[Zawgyi]

အူရီဒူးမွ “ပညာႂကြယ္ဝ လူမႈဘဝ” ေခါင္းစဥ္ျဖင့္ ႏိုင္ငံတစ္ဝန္းတြင္ ေဆာင္႐ြက္ခဲ့သည့္ လူမႈအက်ိဳးျပဳလုပ္ငန္းအစီအစဥ္တစ္ေလွ်ာက္ လူမႈဝန္းက်င္ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ စဥ္ဆက္မျပတ္ ပံ့ပိုးေပးလ်က္ရွိေနပါသည္။ ယင္းအစီအစဥ္အတြက္ ဆက္လက္ပံ့ပိုးမႈတစ္ခုအေနျဖင့္ တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ခ႐ိုင္၊ သရက္ေခ်ာင္းၿမိဳ႕နယ္၊ ကညင္ေခ်ာင္းေက်း႐ြာရွိ စိန္ဖရန႔္စစ္ေဇးဗြီးယားပရဟိတေဂဟာသို႔ အမ်ိဳးသမီးေဆာင္ေဆာက္လုပ္မႈအတြက္ ျမန္မာေငြက်ပ္ သိန္း ၂၅ဝ လႉဒါန္း ေပးခဲ့ပါသည္။

စိန္ဖရန႔္စစ္ေဇးဗြီးယား ပရဟိတေဂဟာကို လြန္ခဲ့သည့္ ႏွစ္ေပါင္း ၃ဝ ကတည္းကတည္ေထာင္ခဲ့ၿပီး ၎သည္ထားဝယ္ၿမိဳ႕မွ ၅၂မိုင္ အကြာတြင္တည္ရွိပါသည္။ အဆိုပါ ပရဟိတာေဂဟာသည္ မိဘမဲ့ကေလးမ်ားအတြက္ နားခိုရာေနရာျဖစ္သလို၊ ပတ္ဝန္းက်င္မွ ေက်ာင္းသားေပါင္း ၁၂၂ ေယာက္အတြက္လည္းပညာသင္ၾကားရာေနျဖစ္လာပါသည္။ ခရစ္ယာန္ဘုန္းေတာ္ႀကီးႏွင့္ သီလရွင္မ်ားက အဆိုပါ မိဘမဲ့ကေလးငယ္မ်ားအတြက္ အစားအေသာက္၊ က်န္းမာေရးႏွင့္ ပညာေရးတို႔ကို တာဝန္ယူေစာင့္ေရွာက္ေပးလ်က္ ရွိပါသည္။

အူရီဒူးမွ လူမႈအက်ိဳးျပဳလုပ္ငန္းေဆာင္႐ြက္ရင္း ယင္းေက်ာင္းဝန္းအတြင္းရွိ အမ်ိဳးသမီးေဆာင္မွာ ယိုယြင္းေနသည့္အတြက္ အမ်ိဳးသမီးငယ္မ်ား ေနထိုင္ေရးႏွင့္ ပညာသင္ၾကားရာ တြင္ လုံၿခဳံစိတ္ခ်ရမႈအတြက္ အခက္အခဲျဖစ္ေနသည္ကို ေတြ႕ရွိခဲ့ပါသည္။။ထို႔ေၾကာင့္ အူရီဒူးမွ အမ်ိဳးသမီးေဆာင္ေဆာက္လုပ္မႈအတြက္ ျမန္မာေငြက်ပ္ သိန္း ၂၅ဝ ကို လႉဒါန္းေပးျခင္းျဖစ္ပါသည္။

အူရီဒူးျမန္မာ၏ Head of Corporate Communications ျဖစ္သူ ဦးတင့္ႏိုင္ထြဋ္မွ “အူရီဒူးအေနနဲ႔ “မိနစ္မ်ားမ်ားေျပာေလ အူရီဒူးကမ်ားမ်ားလႉေပးေလ” လူမႈအက်ိဳးျပဳလုပ္ငန္း အစီအစဥ္ကို ျမန္မာႏိုင္ငံတစ္ဝန္းမွာ ပညာေရးက႑ကို ပံ့ပိုးကူညီေပးဖို႔အတြက္ ၂ဝ၁၇ ခုႏွစ္ကတည္းက စတင္ေဆာင္႐ြက္ေပးခဲ့ပါတယ္။ ဒီအစီအစဥ္ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနတဲ့ ခရီးစဥ္တစ္ေလ်ာက္မွာ ဘာသာလူမ်ိဳး မခြဲျခားဘဲ အူရီဒူးျမန္မာမွ ျမန္မာႏိုင္ငံတစ္ဝန္းရွိ ၄၉ေနရာကို လႉဒါန္းေပးခဲ့ၿပီးျဖစ္ပါသည္။ ကြၽန္ေတာ္တို႔အေနနဲ႔ လူငယ္မ်ိဳးဆက္တစ္ဆက္ရဲ႕ ဘဝကို ပိုမိုျပည့္စုံေကာင္းမြန္ေအာင္ ပံ့ပိုးေပးျခင္းသာမကပဲ ေနာင္လာမည့္ မ်ိဳးဆက္မ်ား နဲ႔အတူ လူမႈဝန္းက်င္တစ္ခုလုံးအတြက္ အက်ိဳးသက္ေရာက္မႈကို ဖန္တီးေပးႏိုင္မွာပဲ ျဖစ္ပါတယ္။” ဟု ေျပာၾကားလိုက္ပါသည္။

