[Zawgyi]

အူရီဒူးျမန္မာသည္ ျမန္မာႏိုင္ငံတြင္ လုပ္ငန္းေဆာင္႐ြက္မႈ ၅ ႏွစ္ျပည့္ အထိမ္းအမွတ္ကို ေအာင္ျမင္မႈမ်ားစြာျဖင့္ က်င္းပခဲ့ပါသည္။ ၂၀၁၄ခုႏွစ္ ၾသဂုတ္လတြင္ ဆက္သြယ္ေရးဝန္ေဆာင္မႈမ်ား စတင္ေပးအပ္သည့္အခ်ိန္မွစတင္ၿပီး၊ အူရီဒူးျမန္မာအေနျဖင့္ ကမာၻ႔အဆင့္မီ ေနာက္ဆုံးေပၚ နည္းပညာမ်ားကို ျမန္မာႏိုင္ငံသို႔ ယူေဆာင္ေပးျခင္း၊ ဆန္းသစ္တီထြင္ထားေသာ ဝန္ေဆာင္မႈမ်ားကို မိတ္ဆက္ေပးျခင္း ႏွင့္ လူမႈေရး ႏွင့္ စီးပြားေရးက႑ကို အေထာက္ကူျပဳမည့္ အက်ိဳးေက်းဇူးမ်ားကို ျပည္သူလူထုထံသို႔ ယူေဆာင္ေပးျခင္း ဆိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ကြန္ရက္ျဖန႔္ၾကက္ျခင္း၊ ဆက္သြယ္ေရးဆိုင္ရာ အေျခခံအေဆာက္အဦကို အဆင့္ျမႇင့္တင္ျခင္း တို႔ကို လုပ္ေဆာင္ျခင္းျဖင့္ ေအာင္ျမင္မႈမ်ားစြာကို မွတ္ေက်ာက္တင္ႏိုင္ခဲ့ပါသည္။

အူရီဒူးသည္ ၂၀၁၆ခုႏွစ္ ေမလ၌ ျမန္မာႏိုင္ငံတြင္ 4G ကြန္ရက္ကို ပထမဦးဆုံး အေနျဖင့္ စတင္မိတ္ဆက္ၿပီး ဝန္ေဆာင္မႈေပးအပ္ခဲ့ပါသည္။ ကြန္ရက္အျမန္ႏႈန္းတိုင္းတာစစ္ေဆးမႈတြင္ ကမာၻ႔ထိပ္တန္း အဖြဲ႕အစည္းျဖစ္သည့္ Ookla® မွ အူရီဒူး၏ မိုဘိုင္းကြန္ရက္ကို ျမန္မာ့အျမန္ဆုံး မိုဘိုင္းကြန္ရက္အျဖစ္ ၂၀၁၈ခုႏွစ္အတြက္ အသိအမွတ္ျပဳခဲ့ၿပီး၊ ယခု ၂၀၁၉ခုႏွစ္ ပထမသုံးလပတ္ႏွင့္ ဒုတိယ သုံးလပတ္တြင္လည္း ထပ္မံအသိအမွတ္ျပဳခဲ့ပါသည္။

ျမန္မာႏိုင္ငံတြင္ ၎အေနျဖင့္ ဆက္သြယ္ေရးဝန္ေဆာင္မႈမ်ားေပးအပ္ျခင္း ၅ ႏွစ္ျပည့္ အခမ္းအနားကို ဆင္ႏႊဲသည့္အေနျဖင့္ ေနရာ (၅)ေနရာတြင္ လႉဒါန္းမႈအခမ္းအနားမ်ားကို ျပဳလုပ္ခဲ့ပါသည္။ အူရီဒူးျမန္မာသည္ အျပည္ျပည္ဆိုင္ရာ ေထရဝါဒဗုဒၶသာသနာျပဳတကၠသိုလ္မွ သံဃာေတာ္မ်ားအား ဆြမ္းကပ္ျခင္း၊ ေ႐ႊဂုံတိုင္ ကေလးျပဳစုေရးဌာနမွ ေမြးကင္းစကေလးငယ္ ၇ဝ ခန႔္အတြက္ ႏို႔မႈန႔္မ်ားလႉဒါန္းျခင္း၊ ငွက္ေအာ္စမ္း လူငယ္သင္တန္းေက်ာင္း၊ က်ိဳက္ဝိုင္း လူငယ္သင္တန္းေက်ာင္းႏွင့္ မလိခ အမ်ိဳးသမီးကေလးမ်ား သင္တန္းေက်ာင္းတို႔ရွိ အမ်ိဳးသားႏွင့္အမ်ိဳးသမီးငယ္ ၈ဝဝ ေက်ာ္အတြက္ တစ္ေန႔တာ အဟာရလႉဒါန္းျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ပါသည္။

