[Zawgyi]

ဒစ္ဂ်စ္တယ္ ေငြေပးေခ်မႈ ဝန္ေဆာင္မႈလုပ္ငန္းေဆာင္႐ြက္သူ Ongo သည္ ေက်းလက္ေနျပည္သူမ်ား လြယ္ကူထိေရာက္စြာ ေခ်းေငြျပန္လည္ေပးသြင္းႏိုင္ရန္အတြက္ အေသးစားေခ်းေငြ အဖြဲ႕အစည္းျဖစ္ေသာ SVS ႏွင့္ ဝန္ေဆာင္မႈမ်ား တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိသည္။

ျမန္မာႏိုင္ငံ ျမစ္ဝကြၽန္းေပၚေဒသတြင္ နာဂစ္မုန္တိုင္းေၾကာင့္ ျဖစ္ေပၚသည့္ အပ်က္အစီးမ်ားကို ကူညီေဆာင္႐ြက္ေပးရန္ အတြက္ ၂၀၀၈ ခုႏွစ္တြင္ စတင္ တည္ေထာင္ခဲ့သည့္ Social Vision Services (SVS) သည္ ၎၏ ကနဦး အေရးေပၚကူညီေပးေရး ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားကို ႏိုင္ငံတစ္ဝွမ္းတြင္ ေရရွည္လုပ္ကိုင္ေဆာင္႐ြက္ႏိုင္မည့္ပုံစံသို႔ တိုးျမႇင့္ေျပာင္းလဲ လုပ္ေဆာင္လာခဲ့သည္။ ။ SVS သည္ အေသးစားေခ်းေငြ လုပ္ငန္းလိုင္စင္ကို ၂၀၁၃ ခုႏွစ္တြင္ ရရွိခဲ့ၿပီး လက္ရွိတြင္ မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕နယ္၌ အမ်ိဳးသမီးဦးေရ ၈,၀၀၀ ေက်ာ္အတြက္ အေသးစားေခ်းေငြ ဝန္ေဆာင္မႈမ်ားကို ေပးအပ္ေဆာင္႐ြက္လ်က္ရွိသည္။

ေက်းလက္ေန ေတာင္သူလယ္သမားမ်ားႏွင့္ ေျမပိုင္မရွိသည့္ အမ်ိဳးသမီးမ်ားကို ေဈးကြက္အတြင္းသို႔ ပိုမို ဝင္ေရာက္လာေစႏိုင္ၿပီး အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းမ်ားႏွင့္ စားဝတ္ေနေရး အာမခံခ်က္ကို ျမႇင့္တင္ ေပးရန္ ရည္႐ြယ္သည့္ အဆိုပါအေသးစားေခ်းေငြလုပ္ငန္း အစီအစဥ္ကို ယခုအခါတြင္ Ongo mobile money ဝန္ေဆာင္မႈမ်ားျဖင့္ ပိုမိုလြယ္ကူစြာ ေဆာင္႐ြက္ႏိုင္ၿပီျဖစ္သည္။

“ေခ်းေငြရယူၾကတဲ့ အမ်ိဳးသမီးေတြရဲ႕ စြမ္းေဆာင္ရည္ကိုျမႇင့္တင္ေပးၿပီး လက္ရွိအေနအထားထက္ တိုးတက္လာေစဖို႔ ရည္႐ြယ္တဲ့ Social Vision Services ရဲ႕ လုပ္ငန္းေတြဟာ အရမ္းကိုေကာင္းမြန္ပါတယ္။ အလုပ္ႀကိဳးစားၿပီး အခ်ိန္မအားလပ္တဲ့ ေငြေခ်းသူေတြအေနနဲ႔ သူတို႔ရဲ႕ေခ်းေငြေတြကို လြယ္လြယ္ကူကူ ထိထိေရာက္ေရာက္ ျပန္ေပးႏိုင္ဖို႔အတြက္ SVS နဲ႔ အတူတကြ ပူးေပါင္းလုပ္ေဆာင္ခြင့္ရလို႔ အရမ္းကို အားရ ေက်နပ္မိပါတယ္” ဟု Ongo ၏ CEO ျဖစ္သူ Allen Gilstrap ကေျပာၾကားခဲ့သည္။ SVS သည္ ေက်းလက္ေဒသရွိ စီးပြားေရးမေျပလည္သည့္အမ်ိဳးသမီးမ်ားအေနျဖင့္ မိသားစုကိုေထာက္ပံ့ႏိုင္ေရး အတြက္ စိုက္ပ်ိဳးေရးမဟုတ္သည့္ အျခားအလုပ္မ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ စိုက္ပ်ိဳးေရးေခ်းေငြမ်ားအျပင္ အေသးစား ေခ်းေငြမ်ားကိုလည္း ဝန္ေဆာင္မႈေပးလ်က္ရွိသည္။

