[Unicode]

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် MRTV-4 ရုပ်သံလိုင်း တွင်ထုတ်လွှင့် ပြသသွားမည့် Dancing with the Stars Myanmar ပြိုင်ပွဲကြီးကို အူရီဒူးမြန်မာကနေပြီး Official Telecom Partner အဖြစ် ပူးပေါင်းပါဝင်ပံ့ပိုးပေးခဲ့ပါသည်။ Forever Group ကနေပြီး စီစဉ်ဆောင်ရွက်တဲ့ အဆိုပါအကပြိုင်ပွဲကြီးသည် ထူးခြားပြီး ပျော်ရွှင်နှစ်သက်ဖွယ်ရာ ကောင်းတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး ၂၀၁၉ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့မှစတင်ပြီး ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။

ပြိုင်ပွဲကြီးတွင် စုံတွဲ ၁၂ဖွဲ့တွဲအဆင့်ပေါင်း ၁၅ဆင့်ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး စုံတွဲတစ်တွဲတွင် အကပိုင်း၌ လူသိများသော dancer တစ်ဦး နှင့် ရုပ်သံဇတ်လမ်းသရုပ်ဆောင်များ၊ အလှမယ်များ၊ မော်ဒယ်များ နှင့် တခြားနာမည်ကျော်ဆယ်လီများထဲမှ တစ်ဦးတို့ တွဲပြီးတစ်တွဲစီတွဲဖက်ပြီး ကပြယှဉ်ပြိုင်ကြရမည်ဖြစ်ပါသည်။

ပထမဦးဆုံးအဆင့်မှစတင်ပြီး ၄ ဆင့်မြောက်အဆင့်အထိ အူရီဒူး၏ ဆင်းကတ်ကိုအသုံးပြုပြီး SMS ပေးပို့ကာ မိမိနှစ်သက်သည့် အတွဲကို စတင် မဲပေးခြင်းဖြင့် အားပေးနိုင်ပါသည်။ အူရီဒူးဆင်းကို အသုံးပြုပြီး 9900 သို့ SMS တစ်စောင်ကို ၂၀ကျပ်ဖြင့် ပေးပို့ကာ မိမိနှစ်သက်သည့် စုံတွဲကို မဲပေးရွေးချယ်နိုင်မည်ဖြစ်ပါသည်။ web portal မှမဲပေးနိုင်ရန်လည်း အူရီဒူးက ထပ်မံပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

ပါဝင်ယှဉ်ပြိုင်ကြမည့်စုံတွဲများမှာ မေကဗျာ နှင့် ဒိတ်ဒိတ်၊ စုအိမ့်စံ နှင့် လင်းထက်၊ ဟန်သီ နှင့် ဇူကို၊ မျိုးကိုကိုစန်း နှင့် ဟိုင်း၊ နန့်ချစ်နဒီဇော် နှင့် Tae Min၊ တေဇာကျော် နှင့် Eloisa, Jean Marc နှင့် Alfiya, အောင်ခန့်မှူး နှင့် နေခြည်၊ Paul Austin နှင့် မေသဲ၊ Lucas နှင့် Florence, Olivier နှင့် Yoe Yo၊ သင်ဇာနွယ်ဝင်း နှင့် Zek တို့ဖြစ်ပါတယ်။

ပြိုင်ပွဲတွင်ယှဉ်ပြိုင်ရမည့် အကအမျိုးအစားများကတော့ Samba, Rumba, Tango, Salsa, Waltz, Street Dance, Quick Step, Contemporary, Jazz, Cha Cha, Foxtort, Jive အကများဖြစ်ပြီး The dance Lab မှ ဂျင်မီကိုကို၊ International Latin and Ballroom Dancer Mr.Ian Julius Alcaraz နှင့် Secret Pieces မှ ခိုင်လေးတို့က ဒိုင်လူကြီးများအဖြစ် အကဲဖြစ်ကြမည်ဖြစ်ပါသည်။

အဆိုပါ ထူခြားဆန်းပြားပြီး ပျော်ရွှင်စရာကောင်းတဲ့ အကပြိုင်ပွဲကြီးကို MRTV-4 ရုပ်သံလိုင်း မှ အပတ်စဉ် တနင်္ဂနွေနေ့ ည ၉နာရီတွင်ပြသပေးမည်ဖြစ်ပြီး နောက်တစ်ပတ် စနေနေ့ ည၉နာရီတွင် ထပ်မံပြီး ပြန်လည်ပြသပေးမှာဖြစ်ပါသည်။ ပရိသတ်များအနေဖြင့် အောက်တိုဘာလ ၂၇ရက်နေ့က စတင်ကြည့်ရှုနိုင်သလို မိမိနှစ်သက်ရာစုံတွဲကိုလဲ အူရီဒူးဆင်းကတ်ကို အသုံးပြုပြီး 9900 သို့ SMS ပေးပို့ပြီးအားပေးနိုင်ပြီဖြစ်ပါသည်။

[Zawgyi]

အူရီဒူးမှ Official Telecom Partner အဖြစ်ပံ့ပိုးပေးထားတဲ့ Dancing with the Stars Myanmar က အနှစ်သက်ဆုံး ကပြတဲ့စုံတွဲကို မဲပေးပြီး ရွေးချယ်လိုက်ပါ