အူရီဒူးျမန္မာ၏ CEO ျဖစ္သူ Mr. Rajeev Sethi က “ကြၽန္ေတာ္တို႔အေနနဲ႔ ျမန္မာႏိုင္ငံမွာ ၅ ႏွစ္တာ ေအာင္ျမင္မႈမ်ားစြာ ရရွိခဲ့လို႔ အထူးဝမ္းေျမာက္မိပါတယ္။ ဒီေအာင္ျမင္မႈေတြရရွိလာႏိုင္ဖို႔ အဓိကပံ့ပိုးေပးၾကတဲ့ အေရးႀကီးလွတဲ့ သုံးစြဲသူမိဘျပည္သူေတြ၊ ႏိုင္ငံေတာ္အစိုးရနဲ႔အတူ ဥပေဒျပဳအဖြဲ႕မ်ား၊ မိတ္ဖက္အဖြဲ႕အစည္းမ်ားကိုလည္း ေက်းဇူးအထူးတင္ရွိေၾကာင္း ေျပာၾကားလိုပါတယ္။ အူရီဒူးမွ ျမန္မာႏိုင္ငံမွာ “ျပည္သူမ်ား၏ ဒီဂ်စ္တယ္ဘဝမ်ားကို ျပည့္စုံေကာင္းမြန္ေစမည္”ဆိုတဲ့ လုပ္ငန္းစတင္ေဆာင္႐ြက္ကတည္းက ရည္မွန္းခ်က္ကို ျဖည့္ဆည္းရန္အတြက္ အဓိကတန္ဖိုးထားမႈေတြျဖစ္တဲ့ ဂ႐ုစိုက္ျခင္း၊ ဆက္သြယ္ျခင္းႏွင့္ စိန္ေခၚျခင္းတို႔ျဖင့္ တစိုက္မတ္မတ္ေဆာင္႐ြက္ခဲ့ပါသည္။ ဒါ့ေၾကာင့္ အူရီဒူးအေနနဲ႔ နည္းပညာစြမ္းပကား သာမက လူမႈအက်ိဳးျပဳလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္းနဲ႔ပါ ေဒသေန ျပည္သူလူထုကိုအက်ိဳးျပဳဖို႔ စဥ္ဆက္မျပတ္ ေဆာင္႐ြက္ေနပါတယ္။ တန္ဖိုးထားရတဲ့ သုံးစြဲသူေတြရဲ႕ ပံ့ပိုးမႈေတြနဲ႔အတူ ကြၽန္ေတာ္တို႔အေနနဲ႔ ေနာင္လာမယ့္ႏွစ္ေတြမွာလည္း မွတ္ေက်ာက္တင္ႏိုင္မယ့္ လုပ္ငန္းစြမ္းေဆာင္မႈ အရွိန္အဟုန္ကို ဆက္လက္ထိန္းသိမ္းေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။” ဟု ေျပာၾကားလိုက္သည္။