စက္မႈဝန္ႀကီးဌာနမွ ထုတ္ျပန္သည့္ အခ်က္အလက္မ်ားအရ ႏိုင္ငံ့စီးပြားေရးလုပ္ငန္းမ်ား၏ ၉၈% သည္ အေသးစား၊ အလတ္စားႏွင့္ အငယ္စား စီးပြားေရးလုပ္ငန္းမ်ားျဖစ္ၾကသည္။ သို႔ရာတြင္ ၎စီးပြားေရး လုပ္ငန္းမ်ား၏ ၃% ကိုသာ ဘ႑ာေရးအဖြဲ႕အစည္းမ်ားမွ ေငြေၾကးေထာက္ပံ့ေပးထားသည္။ SVS ကဲ့သို႔ ေသာ အဖြဲ႕အစည္းမ်ားသည္ အေသးစားစီးပြားေရးလုပ္ငန္းရွင္မ်ားကို အျခားေသာေ႐ြးခ်ယ္ခြင့္တစ္ခုအျဖစ္ ေခ်းေငြမ်ားထုတ္ေပးလ်က္ရွိၿပီး ယခုအခါတြင္ ၎တို႔၏ ေခ်းေငြျပန္လည္ေပးသြင္းမႈမ်ားကို Ongo ျဖင့္ ပိုမိုလြယ္ကူစြာ ေဆာင္႐ြက္ႏိုင္ေတာ့မည္ျဖစ္သည္။

“လြန္ခဲ့တဲ့ ၁၀ႏွစ္အတြင္းမွာ SVS က သဘာဝေဘးအႏၲရာယ္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းေတြကို ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ပါတယ္။ အေရးေပၚ ေသာက္သုံးေရ၊ က်န္းမာေရးနဲ႔တစ္ကိုယ္ရည္သန႔္ရွင္းမႈဆိုင္ရာ အသုံးအေဆာင္ပစၥည္းမ်ား၊ အေရးေပၚအသက္ေမြးဝမ္းေၾကာင္းအကူအညီေတြနဲ႔ စိတ္ပိုင္းဆိုင္ရာလူမႈေရး ကူညီေထာက္ပံ့မႈမ်ားကို သဘာဝေဘးအႏၲရာယ္သင့္ခဲ့တဲ့ ေဒသခံေတြအတြက္ ေဆာင္႐ြက္ေပးခဲ့ပါတယ္။ ကြၽန္မတို႔ရဲ႕ အေသးစားေခ်းေငြဝန္ေဆာင္မႈလုပ္ငန္းဟာဆိုရင္ မၾကာေသးမီႏွစ္မ်ားအတြင္းမွာ ဆင္းရဲႏြမ္းပါး မႈေလွ်ာ့ခ်ႏိုင္ေရး၊ ေက်းလက္ေန ျပည္သူေတြအေနနဲ႔ ကိုယ္ပိုင္လုပ္ငန္းေတြတိုးတက္ လုပ္ကိုင္လာႏိုင္ေရး အတြက္ ကူညီေဆာင္႐ြက္ေပးခဲ့ပါတယ္။ Ongo နဲ႔အတူ ပူးေပါင္းေဆာင္႐ြက္လုပ္ကိုင္ျခင္းဟာ ေက်းလက္ ေန ျမန္မာျပည္သူေတြရဲ႕ ေကာင္းက်ိဳးအတြက္ ကြၽန္မတို႔ရဲ႕ ဝန္ေဆာင္မႈေတြကို ေထာက္ပံ့ျမႇင့္တင္ႏိုင္ဖို႔ အျခားသူေတြရဲ႕စြမ္းေဆာင္ရည္၊အသိပညာေတြနဲ႔အတူ ေပါင္းစပ္ေဆာင္႐ြက္မႈကို ျပတဲ့ ဥပမာေကာင္းတစ္ခု ျဖစ္ပါတယ္” ဟု ဦးေဆာင္ၫႊန္ၾကားေရးမႈျဖစ္သူ ေဒၚခင္သက္ေမာ္ မွရွင္းလင္းေျပာၾကားခဲ့ပါသည္။

