[Zawgyi]

အူရီဒူးျမန္မာမွ စကၤာပူႏိုင္ငံတြင္ က်င္းပခဲ့သည့္ အာရွ၏ စီးပြားေရးေခါင္းေဆာင္မ်ားဆု ၂ဝ၁၉ “Asia’s Business Leaders Award 2019“ ဆုေပးပြဲ၌ ျမန္မာႏိုင္ငံတစ္ဝန္းတြင္ “ျပည္သူ႔စာၾကည့္တိုက္မွ ျပည္သူ႔စင္တာဆီသို႔” တိုးတက္ေျပာင္းလဲေရးစီမံကိန္းအား ကူညီပံ့ပိုးေပးခဲ့သည့္အတြက္ တစ္ႏွစ္တာ၏အေကာင္းဆုံး လူမႈအက်ိဳးျပဳလုပ္ငန္းအစီအစဥ္ဆု “Corporate Social Responsibility Program of the Year Award” ကိုရရွိခဲ့ပါသည္။

အူရီဒူးအေနျဖင့္ အဆင့္ျမင့္နည္းပညာကိုအသုံးျပဳျခင္းျဖင့္ ကုမၸဏီ၏ေမွ်ာ္မွန္းခ်က္ျဖစ္သည့္ “ျပည္သူမ်ား၏ လူမႈဘဝကို ဒီဂ်စ္တယ္လူေနမႈျဖင့္ ေတာက္ပေကာင္းမြန္ေအာင္ လုပ္ေဆာင္ေပးမည္” ကို ျဖည့္စြမ္းေပးလိုပါသည္။ ထို႔ေၾကာင့္ အူရီဒူးျမန္မာမွ Myanmar Book Aids and Preservation Foundation (MBAPF) ႏွင့္ ၂ဝ၁၄ ခုႏွစ္ စက္တင္ဘာလ ကတည္းစတင္၍ ပူးေပါင္းၿပီး လူထုစာၾကည့္တိုက္မ်ားကို ဒီဂ်စ္တယ္လူထုစင္တာမ်ားအျဖစ္ ေျပာင္းလဲႏိုင္ရန္ေဆာင္႐ြက္ခဲ့ပါသည္။ ၎အစီအစဥ္ စတင္သည့္အခ်ိန္မွစ၍ ယေန႔အထိ အူရီဒူး၏ ကူညီပံ့ပိုးမႈမွာ စုစုေပါင္း အေမရိကန္ေဒၚလာ ၅၆၁,၈၂၇ ခန႔္ရွိၿပီး အဆိုပါပံ့ပိုးမႈေၾကာင့္ ျပည္သူလူထုမွ ျမန္မာႏိုင္ငံတစ္ဝန္းရွိ စာၾကည့္တိုက္ ၁၅ဝတြင္ အင္တာနက္ခ်ိတ္ဆက္မႈႏွင့္အတူ ကြန္ပ်ဴတာႏွင့္ အီလက္ထေရာနစ္ သင္ေထာက္ကူပစၥည္းမ်ား အစရွိသည့္ ဒီဂ်စ္တယ္ပစၥည္းေပါင္း ၇ဝ၅ ခုကို အသုံးျပဳခြင့္ရရွိခဲ့ၾကပါသည္။