အူရီဒူးျမန္မာမွ လုပ္ငန္းစတင္ေဆာင္႐ြက္ကတည္းမွစတင္၍ ယေန႔အထိ ျမန္မာႏိုင္ငံတြင္ အေမရိကန္ေဒၚလာ ဘီလီယံေပါင္းမ်ားစြာ ရင္းႏွီးျမႇဳပ္ႏွံခဲ့ၿပီး ဆက္သြယ္ေရးအေျခခံအေဆာက္အဦ ဖြံ႕ၿဖိးတိုးတက္ေရးအတြက္ ေဆာင္႐ြက္ခဲ့သည့္အျပင္ ျပည္သူလူထု၏ဘဝမ်ား ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေကာင္းမြန္လာေရးအတြက္ လူမႈအက်ိဳးျပဳလုပ္ငန္းမ်ားတြင္ စုစုေပါင္း က်ပ္ေငြ ၅၁ ဘီလီယံေက်ာ္ ပံ့ပိုေပးခဲ့ပါသည္။ အူရီဒူးအေနျဖင့္ ၎၏ ၅ ႏွစ္တာအတြင္း လိုင္စင္ရရွိခဲ့ကတတည္းက ေဆာင္႐ြက္ရမည့္ လုပ္ငန္းေဆာင္တာမ်ားကိုလည္း တစ္ႏွစ္ၿပီးတစ္ႏွစ္ တိုးတက္ေအာင္လုပ္ေဆာင္ႏိုင္ျခင္းျဖင့္ ကြန္ရက္ျဖန႔္ၾကက္လႊမ္းၿခဳံျခင္းကို ျပည့္ဝေအာင္ ေဆာင္႐ြက္ခဲ့ပါသည္။ ယေန႔တြင္ ျမန္မာႏိုင္ငံရွိ လူဦးေရ၏ ၉၄ % ေက်ာ္ကို အူရီဒူးကြန္ရက္လႊမ္းၿခဳံထားႏိုင္ၿပီျဖစ္ၿပီး၊ ၿမိဳ႕နယ္ေပါင္း ၃ဝဝ ေက်ာ္သည္ အူရီဒူး 4G Plus ကြန္ရက္ေအာက္တြင္ ရွိေနၿပီ ျဖစ္ပါသည္။

ျမန္မာႏိုင္ငံသို႔ ေနာက္ဆုံးေပၚအဆင့္ျမင့္နည္းပညာမ်ား ယူေဆာင္လာေပးရန္ ရည္႐ြယ္ခ်က္ျဖင့္ အူရီဒူးျမန္မာမွ ျမန္မာႏိုင္ငံတြင္ ၂ဝ၁၈ ခုႏွစ္ကတည္းက 5G ဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ခ်က္မ်ားကို အစျပဳေဆာင္႐ြက္ေနခဲ့ၿပီး ရန္ကုန္နည္းပညာတကၠသိုလ္တြင္ နည္းပညာေက်ာင္းသားမ်ား ေနာက္ဆုံးေပၚ 5G နည္းပညာကို ေလ့လာႏိုင္ရန္အတြက္ 5G နည္းပညာစင္တာ ဖြင့္လွစ္ျခင္းကို ပံ့ပိုးေပးခဲ့ပါသည္။

အူရီဒူးျမန္မာအေနျဖင့္ ဒီဂ်စ္တယ္ေျပာင္းလဲေဖာ္ေဆာင္ေရးႏွင့္ ျမန္မာႏိုင္ငံအား ဒီဂ်စ္တယ္က႑တြင္ ထိပ္တန္းမွဦးေဆာင္ေစႏိုင္ရန္ ၎၏ ဆန္းသစ္တီထြင္ဖန္တီးထားၿပီး အသုံးျပဳရလြယ္ကူျမန္ဆန္သည့္ ဝန္ေဆာင္မႈမ်ား၊ ထုတ္ကုန္မ်ားသာမက သုံးစြဲသူမ်ားအတြက္ အေကာင္းဆုံးေသာ အေတြ႕အႀကဳံမ်ားကို ေပးအပ္ရန္ ဒီဂ်စ္တယ္သုံးစြဲသူ ဝန္ေဆာင္မႈမ်ားႏွင့္အတူ႔ စိတ္အားထက္သန္စြာျဖင့္ ပံ့ပိုးေပးလ်က္ရွိပါသည္။

[Unicode]

အူရီဒူးမှ မြန်မာနိုင်ငံတွင် ၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားအား အောင်မြင်မှုများစွာဖြင့်ဆင်နွှဲ

