လုပ္ငန္းေဆာင္႐ြက္ေနသည့္ ေနရာ ေဒသမ်ားမွ သုံးစြဲသူမ်ားကို ၎တို႔၏ ဝန္ေဆာင္မႈမ်ားျဖင့္ ပံ့ပိုးကူညီေပးသြားမည္ ျဖစ္ပါသည္။ Rent2Own အသုံးျပဳသူမ်ားသည္ သုံးလတစ္ႀကိမ္ ေငြေပးေခ်ရန္ လိုအပ္ၿပီး ယခင္အခ်ိန္က ထိုသို႔ေပးေခ်ရန္ ဝန္ေဆာင္ မႈအသုံးျပဳသူမ်ားအေနျဖင့္ အလုပ္မ်ားသည့္အၾကားမွ Rent2Own ႐ုံးသို႔ လာေရာက္ကာ ၎တို႔ငွားရမ္း ထားသည့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားအတြက္ ေငြေပးေခ်မႈမ်ား ေဆာင္႐ြက္ခဲ့ရသည္။ ယခုအခ်ိန္တြင္မူ Ongo အက္ပလီေပးရွင္းျဖင့္ျဖစ္ေစ၊ Ongo ကိုယ္စားလွယ္ရွိရာ ေနရာမ်ားမွျဖစ္ေစ ေငြေပးေခ်မႈမ်ားကို အလြယ္ တကူ လုပ္ေဆာင္ႏိုင္ၿပီ ျဖစ္သည္။

Rent2Own ႏွင့္ Ongo ႏွစ္မ်ိးလုံး အသုံးျပဳသူျဖစ္ေသာ ကိုဆက္ပိုင္စိုးမွ “ကြၽန္ေတာ့္ Ongo/Rent2Own QR ကတ္ကို အနီးဆုံး Ongo ကိုယ္စားလွယ္ဆီမွာ သြားသုံး႐ုံနဲ႔ Rent2Own ကို ေငြျမန္ျမန္ ေပးႏိုင္ပါၿပီ။ က်ေနာ္က QR ကတ္ ဒါမွမဟုတ္ စာခ်ဳပ္အမွတ္ကို Ongo ကိုယ္စားလွယ္ကိုျပလိုက္႐ုံနဲ႔ သူတို႔က Rent2Own ကို တိုက္႐ိုက္ေငြေခ်ေပးတယ္။ စာ႐ြက္စာတမ္း ျဖည့္တာေတြ၊ လုပ္တာေတြအတြက္ အခ်ိန္အၾကာႀကီး ေစာင့္ေနစရာ မလိုေတာ့ဘူး။ အရမ္းေကာင္းပါတယ္။” ဟု ေျပာၾကားသည္။

ျမန္မာႏိုင္ငံတြင္၏ စီးပြားေရးလုပ္ငန္းတစ္ခုမွတစ္ခုၾကားရွိ ဒစ္ဂ်ယ္တယ္ေငြေပးေခ်မႈဆိုင္ရာ ဝန္ေဆာင္မႈ လုပ္ငန္းတြင္ ေဈးကြက္ဦးေဆာင္သူျဖစ္သည့္ Ongo သည္ အသုံးျပဳသူစီးပြားေရးလုပ္ငန္းရွင္ေပါင္း ၁၀၀ ေက်ာ္၊ အေရာင္းဆိုင္ပိုင္ရွင္/ကုန္သည္ေပါင္း ၂၆,၀၀၀ ေက်ာ္၊ အသုံးျပဳသူ ၄၀၀,၀၀၀ ေက်ာ္တို႔ႏွင့္အတူ လက္တြဲေဆာင္႐ြက္လ်က္ ရွိပါသည္။ Ongo သည္ ျမန္မာႏိုင္ငံတစ္ဝန္းရွိ ၿမိဳ႕ႀကီးၿမိဳ႕ငယ္ ၅၅ ၿမိဳ႕သို႔ ျဖန႔္က်က္ ခ်ိတ္ဆက္ၿပီး ျဖစ္ပါသည္။ Ongo ႏွင့္ Rent2Own တို႔အၾကား လက္တေလာ ခ်ဳပ္ဆိုခဲ့သည့္ အဆိုပါ ထပ္တိုး သေဘာတူညီခ်က္သည္ ဒစ္ဂ်စ္တယ္စနစ္သုံး ေငြေပးေခ်မႈမ်ားအသုံးျပဳ ျခင္းျဖင့္ ႏိုင္ငံတစ္ဝန္းရွိ ျပည္သူ မ်ား၏ ဘဝေနထိုင္မႈကို ပိုမိုအဆင္ေျပေခ်ာေမြ႕ေစရန္ ဆက္လက္လုပ္ေဆာင္ႏိုင္မည့္ ေျခလွမ္းသစ္တစ္ခုပင္ ျဖစ္သည္။