International Research & Exchanges Board (IREX) ၏ ေလ့လာစန္းဆစ္ခ်က္မ်ားအရ အူရီဒူးျမန္မာမွ ပံ့ပိုးေပးခဲ့သည့္ ဒီဂ်စ္တယ္ပစၥည္းမ်ားကို ၂ဝ၁၄ ခုႏွစ္ စက္တင္ဘာလ ႏွင့္ ၂၀၁၉ ခုႏွစ္ ဇြန္လ အတြင္း စုစုေပါင္းလူဦးေရ ၃ဝဝ,ဝဝဝ ဦးမွ အသုံးျပဳခဲ့ၾကၿပီး၊ ယင္းလူဦးေရထဲမွ ၂ဝ၂, ၄၇၂ ဦးတို႔မွာ အင္တာနက္ကို ပထမဦးဆုံးစတင္လာေရာက္ အသုံးျပဳၾကသူမ်ားျဖစ္ေၾကာင္း ေတြ႕ရွိရပါသည္။ ၎အသုံးျပဳသူမ်ားထဲမွ ၄၅%ေသာ ျပည္သူမ်ားမွာ စာၾကည့္တိုက္မ်ားအား သတင္းမ်ားဖတ္ယူေလ့လာရန္ႏွင့္ ေလ့လာသင္ယူခြင့္မ်ားရရွိရန္ အတြက္ အသုံးျပဳၾကၿပီး၊ ၃၂%ေသာ အသုံးျပဳသူမ်ားမွာ ၎တို႔၏ နည္းပညာပိုင္းဆိုင္ရာ အရည္အခ်င္းမ်ား တိုးတက္ေစရန္ႏွင့္ ၂၃%ေသာ သုံးစြဲသူျပည္သူမ်ားမွာ အလုပ္အကိုင္ေလွ်ာက္ထားရန္အတြက္ အသုံးျပဳၾကျခင္းျဖစ္ပါသည္။ အထူးသျဖင့္ ၃၆၀,၀၀၀ ေက်ာ္ေသာ ျပည္သူမ်ားက ယင္းအစီအစဥ္စတင္ကတည္းက စာၾကည့္တိုက္သို႔ ၎တို႔၏ ဒီဂ်စ္တယ္ပိုင္းဆိုင္ရာ တတ္ေျမာက္မႈအတြက္ လာေရာက္ၾကျခင္း ျဖစ္ၿပီး ၂ဝဝ,၀၀၀ ေက်ာ္ေသာ ျပည္သူမ်ားအား အင္တာနက္အသုံးျပဳနည္းမ်ား ႏွင့္ ဒီဂ်စ္တယ္ပိုင္းဆိုင္ရာ တတ္ေျမာက္မႈမ်ားကို သင္တန္းပို႔ခ်သင္ၾကားေပးထားၿပီး ျဖစ္သည္။

ယင္းေအာင္ျမင္မႈမိုင္တိုင္မ်ားေၾကာင့္ အူရီဒူးမွ ဂုဏ္သတင္းျမင့္မားသည့္ Asia’s Business Leaders Awards တြင္ “Corporate Social Responsibility Program of the year” ဆုကို ရရွိခဲ့ျခင္းျဖစ္ပါသည္။ Asia’s Business Leaders Awards သည္ ဂုဏ္သတင္းျမင့္မားသည့္ အာရွေဒသတြင္းဆုႀကီးျဖစ္ၿပီး အသိအမွတ္ျပဳထိုက္သည့္ စီးပြားေရးေခါင္းေဆာင္းမ်ားအား ၎တို႔၏ စြမ္းေဆာင္ရည္ျမင့္မားမႈ၊ စမ္းသစ္တီထြင္ႏိုင္မႈႏွင့္ တိုးတက္ေျပာင္းလဲေနသည့္ အာရွတိုက္အတြင္းရွိ ေကာ္ပိုေရးရွင္းမ်ား၏ ေကာင္းမြန္ေသာေျပာင္းလဲမႈမ်ားကို ႀကိဳတင္ေျမာ္ျမင္ေဆာင္႐ြက္ ႏိုင္စြမ္းရွိမႈမ်ားေပၚတြင္ အသိအမွတ္ျပဳ ဆုခ်ီးျမႇင့္ျခင္း ျဖစ္ပါသည္။