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်မှု ၅ နှစ်ပြည့် အထိမ်းအမှတ်ကို အောင်မြင်မှုများစွာဖြင့် ကျင်းပခဲ့ပါသည်။ ၂၀၁၄ခုနှစ် သြဂုတ်လတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ စတင်ပေးအပ်သည့်အချိန်မှစတင်ပြီး၊ အူရီဒူးမြန်မာအနေဖြင့် ကမ္ဘာ့အဆင့်မီ နောက်ဆုံးပေါ် နည်းပညာများကို မြန်မာနိုင်ငံသို့ ယူဆောင်ပေးခြင်း၊ ဆန်းသစ်တီထွင်ထားသော ဝန်ဆောင်မှုများကို မိတ်ဆက်ပေးခြင်း နှင့် လူမှုရေး နှင့် စီးပွားရေးကဏ္ဍကို အထောက်ကူပြုမည့် အကျိုးကျေးဇူးများကို ပြည်သူလူထုထံသို့ ယူဆောင်ပေးခြင်း ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကွန်ရက်ဖြန့်ကြက်ခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦကို အဆင့်မြှင့်တင်ခြင်း တို့ကို လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုများစွာကို မှတ်ကျောက်တင်နိုင်ခဲ့ပါသည်။

အူရီဒူးသည် ၂၀၁၆ခုနှစ် မေလ၌ မြန်မာနိုင်ငံတွင် 4G ကွန်ရက်ကို ပထမဦးဆုံး အနေဖြင့် စတင်မိတ်ဆက်ပြီး ဝန်ဆောင်မှုပေးအပ်ခဲ့ပါသည်။ ကွန်ရက်အမြန်နှုန်းတိုင်းတာစစ်ဆေးမှုတွင် ကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်းဖြစ်သည့် Ookla® မှ အူရီဒူး၏ မိုဘိုင်းကွန်ရက်ကို မြန်မာ့အမြန်ဆုံး မိုဘိုင်းကွန်ရက်အဖြစ် ၂၀၁၈ခုနှစ်အတွက် အသိအမှတ်ပြုခဲ့ပြီး၊ ယခု ၂၀၁၉ခုနှစ် ပထမသုံးလပတ်နှင့် ဒုတိယ သုံးလပတ်တွင်လည်း ထပ်မံအသိအမှတ်ပြုခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ၎င်းအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ခြင်း ၅ နှစ်ပြည့် အခမ်းအနားကို ဆင်နွှဲသည့်အနေဖြင့် နေရာ (၅)နေရာတွင် လှူဒါန်းမှုအခမ်းအနားများကို ပြုလုပ်ခဲ့ပါသည်။ အူရီဒူးမြန်မာသည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနမှ မွေးကင်းစကလေးငယ် ၇ဝ ခန့်အတွက် နို့မှုန့်များလှူဒါန်းခြင်း၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း၊ ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းနှင့် မလိခ အမျိုးသမီးကလေးများ သင်တန်းကျောင်းတို့ရှိ အမျိုးသားနှင့်အမျိုးသမီးငယ် ၈ဝဝ ကျော်အတွက် တစ်နေ့တာ အဟာရလှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Rajeev Sethi က “ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ ၅ နှစ်တာ အောင်မြင်မှုများစွာ ရရှိခဲ့လို့ အထူးဝမ်းမြောက်မိပါတယ်။ ဒီအောင်မြင်မှုတွေရရှိလာနိုင်ဖို့ အဓိကပံ့ပိုးပေးကြတဲ့ အရေးကြီးလှတဲ့ သုံးစွဲသူမိဘပြည်သူတွေ၊ နိုင်ငံတော်အစိုးရနဲ့အတူ ဥပဒေပြုအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အူရီဒူးမှ မြန်မာနိုင်ငံမှာ “ပြည်သူများ၏ ဒီဂျစ်တယ်ဘဝများကို ပြည့်စုံကောင်းမွန်စေမည်”ဆိုတဲ့ လုပ်ငန်းစတင်ဆောင်ရွက်ကတည်းက ရည်မှန်းချက်ကို ဖြည့်ဆည်းရန်အတွက် အဓိကတန်ဖိုးထားမှုတွေဖြစ်တဲ့ ဂရုစိုက်ခြင်း၊ ဆက်သွယ်ခြင်းနှင့် စိန်ခေါ်ခြင်းတို့ဖြင့် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါသည်။ ဒါ့ကြောင့် အူရီဒူးအနေနဲ့ နည်းပညာစွမ်းပကား သာမက လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းနဲ့ပါ ဒေသနေ ပြည်သူလူထုကိုအကျိုးပြုဖို့ စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်။ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေရဲ့ ပံ့ပိုးမှုတွေနဲ့အတူ ကျွန်တော်တို့အနေနဲ့ နောင်လာမယ့်နှစ်တွေမှာလည်း မှတ်ကျောက်တင်နိုင်မယ့် လုပ်ငန်းစွမ်းဆောင်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားလိုက်သည်။

