[Zawgyi]

ျမန္မာႏိုင္ငံတြင္ ထိပ္တန္းဆက္သြယ္ေရးဝန္ေဆာင္မႈမ်ား ေပးအပ္ေနသည့္ အူရီဒူးျမန္မာ သည္ Google အာရွပစိဖိတ္ေဒသႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါသည္။ ယင္းအစီအစဥ္ႏွင့္အတူ အူရီဒူးျမန္မာသည္ Google ႏွင့္ အတူတကြပူးေပါင္းၿပီး ဒစ္ဂ်စ္တယ္ဗဟုသုထုတိုးပြားေစေရးႏွင့္ ႏိုင္ငံသားတိုင္း လိုက္နာက်င့္သုံးသင့္သည့္ ဒစ္ဂ်စ္တယ္စနစ္ သင္တန္းအစီအစဥ္ကို ပညာေရးဝန္ႀကီးဌာန၏ အသိအမွတ္ျပဳအားေပးျခင္းႏွင့္အတူ ျမန္မာႏိုင္ငံတစ္ဝန္းတြင္ ေဆာင္႐ြက္သြားမည္ ျဖစ္ပါသည္။

Google သည္ ပညာရပ္ပိုင္းဆိုင္ရာနယ္ပယ္မ်ားတြင္ အသိပညာဗဟုသုတတိုးပြားေစေရး အစီအစဥ္မ်ားစြာကို ကာလရွည္ၾကာစြာ ပံ့ပိုးေပးေနေသာ အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး အူရီဒူးသည္လည္း ျမန္မာႏိုင္ငံတြင္ ဒစ္ဂ်စ္တယ္ထုတ္ကုန္ႏွင့္ဝန္ေဆာင္မႈမ်ားေပးအပ္ရာတြင္ ထိပ္တန္းတြင္ဦးေဆာင္ေနေသာေအာ္ပေရတာတစ္ခုလည္း ျဖစ္ပါသည္။ အူရီဒူးျမန္မာအေနျဖင့္ Google ႏွင့္ အဓိကပူးေပါင္းေဆာင္႐ြက္ရျခင္းအေၾကာင္းသည္ ၄င္း၏ “ဒစ္ဂ်စ္တယ္ဘဝျပည့္စုံဖို႔ အင္တာနက္ျဖင့္ေလ့လာစို႔” လူမႈအက်ိဳးျပဳလုပ္ငန္းအစီအစဥ္အား ဆက္လက္တိုးခ်ဲ႕ ေဆာင္႐ြက္ျခင္း ျဖစ္သည္။

“အူရီဒူးဟာဆိုရင္ နည္းပညာေဖာ္ေဆာင္မႈမွာ ထိပ္တန္းမွ ဦးေဆာင္ေနၿပီး ျမန္မာႏိုင္ငံရဲ႕ ဒစ္ဂ်စ္တယ္က႑ကူးေျပာင္းေရးမွာ နည္းပညာေတြကို အသုံးျပဳၿပီး ပံ့ပိုးကူညီေပးသြားမွာ ျဖစ္ပါတယ္။ ယေန႔ဒစ္ဂ်စ္တယ္ေခတ္မွာဆိုလို႔ရွိရင္ လူတိုင္းဟာ သတင္းအခ်က္အလက္နည္းပညာ နဲ႔ အင္တာနက္ကို အက်ိဳးရွိရွိ တာဝန္သိသိနဲ႔ ဘယ္လိုအသုံးခ်ရမယ္ ဆိုတာကို ေသေသခ်ာခ်ာ နဲ႔ သိရွိထားရမွာျဖစ္ပါတယ္။ ကေလးေတြဟာ တိုင္းျပည္ရဲ႕ အနာဂတ္ျဖစ္တာေၾကာင့္ ဒစ္ဂ်စ္တယ္နည္းပညာဗဟုသတတိုးပြားေရး အစီအစဥ္ကို အေျခခံပညာအဆင့္ကေနစတင္ၿပီး ေက်ာင္းသားေက်ာင္းသူမ်ားကို ေလ့က်င့္သင္ၾကား ေပးသြားမွာျဖစ္ပါတယ္။” ဟု အူရီဒူးျမန္မာ၏ Head of Corporate Communications ျဖစ္သူ ဦးတင့္ႏိုင္ထြဋ္မွ ေျပာၾကားလိုက္သည္။