အူရီဒူးျမန္မာ၏ Head of Corporate Communications ျဖစ္သူ ဦးတင့္ႏိုင္ထြဋ္ က “ကြၽန္ေတာ္တို႔ အူရီဒူးျမန္မာအေနနဲ႔ အာရွေဒသတြင္း ဂုဏ္သတင္းႀကီးမားတဲ့ အခမ္းအနားႀကီးတစ္ရပ္ျဖစ္တဲ့ The Asia’s Business Leaders Awards မွာ ယခုလို တန္ဖိုးရွိတဲ့ အသိအမွတ္ျပဳမႈကို လက္ခံရတဲ့အတြက္ အူရီဒူးျမန္မာကိုယ္စား အင္မတန္ဂုဏ္ယူဝမ္းေျမာက္မိပါတယ္။ ၃၅ ႏွစ္ေအာက္ ျမန္မာ့လူဦးေရ ၆၃% ႏွင့္ ျမန္မာႏိုင္ငံရဲ႕ ခန႔္မွန္းလူဦးေရ ၆၃% တို႔ဟာ ဖြံ႕ၿဖိဳးမႈနည္းေနေသးတဲ့ေဒသေတြမွာေနထိုင္ၾကတဲ့အတြက္ ျမန္မာႏိုင္ငံဟာ ဒီဂ်စ္တယ္စနစ္ေျပာင္းလဲေဖာ္ေဆာင္ေရးမွာ ေရွ႕တန္းကေန ရပ္တည္ႏိုင္ဖိုနဲ႔၊ လူငယ္ေတြအတြက္ ဒီဂ်စ္တယ္နည္းပညာအခြင့္အလမ္းေတြ ကမ္းလွမ္း ေပးႏိုင္ဖို႔အတြက္ လိုအပ္ခ်က္ေတြရွိေနတာကို အူရီဒူးျမန္မာက နားလည္ပါတယ္။ ဒီဆုဟာ အူရီဒူးျမန္မာေရာ MBAPF အတြက္ပါ ျပည္သူလူထုရဲ႕ ဒီဂ်စ္တယ္ဘဝေတြကို ျပည့္စုံေကာင္းမြန္ေအာင္ အရွိန္ျမႇင့္တင္ ေဆာင္႐ြက္ေပးႏိုင္ဖို႔အတြက္ ႀကီးမားတဲ့ခြန္အား ျဖစ္ေစပါတယ္။” ဟု ေျပာၾကားလိုက္သည္။

အူရီဒူးျမန္မာေနျဖင့္ ျမန္မာႏိုင္ငံတြင္ ဆက္သြယ္ေရးဝန္ေဆာင္မႈမ်ားေပးအပ္ရန္ စတင္ဝင္ေရာက္ လုပ္ငန္းလုပ္ေဆာင္ခဲ့ကတည္းက လူမႈအက်ိဳးျပဳလုပ္ငန္းေဆာင္႐ြက္ရာတြင္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အဓိကမ႑ိဳင္ႀကီး ၃ ခုျဖစ္သည့္ ျမန္မာျပည္သူလူထု၏ ပညာေရး၊ က်န္းမာေရး ႏွင့္ လူမႈဖြံ႕ၿဖိဳးတိုးတက္ေရးတို႔တြင္ အဓိကထား ပံ့ပိုးေပးလ်က္ရွိပါသည္။

[Unicode]

အူရီဒူးမြန်မာမှ အာရှ၏ စီးပွားရေးခေါင်းဆောင်များဆု ၂ဝ၁၉ ကို “ပြည်သူ့စာကြည့်တိုက်မှ ပြည်သူ့စင်တာဆီသို့” တိုးတက်ပြောင်းလဲရေး လူမှုအကျိုးပြုစီမံကိန်းအား ပံ့ပိုးဆောင်ရွက်မှုအတွက် ရရှိ

အူရီဒူးမြန်မာမှ စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် အာရှ၏ စီးပွားရေးခေါင်းဆောင်များဆု ၂ဝ၁၉ “Asia’s Business Leaders Award 2019“ ဆုပေးပွဲ၌ မြန်မာနိုင်ငံတစ်ဝန်းတွင် “ပြည်သူ့စာကြည့်တိုက်မှ ပြည်သူ့စင်တာဆီသို့” တိုးတက်ပြောင်းလဲရေးစီမံကိန်းအား ကူညီပံ့ပိုးပေးခဲ့သည့်အတွက် တစ်နှစ်တာ၏အကောင်းဆုံး လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်ဆု “Corporate Social Responsibility Program of the Year Award” ကိုရရှိခဲ့ပါသည်။