SVS ၏ ဝန္ေဆာင္မႈရယူသူမ်ားသည္ Ongo ကိုယ္စားလွယ္မ်ား မွေသာ္လည္းေကာင္း၊ Ongo smartphone App ျဖင့္ လည္းေကာင္း ေခ်းေငြမ်ားကို လြယ္ကူစြာ ျပန္ေပးႏိုင္မည္ျဖစ္သည္။ Ongo mobile wallet အား ျမန္မာအေရွ႕တိုင္းဘဏ္ လီမိတက္၏ ပူးေပါင္းေဆာင္႐ြက္မႈ အကူအညီျဖင့္ ၂၀၁၇ ခုႏွစ္၌ တရားဝင္ စတင္ မိတ္ဆက္ခဲ့ၿပီး Ongo mobile wallet အေကာင့္မ်ားကို ျမန္မာအေရွ႕တိုင္းဘဏ္ (MOB) မွတစ္ဆင့္ ျမန္မာႏိုင္ငံ ဗဟိုဘဏ္မွ Mobile Banking လိုင္စင္ (MBL) ျဖင့္ ထိန္းခ်ဳပ္ေဆာင္႐ြက္ထားပါသည္။ ဤအခ်က္သည္ Ongo ဝန္ေဆာင္မႈအသုံးျပဳသူမ်ားအေနျဖင့္ ဘဏ္ခြဲမ်ားသို႔ သြားစရာမလိုပဲ ဘဏ္စာရင္း တစ္ခုကဲ့သို႔ လုံၿခဳံစိတ္ခ်မႈ ေပးႏိုင္သည္။

Ongo ႏွင့္ SVS ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈစနစ္ပူးေပါင္းေဆာင္႐ြက္မႈ သို႔မဟုတ္ Ongo ၏ အျခား ဆန္းသစ္ ေသာ ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈ ဝန္ေဆာင္မႈမ်ားကို ပိုမိုသိရွိလိုပါလွ်င္ ကုမၸဏီ၏ တရားဝင္ ဝက္ဘ္ဆိုဒ္ ျဖစ္ေသာ ongo.com.mm သို႔မဟုတ္ Facebook အေကာင့္ျဖစ္သည့္ facebook.com/ongoemoney တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ၿပီး အီးေမးလ္ ႏွင့္ ဖုန္းနံပါတ္- ၀၉-၄၅၀၈၈၈၉၉၆၊ ၀၉-၄၄၄၄၅၀၈၁၆ သို႔ ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။

[Unicode]

၀င်ငွေနည်းပါးသည့် ငွေချေးပြည်သူများမှ လွယ်ကူစွာ ငွေပြန်လည်ပေးသွင်းနိုင်ရန် SVS နှင့် Ongo ပူးပေါင်းဆောင်ရွက်