“မ်ိဳးဆက္သစ္လူငယ္မ်ားအေနနဲ႔ အင္တာနက္ကို အခ်ိန္မေ႐ြး အကန႔္အသတ္မရွိ အသုံးျပဳႏိုင္တဲ့ေခတ္မွာ ႀကီးျပင္းလာၾကတဲ့အတြက္ ဒစ္ဂ်စ္တယ္ဆိုင္ရာဗဟုသုတရွိမႈဟာ လူမႈအသိုင္းအဝိုင္းတစ္ခုလုံးအေနနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ အထင္ရွားဆုံး အေၾကာင္းအရာ မ်ားထဲမွတစ္ခု ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ လူငယ္ေတြကို ကိုယ္ခ်င္းစာစိတ္နဲ႔ တာဝန္ယူလိုစိတ္ရွိၿပီး လက္ေတြ႕ဘဝမွာလို အြန္လိုင္းေပၚမွာပါ အခ်င္းခ်င္းစာနာနားလည္စိတ္နဲ၌ ဆက္သြယ္ဆက္ဆံၾကဖို႔ကို ပံ့ပိုးေပးႏိုင္ဖို႔ အေရးႀကီးပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီသင္တန္းအစီအစဥ္ဟာ ဒီဂ်စ္တယ္လုံၿခဳံေရးႏွင့္ အျပန္အလွန္ေလးစားမႈနဲ႔ ပတ္သတ္တဲ့ အဓိပၸာယ္ျပည့္ဝတဲ့စကားဝိုင္းေတြကို မိမိတို႔ရဲ႕ အိမ္မွာေရာ၊ ေက်ာင္းမွာပါမက အျခားေနရာေပါင္းမ်ားစြာမွာပါ ျပန္လည္ေျပာဆိုေဆြးေႏြး ေဝမွ်ႏိုင္ဖို႔ ဦးေဆာင္လမ္းၫႊန္ ေပးသြားႏိုင္မွာပဲ ျဖစ္ပါတယ္။” ဟု Google မေလးရွားႏိုင္ငံ၊ ျမန္မာႏိုင္ငံ ႏွင့္ ကေမာၻဒီးယားႏိုင္ငံ တို႔၏ Head of Industry (Tech and Telco) ျဖစ္သူ Su Ann Lim က ေျပာၾကားလိုက္ပါသည္။

ယင္းထူးျခားေကာင္းမြန္သည့္ ပူးေပါင္းေဆာင္႐ြက္မႈသည္ ျမန္မာႏိုင္ငံ၏ အနာဂတ္မ်ိဳးဆက္သစ္မ်ားအၾကား ဒီဂ်စ္တယ္ဆိုင္ရာကြၽမ္းက်င္မႈမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ႏိုင္ငံသားတိုင္း လိုက္နာက်င့္သုံးသင့္သည့္ ဒစ္ဂ်စ္တယ္စနစ္ကို နားလည္သိရွိမႈတို႔ကို ျမႇင့္တင္ေပးႏိုင္မည္ ျဖစ္ပါသည္။

[Unicode]

အူရီဒူးက မြန်မာနိုင်ငံတွင် Google နှင့်ပူးပေါင်းဆောင်ရွက်သည့် ပထမဦးဆုံး အော်ပရေတာ ဖြစ်လာ