အူရီဒူးအနေဖြင့် အဆင့်မြင့်နည်းပညာကိုအသုံးပြုခြင်းဖြင့် ကုမ္ပဏီ၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်သူများ၏ လူမှုဘဝကို ဒီဂျစ်တယ်လူနေမှုဖြင့် တောက်ပကောင်းမွန်အောင် လုပ်ဆောင်ပေးမည်” ကို ဖြည့်စွမ်းပေးလိုပါသည်။ ထို့ကြောင့် အူရီဒူးမြန်မာမှ Myanmar Book Aids and Preservation Foundation (MBAPF) နှင့် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ ကတည်းစတင်၍ ပူးပေါင်းပြီး လူထုစာကြည့်တိုက်များကို ဒီဂျစ်တယ်လူထုစင်တာများအဖြစ် ပြောင်းလဲနိုင်ရန်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းအစီအစဉ် စတင်သည့်အချိန်မှစ၍ ယနေ့အထိ အူရီဒူး၏ ကူညီပံ့ပိုးမှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၆၁,၈၂၇ ခန့်ရှိပြီး အဆိုပါပံ့ပိုးမှုကြောင့် ပြည်သူလူထုမှ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက် ၁၅ဝတွင် အင်တာနက်ချိတ်ဆက်မှုနှင့်အတူ ကွန်ပျူတာနှင့် အီလက်ထရောနစ် သင်ထောက်ကူပစ္စည်းများ အစရှိသည့် ဒီဂျစ်တယ်ပစ္စည်းပေါင်း ၇ဝ၅ ခုကို အသုံးပြုခွင့်ရရှိခဲ့ကြပါသည်။

International Research & Exchanges Board (IREX) ၏ လေ့လာစန်းဆစ်ချက်များအရ အူရီဒူးမြန်မာမှ ပံ့ပိုးပေးခဲ့သည့် ဒီဂျစ်တယ်ပစ္စည်းများကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ နှင့် ၂၀၁၉ ခုနှစ် ဇွန်လ အတွင်း စုစုပေါင်းလူဦးရေ ၃ဝဝ,ဝဝဝ ဦးမှ အသုံးပြုခဲ့ကြပြီး၊ ယင်းလူဦးရေထဲမှ ၂ဝ၂, ၄၇၂ ဦးတို့မှာ အင်တာနက်ကို ပထမဦးဆုံးစတင်လာရောက် အသုံးပြုကြသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၎င်းအသုံးပြုသူများထဲမှ ၄၅%သော ပြည်သူများမှာ စာကြည့်တိုက်များအား သတင်းများဖတ်ယူလေ့လာရန်နှင့် လေ့လာသင်ယူခွင့်များရရှိရန် အတွက် အသုံးပြုကြပြီး၊ ၃၂%သော အသုံးပြုသူများမှာ ၎င်းတို့၏ နည်းပညာပိုင်းဆိုင်ရာ အရည်အချင်းများ တိုးတက်စေရန်နှင့် ၂၃%သော သုံးစွဲသူပြည်သူများမှာ အလုပ်အကိုင်လျှောက်ထားရန်အတွက် အသုံးပြုကြခြင်းဖြစ်ပါသည်။ အထူးသဖြင့် ၃၆၀,၀၀၀ ကျော်သော ပြည်သူများက ယင်းအစီအစဉ်စတင်ကတည်းက စာကြည့်တိုက်သို့ ၎င်းတို့၏ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ တတ်မြောက်မှုအတွက် လာရောက်ကြခြင်း ဖြစ်ပြီး ၂ဝဝ,၀၀၀ ကျော်သော ပြည်သူများအား အင်တာနက်အသုံးပြုနည်းများ နှင့် ဒီဂျစ်တယ်ပိုင်းဆိုင်ရာ တတ်မြောက်မှုများကို သင်တန်းပို့ချသင်ကြားပေးထားပြီး ဖြစ်သည်။