Ongo ႏွင့္ Rent2Own တို႔၏ အသစ္တိုးခ်ဲ႕ထားေသာ ဒစ္ဂ်စ္တယ္စနစ္သုံး ေငြေပးေခ်မႈစနစ္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈအေၾကာင္းျဖစ္ေစ၊ Ongo ၏ ဆန္းသစ္ေသာ အျခားဒစ္ဂ်စ္တယ္ေငြေပးခ်မႈဆိုင္ရာ ဝန္ေဆာင္မႈမ်ားႏွင့္ ပတ္သတ္၍ျဖစ္ေစ ထပ္မံသိရွိလိုပါက မွတစ္ဆင့္ ကုမၸဏီ၏ ဝက္ဘ္ဆိုက္ ongo.com.mm သို႔မဟုတ္ Facebook account ျဖစ္သည့္ http://facebook.com/ongomobilemoney တို႔တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ၿပီး သို႔ အီးေမးလ္ပို႔ျခင္း သို႔မဟုတ္ ၀၉-၄၅၀၈၈၈၉၉၆-၇၊ ၀၉-၄၄၄၅၀၈၁၆-၈ သို႔ ဖုန္းေခၚဆိုကာ ေမးျမန္းႏိုင္ပါသည္။

[Unicode]

Ongo နှင့် Rent2Own တို့ ပူးပေါင်းကာ ကျေးလက်ဒေသတွင်း သွားရေးလာရေး ပိုမိုလွယ်ကူစေရန် ဆောင်ရွက်ပေးသွားမည်

မြန်မာနိုင်ငံတွင် ဆိုင်ကယ်ဝယ်ယူလိုသူများအတွက် အဆင်ပြေစေမည့် အငှားဝန်ဆောင်မှုများကို ပထမဆုံးပံ့ပိုးပေးသောကုမ္ပဏီဖြစ်သည့် Rent2Own နှင့် B2B ဒစ်ဂျစ်တယ်ငွေပေးချေခြင်းဝန်ဆောင်မှုတွင် ဈေးကွက်ဦးဆောင် လုပ်ငန်းဖြစ်သည့် Ongo တို့သည် မြန်မာနိုင်ငံတွင်း ဒေသ ၉ ခုရှိ အသုံးပြုသူများအား Ongo အက်ပလီကေးရှင်းနှင့် ကိုယ်စားလှယ်များမှတစ်ဆင့် မော်တော်ဆိုင်ကယ်များကို ငှားရမ်းခြင်းမှ ဝယ်ယူနိုင်ခြင်းအထိ ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘောတူညီချက်တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

