[Zawgyi]

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက Google ဟာ သူ႔ရဲ႕ Messaging Service တစ္ခုျဖစ္တဲ့ Hangouts ကို ၂၀၂၀မွာ ပိတ္သိမ္းသြားေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဒါေပမယ့္ Google ရဲ႕ Real Time Communications product lead ျဖစ္သူ Scott Johnston က သူ႔ရဲ႕ Twitter အေကာင့္မွာ Google အေနနဲ႔ Hangouts ကို ပိတ္သိမ္းဖို႔ ဆုံးျဖတ္ခ်က္ ခ်ထားတာ မဟုတ္ေၾကာင္း အတည္ျပဳေပးခဲ့ပါတယ္။

Scott Johnston ေရးသားေဖာ္ျပမႈမွာ Hangouts user ေတြအေနနဲ႔ Hangouts Chat နဲ႔ Hangouts Meet ေတြကို အဆင့္ျမႇင့္တင္ရဦးမွာ ျဖစ္ေၾကာင္းလည္း ထည့္သြင္းေရးသားထားပါေသးတယ္။ Scott Johnston ကေတာ့ လက္ရွိေဖာ္ျပေနတဲ့ မီဒီယာေတြရဲ႕ သတင္းရင္းျမစ္က မွားယြင္းေဖာ္ျပေနေၾကာင္း အသုံးျပဳသူေတြအေနနဲ႔ ေကာင္းေကာင္းမြန္မြန္ ဆက္သုံးလို႔ရတယ္လို႔လည္း ေရးသားသြားခဲ့ပါေသးတယ္။

ပိတ္သိမ္းဖြယ္ရွိတယ္ဆိုတဲ့ သတင္းကို 9to5Google က စတင္ေဖာ္ျပခဲ့ဖြယ္ ရွိပါတယ္။ ဒါေပမယ့္ ဒီလိုပိတ္သိမ္းတဲ့ေနရာမွာ အလုံးစုံပိတ္သိမ္းမွာမဟုတ္ဘဲ သာမန္အသုံးျပဳသူေတြအတြက္ အသုံးျပဳခြင့္ကိုသာ ပိတ္သိမ္းမွာျဖစ္တယ္လို႔လည္း ေဖာ္ျပခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ 9to5Google ကလည္း ပိတ္သိမ္းဖြယ္ရွိေၾကာင္းသာ ေရးသားေဖာ္ျပခဲ့တာျဖစ္သလို Google ဘက္ကလည္း တရားဝင္ ေၾကညာထားျခင္း မရွိခဲ့တာပါ။

Google Hangouts ဟာ လြန္ခဲ့တဲ့ ၅ႏွစ္ ၂၀၁၃ ခုႏွစ္ ေမလတုန္းက စတင္လႊင့္တင္ေပးခဲ့တာျဖစ္ပါတယ္။ Gchat ရဲ႕ေနရာမွာ အစားထိုးဝင္ေရာက္လာတဲ့ Hangouts ဟာ ၿပီးခဲ့တဲ့ ႏွစ္ပိုင္းေတြမွာေတာ့ Update ေတြမရေတာ့ဘဲ ရပ္တန႔္ေနသလို ျဖစ္ခဲ့ရပါတယ္။ အခု ထြက္ေပၚလာတဲ့ သတင္းကလည္း Google အေနနဲ႔ တရားဝင္ ထုတ္ျပန္ေၾကညာခဲ့တဲ့ သတင္းမဟုတ္တာေၾကာင့္ Google ရဲ႕ တရားဝင္ ထုတ္ျပန္ေၾကညာခ်က္ကို ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

 

Ref: GSMarena

 

[Unicode]

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Google ဟာ သူ့ရဲ့ Messaging Service တစ်ခုဖြစ်တဲ့ Hangouts ကို ၂၀၂၀မှာ ပိတ်သိမ်းသွားတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် Google ရဲ့ Real Time Communications product lead ဖြစ်သူ Scott Johnston က သူ့ရဲ့ Twitter အကောင့်မှာ Google အနေနဲ့ Hangouts ကို ပိတ်သိမ်းဖို့ ဆုံးဖြတ်ချက် ချထားတာ မဟုတ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

Scott Johnston ရေးသားဖော်ပြမှုမှာ Hangouts user တွေအနေနဲ့ Hangouts Chat နဲ့ Hangouts Meet တွေကို အဆင့်မြှင့်တင်ရဦးမှာ ဖြစ်ကြောင်းလည်း ထည့်သွင်းရေးသားထားပါသေးတယ်။ Scott Johnston ကတော့ လက်ရှိဖော်ပြနေတဲ့ မီဒီယာတွေရဲ့ သတင်းရင်းမြစ်က မှားယွင်းဖော်ပြနေကြောင်း အသုံးပြုသူတွေအနေနဲ့ ကောင်းကောင်းမွန်မွန် ဆက်သုံးလို့ရတယ်လို့လည်း ရေးသားသွားခဲ့ပါသေးတယ်။

ပိတ်သိမ်းဖွယ်ရှိတယ်ဆိုတဲ့ သတင်းကို 9to5Google က စတင်ဖော်ပြခဲ့ဖွယ် ရှိပါတယ်။ ဒါပေမယ့် ဒီလိုပိတ်သိမ်းတဲ့နေရာမှာ အလုံးစုံပိတ်သိမ်းမှာမဟုတ်ဘဲ သာမန်အသုံးပြုသူတွေအတွက် အသုံးပြုခွင့်ကိုသာ ပိတ်သိမ်းမှာဖြစ်တယ်လို့လည်း ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် 9to5Google ကလည်း ပိတ်သိမ်းဖွယ်ရှိကြောင်းသာ ရေးသားဖော်ပြခဲ့တာဖြစ်သလို Google ဘက်ကလည်း တရားဝင် ကြေညာထားခြင်း မရှိခဲ့တာပါ။

Google Hangouts ဟာ လွန်ခဲ့တဲ့ ၅နှစ် ၂၀၁၃ ခုနှစ် မေလတုန်းက စတင်လွှင့်တင်ပေးခဲ့တာဖြစ်ပါတယ်။ Gchat ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ Hangouts ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာတော့ Update တွေမရတော့ဘဲ ရပ်တန့်နေသလို ဖြစ်ခဲ့ရပါတယ်။ အခု ထွက်ပေါ်လာတဲ့ သတင်းကလည်း Google အနေနဲ့ တရားဝင် ထုတ်ပြန်ကြေညာခဲ့တဲ့ သတင်းမဟုတ်တာကြောင့် Google ရဲ့ တရားဝင် ထုတ်ပြန်ကြေညာချက်ကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 

Ref: GSMarena