ယင်းအောင်မြင်မှုမိုင်တိုင်များကြောင့် အူရီဒူးမှ ဂုဏ်သတင်းမြင့်မားသည့် Asia’s Business Leaders Awards တွင် “Corporate Social Responsibility Program of the year” ဆုကို ရရှိခဲ့ခြင်းဖြစ်ပါသည်။ Asia’s Business Leaders Awards သည် ဂုဏ်သတင်းမြင့်မားသည့် အာရှဒေသတွင်းဆုကြီးဖြစ်ပြီး အသိအမှတ်ပြုထိုက်သည့် စီးပွားရေးခေါင်းဆောင်းများအား ၎င်းတို့၏ စွမ်းဆောင်ရည်မြင့်မားမှု၊ စမ်းသစ်တီထွင်နိုင်မှုနှင့် တိုးတက်ပြောင်းလဲနေသည့် အာရှတိုက်အတွင်းရှိ ကော်ပိုရေးရှင်းများ၏ ကောင်းမွန်သောပြောင်းလဲမှုများကို ကြိုတင်မြော်မြင်ဆောင်ရွက် နိုင်စွမ်းရှိမှုများပေါ်တွင် အသိအမှတ်ပြု ဆုချီးမြှင့်ခြင်း ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ် က “ကျွန်တော်တို့ အူရီဒူးမြန်မာအနေနဲ့ အာရှဒေသတွင်း ဂုဏ်သတင်းကြီးမားတဲ့ အခမ်းအနားကြီးတစ်ရပ်ဖြစ်တဲ့ The Asia’s Business Leaders Awards မှာ ယခုလို တန်ဖိုးရှိတဲ့ အသိအမှတ်ပြုမှုကို လက်ခံရတဲ့အတွက် အူရီဒူးမြန်မာကိုယ်စား အင်မတန်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ၃၅ နှစ်အောက် မြန်မာ့လူဦးရေ ၆၃% နှင့် မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေ ၆၃% တို့ဟာ ဖွံ့ဖြိုးမှုနည်းနေသေးတဲ့ဒေသတွေမှာနေထိုင်ကြတဲ့အတွက် မြန်မာနိုင်ငံဟာ ဒီဂျစ်တယ်စနစ်ပြောင်းလဲဖော်ဆောင်ရေးမှာ ရှေ့တန်းကနေ ရပ်တည်နိုင်ဖိုနဲ့၊ လူငယ်တွေအတွက် ဒီဂျစ်တယ်နည်းပညာအခွင့်အလမ်းတွေ ကမ်းလှမ်း ပေးနိုင်ဖို့အတွက် လိုအပ်ချက်တွေရှိနေတာကို အူရီဒူးမြန်မာက နားလည်ပါတယ်။ ဒီဆုဟာ အူရီဒူးမြန်မာရော MBAPF အတွက်ပါ ပြည်သူလူထုရဲ့ ဒီဂျစ်တယ်ဘဝတွေကို ပြည့်စုံကောင်းမွန်အောင် အရှိန်မြှင့်တင် ဆောင်ရွက်ပေးနိုင်ဖို့အတွက် ကြီးမားတဲ့ခွန်အား ဖြစ်စေပါတယ်။” ဟု ပြောကြားလိုက်သည်။

အူရီဒူးမြန်မာနေဖြင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် စတင်ဝင်ရောက် လုပ်ငန်းလုပ်ဆောင်ခဲ့ကတည်းက လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမဏ္ဍိုင်ကြီး ၃ ခုဖြစ်သည့် မြန်မာပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အဓိကထား ပံ့ပိုးပေးလျက်ရှိပါသည်။