Ongo နှင့် Rent2Own တို့ အတူပူးပေါင်းကာ လယ်သမားများကဲ့သို့ ကျေးလက်စွန့်ဦးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ လုပ်ငန်းများချဲ့ထွင်ရေးနှင့် ဝေးလံသောဈေးကွက်များသို့ ချဲ့ထွင်နိုင်ရေးတို့တွင် အထောက်အကူဖြစ်စေရန် မော်တော်ဆိုင်ကယ်များ ကို ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူငှားရမ်းနိုင်စေရေးအတွက် ထပ်တိုးသဘောတူညီချက်တစ်ခုကို မတ်လ ၂၈ ရက်၊ သောကြာနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့သော မော်တော်ဆိုင်ကယ်ငှားရမ်းခြင်း လုပ်ငန်း ဖြစ်သည့် Rent2Own သည် ခရီးသွားလာရေးအတွက် ဆိုင်ကယ်လိုအပ်သော်လည်း ချက်ချင်းဝယ်ယူရန် အဆင်မပြေသေးသူများအတွက် ချိန်ညှိပြင်ဆင်ထားသည့်စာချုပ်များနှင့် အခြားရွေးချယ်စရာနည်းလမ်းများကို ပံ့ပိုးပေးလျက်ရှိပါသည်။ Rent2Own ၏ ကျေးလက်ဒေသတွင်း ခရီးသွားလာမှုအဆင့်မြှင့်တင်ရန် အားထုတ်မှုကြောင့် လက်ရှိအချိန်အထိ သုံးစွဲသူပေါင်း ၉၈၀၀၀ ကျော်ကို စိတ်ချယုံကြည်ရသော ခရီး သွားလာရေးနည်းလမ်များ ပေးအပ်နိုင်ခဲ့ပြီး ဝန်ဆောင်မှုအသုံးပြုသူတို့၏လုပ်ငန်းများကို တိုးချဲ့စေနိုင်ခဲ့ရုံ သာမက သွားလာရန်ခက်ခဲသောနေရာများမှ ကလေးများကိုလည်း ကျောင်းသို့သွားရောက်ပညာသင်ကြား စေနိုင်ခဲ့သည်။

“Rent2Own က လူနေမှုဘဝတွေ ပိုပြီးလွယ်ကူအဆင်ပြေလာအောင် ကူညီပေးနေပါတယ်။ ကျွန်တော်တို့ ရဲ့ စာချုပ်တွေက သုံးစွဲသူတွေရဲ့သဘောအလိုက် ချိန်ညှိပြင်ဆင်နိုင်လို့ ဝန်ဆောင်မှုအသုံးပြုတဲ့သူတွေရဲ့ သွားရေးလာရေးတွေပိုလွယ်ကူလာပြီး ပိုအရေးကြီးတဲ့အရာတွေဖြစ်တဲ့ မိသားစုဝင်ငွေရှာဖွေရေးမှာ ပိုအာရုံ စိုက်လာနိုင်မှာပါ။” ဟု Rent2Own ၏ CEO ဖြစ်သူ Philippe Lenain မှ ဆိုသည်။ “Ongo နဲ့ ကျွန်တော်တို့ ပူးပေါင်းလိုက်တဲ့အတွက် ကျွန်တော်တို့ ဝန်ဆောင်မှုကို အစဉ်တစိုက်သုံးစွဲလာကြတဲ့ သုံးစွဲသူတွေအနေနဲ့ ငွေပေးချေမှုတွေကို ဖုန်းကဖြစ်ဖြစ်၊ အနီးနားမှာရှိတဲ့ Ongo ကိုယ်စားလှယ်ဆိုင်တွေကပဲဖြစ်ဖြစ် အဆင် ပြေပြေ လွယ်လွယ်ကူကူနဲ့ ငွေပေးချေနိုင်တော့မှာပါ။” ဟု Lenain က ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းတစ်ခုမှတစ်ခုအကြားရှိ ဒစ်ဂျစ်တယ်ငွေပေးချေခြင်းစနစ် (B2B) ဝန်ဆောင်မှုဈေးကွက်တွင် ဦးဆောင်နေသည့် Ongo သည် Rent2Own လုပ်ငန်းဆောင်ရွက်နေသည့် နေရာ ဒေသများမှ သုံးစွဲသူများကို ၎င်းတို့၏ ဝန်ဆောင်မှုများဖြင့် ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါသည်။ Rent2Own အသုံးပြုသူများသည် သုံးလတစ်ကြိမ် ငွေပေးချေရန် လိုအပ်ပြီး ယခင်အချိန်က ထိုသို့ပေးချေရန် ဝန်ဆောင် မှုအသုံးပြုသူများအနေဖြင့် အလုပ်များသည့်အကြားမှ Rent2Own ရုံးသို့ လာရောက်ကာ ၎င်းတို့ငှားရမ်း ထားသည့် မော်တော်ဆိုင်ကယ်များအတွက် ငွေပေးချေမှုများ ဆောင်ရွက်ခဲ့ရသည်။ ယခုအချိန်တွင်မူ Ongo အက်ပလီပေးရှင်းဖြင့်ဖြစ်စေ၊ Ongo ကိုယ်စားလှယ်ရှိရာ နေရာများမှဖြစ်စေ ငွေပေးချေမှုများကို အလွယ် တကူ လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။