အူရီဒူးမြန်မာမှ လုပ်ငန်းစတင်ဆောင်ရွက်ကတည်းမှစတင်၍ ယနေ့အထိ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ပြီး ဆက်သွယ်ရေးအခြေခံအဆောက်အဦ ဖွံ့ဖြိးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည့်အပြင် ပြည်သူလူထု၏ဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာရေးအတွက် လူမှုအကျိုးပြုလုပ်ငန်းများတွင် စုစုပေါင်း ကျပ်ငွေ ၅၁ ဘီလီယံကျော် ပံ့ပိုပေးခဲ့ပါသည်။ အူရီဒူးအနေဖြင့် ၎င်း၏ ၅ နှစ်တာအတွင်း လိုင်စင်ရရှိခဲ့ကတတည်းက ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကိုလည်း တစ်နှစ်ပြီးတစ်နှစ် တိုးတက်အောင်လုပ်ဆောင်နိုင်ခြင်းဖြင့် ကွန်ရက်ဖြန့်ကြက်လွှမ်းခြုံခြင်းကို ပြည့်ဝအောင် ဆောင်ရွက်ခဲ့ပါသည်။ ယနေ့တွင် မြန်မာနိုင်ငံရှိ လူဦးရေ၏ ၉၄ % ကျော်ကို အူရီဒူးကွန်ရက်လွှမ်းခြုံထားနိုင်ပြီဖြစ်ပြီး၊ မြို့နယ်ပေါင်း ၃ဝဝ ကျော်သည် အူရီဒူး 4G Plus ကွန်ရက်အောက်တွင် ရှိနေပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံသို့ နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာများ ယူဆောင်လာပေးရန် ရည်ရွယ်ချက်ဖြင့် အူရီဒူးမြန်မာမှ မြန်မာနိုင်ငံတွင် ၂ဝ၁၈ ခုနှစ်ကတည်းက 5G ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကို အစပြုဆောင်ရွက်နေခဲ့ပြီး ရန်ကုန်နည်းပညာတက္ကသိုလ်တွင် နည်းပညာကျောင်းသားများ နောက်ဆုံးပေါ် 5G နည်းပညာကို လေ့လာနိုင်ရန်အတွက် 5G နည်းပညာစင်တာ ဖွင့်လှစ်ခြင်းကို ပံ့ပိုးပေးခဲ့ပါသည်။

အူရီဒူးမြန်မာအနေဖြင့် ဒီဂျစ်တယ်ပြောင်းလဲဖော်ဆောင်ရေးနှင့် မြန်မာနိုင်ငံအား ဒီဂျစ်တယ်ကဏ္ဍတွင် ထိပ်တန်းမှဦးဆောင်စေနိုင်ရန် ၎င်း၏ ဆန်းသစ်တီထွင်ဖန်တီးထားပြီး အသုံးပြုရလွယ်ကူမြန်ဆန်သည့် ဝန်ဆောင်မှုများ၊ ထုတ်ကုန်များသာမက သုံးစွဲသူများအတွက် အကောင်းဆုံးသော အတွေ့အကြုံများကို ပေးအပ်ရန် ဒီဂျစ်တယ်သုံးစွဲသူ ဝန်ဆောင်မှုများနှင့်အတူ့ စိတ်အားထက်သန်စွာဖြင့် ပံ့ပိုးပေးလျက်ရှိပါသည်။