ဒစ်ဂျစ်တယ် ငွေပေးချေမှု ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ Ongo သည် ကျေးလက်နေပြည်သူများ လွယ်ကူထိရောက်စွာ ချေးငွေပြန်လည်ပေးသွင်းနိုင်ရန်အတွက် အသေးစားချေးငွေ အဖွဲ့အစည်းဖြစ်သော SVS နှင့် ဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသတွင် နာဂစ်မုန်တိုင်းကြောင့် ဖြစ်ပေါ်သည့် အပျက်အစီးများကို ကူညီဆောင်ရွက်ပေးရန် အတွက် ၂၀၀၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် Social Vision Services (SVS) သည် ၎င်း၏ ကနဦး အရေးပေါ်ကူညီပေးရေး ကြိုးပမ်းဆောင်ရွက်မှုများကို နိုင်ငံတစ်ဝှမ်းတွင် ရေရှည်လုပ်ကိုင်ဆောင်ရွက်နိုင်မည့်ပုံစံသို့ တိုးမြှင့်ပြောင်းလဲ လုပ်ဆောင်လာခဲ့သည်။ ။ SVS သည် အသေးစားချေးငွေ လုပ်ငန်းလိုင်စင်ကို ၂၀၁၃ ခုနှစ်တွင် ရရှိခဲ့ပြီး လက်ရှိတွင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၌ အမျိုးသမီးဦးရေ ၈,၀၀၀ ကျော်အတွက် အသေးစားချေးငွေ ဝန်ဆောင်မှုများကို ပေးအပ်ဆောင်ရွက်လျက်ရှိသည်။

ကျေးလက်နေ တောင်သူလယ်သမားများနှင့် မြေပိုင်မရှိသည့် အမျိုးသမီးများကို ဈေးကွက်အတွင်းသို့ ပိုမို ဝင်ရောက်လာစေနိုင်ပြီး အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် စားဝတ်နေရေး အာမခံချက်ကို မြှင့်တင် ပေးရန် ရည်ရွယ်သည့် အဆိုပါအသေးစားချေးငွေလုပ်ငန်း အစီအစဉ်ကို ယခုအခါတွင် Ongo mobile money ဝန်ဆောင်မှုများဖြင့် ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ပြီဖြစ်သည်။

“ချေးငွေရယူကြတဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးပြီး လက်ရှိအနေအထားထက် တိုးတက်လာစေဖို့ ရည်ရွယ်တဲ့ Social Vision Services ရဲ့ လုပ်ငန်းတွေဟာ အရမ်းကိုကောင်းမွန်ပါတယ်။ အလုပ်ကြိုးစားပြီး အချိန်မအားလပ်တဲ့ ငွေချေးသူတွေအနေနဲ့ သူတို့ရဲ့ချေးငွေတွေကို လွယ်လွယ်ကူကူ ထိထိရောက်ရောက် ပြန်ပေးနိုင်ဖို့အတွက် SVS နဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်ခွင့်ရလို့ အရမ်းကို အားရ ကျေနပ်မိပါတယ်” ဟု Ongo ၏ CEO ဖြစ်သူ Allen Gilstrap ကပြောကြားခဲ့သည်။ SVS သည် ကျေးလက်ဒေသရှိ စီးပွားရေးမပြေလည်သည့်အမျိုးသမီးများအနေဖြင့် မိသားစုကိုထောက်ပံ့နိုင်ရေး အတွက် စိုက်ပျိုးရေးမဟုတ်သည့် အခြားအလုပ်များတွင် ရင်းနှီးမြှုပ်နှံရန် စိုက်ပျိုးရေးချေးငွေများအပြင် အသေးစား ချေးငွေများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိသည်။

စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ နိုင်ငံ့စီးပွားရေးလုပ်ငန်းများ၏ ၉၈% သည် အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများဖြစ်ကြသည်။ သို့ရာတွင် ၎င်းစီးပွားရေး လုပ်ငန်းများ၏ ၃% ကိုသာ ဘဏ္ဍာရေးအဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့ပေးထားသည်။ SVS ကဲ့သို့ သော အဖွဲ့အစည်းများသည် အသေးစားစီးပွားရေးလုပ်ငန်းရှင်များကို အခြားသောရွေးချယ်ခွင့်တစ်ခုအဖြစ် ချေးငွေများထုတ်ပေးလျက်ရှိပြီး ယခုအခါတွင် ၎င်းတို့၏ ချေးငွေပြန်လည်ပေးသွင်းမှုများကို Ongo ဖြင့် ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။