Rent2Own နှင့် Ongo နှစ်မျိးလုံး အသုံးပြုသူဖြစ်သော ကိုဆက်ပိုင်စိုးမှ “ကျွန်တော့် Ongo/Rent2Own QR ကတ်ကို အနီးဆုံး Ongo ကိုယ်စားလှယ်ဆီမှာ သွားသုံးရုံနဲ့ Rent2Own ကို ငွေမြန်မြန် ပေးနိုင်ပါပြီ။ ကျနော်က QR ကတ် ဒါမှမဟုတ် စာချုပ်အမှတ်ကို Ongo ကိုယ်စားလှယ်ကိုပြလိုက်ရုံနဲ့ သူတို့က Rent2Own ကို တိုက်ရိုက်ငွေချေပေးတယ်။ စာရွက်စာတမ်း ဖြည့်တာတွေ၊ လုပ်တာတွေအတွက် အချိန်အကြာကြီး စောင့်နေစရာ မလိုတော့ဘူး။ အရမ်းကောင်းပါတယ်။” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင်၏ စီးပွားရေးလုပ်ငန်းတစ်ခုမှတစ်ခုကြားရှိ ဒစ်ဂျယ်တယ်ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွင် ဈေးကွက်ဦးဆောင်သူဖြစ်သည့် Ongo သည် အသုံးပြုသူစီးပွားရေးလုပ်ငန်းရှင်ပေါင်း ၁၀၀ ကျော်၊ အရောင်းဆိုင်ပိုင်ရှင်/ကုန်သည်ပေါင်း ၂၆,၀၀၀ ကျော်၊ အသုံးပြုသူ ၄၀၀,၀၀၀ ကျော်တို့နှင့်အတူ လက်တွဲဆောင်ရွက်လျက် ရှိပါသည်။ Ongo သည် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးမြို့ငယ် ၅၅ မြို့သို့ ဖြန့်ကျက် ချိတ်ဆက်ပြီး ဖြစ်ပါသည်။ Ongo နှင့် Rent2Own တို့အကြား လက်တလော ချုပ်ဆိုခဲ့သည့် အဆိုပါ ထပ်တိုး သဘောတူညီချက်သည် ဒစ်ဂျစ်တယ်စနစ်သုံး ငွေပေးချေမှုများအသုံးပြု ခြင်းဖြင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူ များ၏ ဘဝနေထိုင်မှုကို ပိုမိုအဆင်ပြေချောမွေ့စေရန် ဆက်လက်လုပ်ဆောင်နိုင်မည့် ခြေလှမ်းသစ်တစ်ခုပင် ဖြစ်သည်။

Ongo နှင့် Rent2Own တို့၏ အသစ်တိုးချဲ့ထားသော ဒစ်ဂျစ်တယ်စနစ်သုံး ငွေပေးချေမှုစနစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအကြောင်းဖြစ်စေ၊ Ongo ၏ ဆန်းသစ်သော အခြားဒစ်ဂျစ်တယ်ငွေပေးချမှုဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပတ်သတ်၍ဖြစ်စေ ထပ်မံသိရှိလိုပါက မှတစ်ဆင့် ကုမ္ပဏီ၏ ဝက်ဘ်ဆိုက် ongo.com.mm သို့မဟုတ် Facebook account ဖြစ်သည့် http://facebook.com/ongomobilemoney တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး သို့ အီးမေးလ်ပို့ခြင်း သို့မဟုတ် ၀၉-၄၅၀၈၈၈၉၉၆-၇၊ ၀၉-၄၄၄၅၀၈၁၆-၈ သို့ ဖုန်းခေါ်ဆိုကာ မေးမြန်းနိုင်ပါသည်။