[Unicode]

အူရီဒူးမြန်မာမှ တနင်္သာရီတိုင်းဒေသကြီးရှိ စိန်ဖရန့်စစ်ဇေးဗွီးယား ပရဟိတဂေဟာတွင် အမျိုးသမီးဆောင်ဆောက်လုပ်ရန် ပံ့ပိုးလှူဒါန်း

အူရီဒူးမှ “ပညာကြွယ်ဝ လူမှုဘဝ” ခေါင်းစဉ်ဖြင့် နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်ခဲ့သည့် လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်တစ်လျှောက် လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုအတွက် စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိနေပါသည်။ ယင်းအစီအစဉ်အတွက် ဆက်လက်ပံ့ပိုးမှုတစ်ခုအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကညင်ချောင်းကျေးရွာရှိ စိန်ဖရန့်စစ်ဇေးဗွီးယားပရဟိတဂေဟာသို့ အမျိုးသမီးဆောင်ဆောက်လုပ်မှုအတွက် မြန်မာငွေကျပ် သိန်း ၂၅ဝ လှူဒါန်း ပေးခဲ့ပါသည်။

စိန်ဖရန့်စစ်ဇေးဗွီးယား ပရဟိတဂေဟာကို လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝ ကတည်းကတည်ထောင်ခဲ့ပြီး ၎င်းသည်ထားဝယ်မြို့မှ ၅၂မိုင် အကွာတွင်တည်ရှိပါသည်။ အဆိုပါ ပရဟိတာဂေဟာသည် မိဘမဲ့ကလေးများအတွက် နားခိုရာနေရာဖြစ်သလို၊ ပတ်ဝန်းကျင်မှ ကျောင်းသားပေါင်း ၁၂၂ ယောက်အတွက်လည်းပညာသင်ကြားရာနေဖြစ်လာပါသည်။ ခရစ်ယာန်ဘုန်းတော်ကြီးနှင့် သီလရှင်များက အဆိုပါ မိဘမဲ့ကလေးငယ်များအတွက် အစားအသောက်၊ ကျန်းမာရေးနှင့် ပညာရေးတို့ကို တာဝန်ယူစောင့်ရှောက်ပေးလျက် ရှိပါသည်။

အူရီဒူးမှ လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်ရင်း ယင်းကျောင်းဝန်းအတွင်းရှိ အမျိုးသမီးဆောင်မှာ ယိုယွင်းနေသည့်အတွက် အမျိုးသမီးငယ်များ နေထိုင်ရေးနှင့် ပညာသင်ကြားရာ တွင် လုံခြုံစိတ်ချရမှုအတွက် အခက်အခဲဖြစ်နေသည်ကို တွေ့ရှိခဲ့ပါသည်။။ထို့ကြောင့် အူရီဒူးမှ အမျိုးသမီးဆောင်ဆောက်လုပ်မှုအတွက် မြန်မာငွေကျပ် သိန်း ၂၅ဝ ကို လှူဒါန်းပေးခြင်းဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်မှ “အူရီဒူးအနေနဲ့ “မိနစ်များများပြောလေ အူရီဒူးကများများလှူပေးလေ” လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်ကို မြန်မာနိုင်ငံတစ်ဝန်းမှာ ပညာရေးကဏ္ဍကို ပံ့ပိုးကူညီပေးဖို့အတွက် ၂ဝ၁၇ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ခရီးစဉ်တစ်လျောက်မှာ ဘာသာလူမျိုး မခွဲခြားဘဲ အူရီဒူးမြန်မာမှ မြန်မာနိုင်ငံတစ်ဝန်းရှိ ၄၉နေရာကို လှူဒါန်းပေးခဲ့ပြီးဖြစ်ပါသည်။ ကျွန်တော်တို့အနေနဲ့ လူငယ်မျိုးဆက်တစ်ဆက်ရဲ့ ဘဝကို ပိုမိုပြည့်စုံကောင်းမွန်အောင် ပံ့ပိုးပေးခြင်းသာမကပဲ နောင်လာမည့် မျိုးဆက်များ နဲ့အတူ လူမှုဝန်းကျင်တစ်ခုလုံးအတွက် အကျိုးသက်ရောက်မှုကို ဖန်တီးပေးနိုင်မှာပဲ ဖြစ်ပါတယ်။” ဟု ပြောကြားလိုက်ပါသည်။