မြန်မာနိုင်ငံတွင် ထိပ်တန်းဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်နေသည့် အူရီဒူးမြန်မာ သည် Google အာရှပစိဖိတ်ဒေသနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါသည်။ ယင်းအစီအစဉ်နှင့်အတူ အူရီဒူးမြန်မာသည် Google နှင့် အတူတကွပူးပေါင်းပြီး ဒစ်ဂျစ်တယ်ဗဟုသုထုတိုးပွားစေရေးနှင့် နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးသင့်သည့် ဒစ်ဂျစ်တယ်စနစ် သင်တန်းအစီအစဉ်ကို ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုအားပေးခြင်းနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Google သည် ပညာရပ်ပိုင်းဆိုင်ရာနယ်ပယ်များတွင် အသိပညာဗဟုသုတတိုးပွားစေရေး အစီအစဉ်များစွာကို ကာလရှည်ကြာစွာ ပံ့ပိုးပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အူရီဒူးသည်လည်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ထုတ်ကုန်နှင့်ဝန်ဆောင်မှုများပေးအပ်ရာတွင် ထိပ်တန်းတွင်ဦးဆောင်နေသောအော်ပရေတာတစ်ခုလည်း ဖြစ်ပါသည်။ အူရီဒူးမြန်မာအနေဖြင့် Google နှင့် အဓိကပူးပေါင်းဆောင်ရွက်ရခြင်းအကြောင်းသည် ၄င်း၏ “ဒစ်ဂျစ်တယ်ဘဝပြည့်စုံဖို့ အင်တာနက်ဖြင့်လေ့လာစို့” လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်အား ဆက်လက်တိုးချဲ့ ဆောင်ရွက်ခြင်း ဖြစ်သည်။

“အူရီဒူးဟာဆိုရင် နည်းပညာဖော်ဆောင်မှုမှာ ထိပ်တန်းမှ ဦးဆောင်နေပြီး မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ကဏ္ဍကူးပြောင်းရေးမှာ နည်းပညာတွေကို အသုံးပြုပြီး ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်။ ယနေ့ဒစ်ဂျစ်တယ်ခေတ်မှာဆိုလို့ရှိရင် လူတိုင်းဟာ သတင်းအချက်အလက်နည်းပညာ နဲ့ အင်တာနက်ကို အကျိုးရှိရှိ တာဝန်သိသိနဲ့ ဘယ်လိုအသုံးချရမယ် ဆိုတာကို သေသေချာချာ နဲ့ သိရှိထားရမှာဖြစ်ပါတယ်။ ကလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တာကြောင့် ဒစ်ဂျစ်တယ်နည်းပညာဗဟုသတတိုးပွားရေး အစီအစဉ်ကို အခြေခံပညာအဆင့်ကနေစတင်ပြီး ကျောင်းသားကျောင်းသူများကို လေ့ကျင့်သင်ကြား ပေးသွားမှာဖြစ်ပါတယ်။” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်မှ ပြောကြားလိုက်သည်။

“မျိုးဆက်သစ်လူငယ်များအနေနဲ့ အင်တာနက်ကို အချိန်မရွေး အကန့်အသတ်မရှိ အသုံးပြုနိုင်တဲ့ခေတ်မှာ ကြီးပြင်းလာကြတဲ့အတွက် ဒစ်ဂျစ်တယ်ဆိုင်ရာဗဟုသုတရှိမှုဟာ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အထင်ရှားဆုံး အကြောင်းအရာ များထဲမှတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူငယ်တွေကို ကိုယ်ချင်းစာစိတ်နဲ့ တာဝန်ယူလိုစိတ်ရှိပြီး လက်တွေ့ဘဝမှာလို အွန်လိုင်းပေါ်မှာပါ အချင်းချင်းစာနာနားလည်စိတ်နဲ၌ ဆက်သွယ်ဆက်ဆံကြဖို့ကို ပံ့ပိုးပေးနိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီသင်တန်းအစီအစဉ်ဟာ ဒီဂျစ်တယ်လုံခြုံရေးနှင့် အပြန်အလှန်လေးစားမှုနဲ့ ပတ်သတ်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့စကားဝိုင်းတွေကို မိမိတို့ရဲ့ အိမ်မှာရော၊ ကျောင်းမှာပါမက အခြားနေရာပေါင်းများစွာမှာပါ ပြန်လည်ပြောဆိုဆွေးနွေး ဝေမျှနိုင်ဖို့ ဦးဆောင်လမ်းညွှန် ပေးသွားနိုင်မှာပဲ ဖြစ်ပါတယ်။” ဟု Google မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံ တို့၏ Head of Industry (Tech and Telco) ဖြစ်သူ Su Ann Lim က ပြောကြားလိုက်ပါသည်။

ယင်းထူးခြားကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ အနာဂတ်မျိုးဆက်သစ်များအကြား ဒီဂျစ်တယ်ဆိုင်ရာကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးသင့်သည့် ဒစ်ဂျစ်တယ်စနစ်ကို နားလည်သိရှိမှုတို့ကို မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။