“လွန်ခဲ့တဲ့ ၁၀နှစ်အတွင်းမှာ SVS က သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အရေးပေါ် သောက်သုံးရေ၊ ကျန်းမာရေးနဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ အရေးပေါ်အသက်မွေးဝမ်းကြောင်းအကူအညီတွေနဲ့ စိတ်ပိုင်းဆိုင်ရာလူမှုရေး ကူညီထောက်ပံ့မှုများကို သဘာဝဘေးအန္တရာယ်သင့်ခဲ့တဲ့ ဒေသခံတွေအတွက် ဆောင်ရွက်ပေးခဲ့ပါတယ်။ ကျွန်မတို့ရဲ့ အသေးစားချေးငွေဝန်ဆောင်မှုလုပ်ငန်းဟာဆိုရင် မကြာသေးမီနှစ်များအတွင်းမှာ ဆင်းရဲနွမ်းပါး မှုလျှော့ချနိုင်ရေး၊ ကျေးလက်နေ ပြည်သူတွေအနေနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေတိုးတက် လုပ်ကိုင်လာနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ Ongo နဲ့အတူ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဟာ ကျေးလက် နေ မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးအတွက် ကျွန်မတို့ရဲ့ ဝန်ဆောင်မှုတွေကို ထောက်ပံ့မြှင့်တင်နိုင်ဖို့ အခြားသူတွေရဲ့စွမ်းဆောင်ရည်၊အသိပညာတွေနဲ့အတူ ပေါင်းစပ်ဆောင်ရွက်မှုကို ပြတဲ့ ဥပမာကောင်းတစ်ခု ဖြစ်ပါတယ်” ဟု ဦးဆောင်ညွှန်ကြားရေးမှုဖြစ်သူ ဒေါ်ခင်သက်မော် မှရှင်းလင်းပြောကြားခဲ့ပါသည်။

SVS ၏ ဝန်ဆောင်မှုရယူသူများသည် Ongo ကိုယ်စားလှယ်များ မှသော်လည်းကောင်း၊ Ongo smartphone App ဖြင့် လည်းကောင်း ချေးငွေများကို လွယ်ကူစွာ ပြန်ပေးနိုင်မည်ဖြစ်သည်။ Ongo mobile wallet အား မြန်မာအရှေ့တိုင်းဘဏ် လီမိတက်၏ ပူးပေါင်းဆောင်ရွက်မှု အကူအညီဖြင့် ၂၀၁၇ ခုနှစ်၌ တရားဝင် စတင် မိတ်ဆက်ခဲ့ပြီး Ongo mobile wallet အကောင့်များကို မြန်မာအရှေ့တိုင်းဘဏ် (MOB) မှတစ်ဆင့် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ Mobile Banking လိုင်စင် (MBL) ဖြင့် ထိန်းချုပ်ဆောင်ရွက်ထားပါသည်။ ဤအချက်သည် Ongo ဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် ဘဏ်ခွဲများသို့ သွားစရာမလိုပဲ ဘဏ်စာရင်း တစ်ခုကဲ့သို့ လုံခြုံစိတ်ချမှု ပေးနိုင်သည်။

Ongo နှင့် SVS ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် Ongo ၏ အခြား ဆန်းသစ် သော ဒစ်ဂျစ်တယ်ငွေပေးချေမှု ဝန်ဆောင်မှုများကို ပိုမိုသိရှိလိုပါလျှင် ကုမ္ပဏီ၏ တရားဝင် ဝက်ဘ်ဆိုဒ် ဖြစ်သော ongo.com.mm သို့မဟုတ် Facebook အကောင့်ဖြစ်သည့် facebook.com/ongoemoney တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး အီးမေးလ်နှ င့် ဖုန်းနံပါတ်- ၀၉-၄၅၀၈၈၈၉၉၆၊ ၀၉-၄၄၄၄၅၀၈၁၆ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။