[Zawgyi]

အူရီဒူးျမန္မာမွ ယေန႔တြင္ Google Play Store အသုံးျပဳရာတြင္ ဖုန္းဘီလ္ျဖင့္တိုက္႐ိုက္ ေငြေပးေခ်ႏိုင္မည့္ ဝန္ေဆာင္မႈကို ကမ္းလွမ္းေပးႏိုင္ရန္အတြက္ Google ႏွင့္ ပူးေပါင္းေဆာင္႐ြက္လိုက္သည့္ ျမန္မာႏိုင္ငံရွိ ပထမဦးဆုံးေအာ္ပေရတာ ျဖစ္လာေၾကာင္း သတင္းေၾကညာခ်က္ ထုတ္ျပန္လိုက္သည္။ ယင္းပူးေပါင္းေဆာင္႐ြက္မႈသည္ အူရီဒူးမွ ျမန္မာႏိုင္ငံရွိမိုဘိုင္းဖုန္းသုံးစြဲသူမ်ားအတြက္ အေကာင္းဆုံးေသာ ဒီဂ်စ္တယ္အေတြ႕အႀကဳံမ်ားကို ဆန္းသစ္တီထြင္ထားသည့္ ဒီဂ်စ္တယ္ထုတ္ကုန္မ်ားႏွင့္ဝန္ေဆာင္မႈမ်ားျဖင့္ ေပးအပ္ရာတြင္ ထိပ္တန္းဦးေဆာင္သူအျဖစ္ သက္ေသျပသလိုက္ျခင္းျဖစ္ပါသည္။

ယခုပူးေပါင္းေဆာင္႐ြက္မႈ၏ ပထမအဆင့္အေနျဖင့္ (စတင္ဝယ္ယူကတည္းက Google Play Store အက္ပလီေကးရွင္းပါဝင္သည့္) အန္းဒ႐ြိဳက္ဖုန္းအသုံးျပဳသည့္ အူရီဒူးသုံးစြဲသူမ်ား အားလုံး Google Play Store မွ ပရီမီယမ္ အက္ပလီေကးရွင္းမ်ားႏွင့္ အက္ပလီေကးရွင္းအတြင္း ပရီမီယမ္ ဝယ္ယူမႈမ်ား ဝယ္ယူလိုသူမ်ားအတြက္ ၂ဝ၁၉ ခုႏွစ္၊ ၾသဂုတ္လ၊ ၃၀ ရက္မွ စတင္၍ အေႂကြးဝယ္ကဒ္ (Credit Card) မ်ားအား အသုံးျပဳစရာမလိုဘဲ အဆင္ေျပေခ်ာေမြ႕စြာ အူရီဒူးဖုန္းဘီလ္ျဖင့္ အလြယ္တကူဝယ္ယူအသုံးျပဳ ႏိုင္မည္ျဖစ္သည္။ သုံးစြဲသူမ်ားအေနျဖင့္ Google Play Store သို႔ ၎တို႔၏ G-Mail ျဖင့္ ဝင္ေရာက္ၿပီး ေဖာ္ျပပါ အဆင့္ဆင့္လမ္းၫႊန္ခ်က္မ်ားအတိုင္း လုပ္ေဆာင္၍ မွတ္ပုံတင္ျခင္းျပဳလုပ္ၿပီး ေပးေခ်ရန္လမ္းေၾကာင္းကို အူူရီဒူးသို႔ ေျပာင္းထားရန္သာ လိုအပ္ပါသည္။

“ကြၽန္ေတာ္တို႔အေနနဲ႔ သုံးစြဲသူေတြ ပရီမီယံအက္ပလီေကးရွင္းေတြနဲ႔ သူတို႔ရဲ႕ ႏွစ္ၿခိဳက္ရာ အက္ပလီေကးရွင္းေတြထဲက ဝယ္ယူမႈေတြကို ဝယ္ယူခ်င္တဲ့အခါမ်ိဳးမွာ အေႂကြးဝယ္ခြင့္ကဒ္ လိုအပ္တာေၾကာင့္ တစ္ခါတစ္ရံ အခက္အခဲျဖစ္တာကို သတိျပဳမိပါတယ္။ ယခုအခါမွာ အူရီဒူးသုံးစြဲသူေတြအားလုံး မိမိတို႔ရဲ႕အူရီဒူးဖုန္းဘီလ္ကိုအသုံးျပဳၿပီး အလြယ္တကူနဲ႔ အဆင္ေျပေခ်ာေမြစြာ ဝယ္ယူအသုံးျပဳႏိုင္ေတာ့မွာျဖစ္လို႔ ဒီဂ်စ္တယ္လူေနမႈဘဝကို ေပ်ာ္႐ႊင္ႏွစ္ၿခိဳက္စြာ ခံစားလို႔ရေနပါၿပီ။ ၎ဟာ တကယ့္ကို ပိုမိုအဆင္ေျပၿပီး အသုံးျပဳရလြယ္ကူတဲ့ ဝန္ေဆာင္မႈပဲျဖစ္ၿပီး သုံးစြဲသူေတြအေနနဲ႔ ဒီဝန္ေဆာင္မႈကိုအသုံးျပဳဖို႔အတြက္ အူရီဒူးကို ထပ္မံၿပီးဝန္ေဆာင္ခ ေပးစရာမလိုဘဲ အခြင့္ထူးခံစားႏိုင္မွာ ျဖစ္ပါတယ္။” ဟု အူရီဒူးျမန္မာ၏ Chief Commercial Officer ျဖစ္သူ Mr. Alok Verma က ေျပာၾကားလိုက္ပါသည္။

အူရီဒူးျမန္မာသည္ ၎၏သုံးစြဲသူမ်ားအား ေ႐ြးခ်ယ္အသုံးျပဳခြင့္မ်ား ပိုၿပီးကမ္းလွမ္း ေပးႏိုင္ရန္ ပိုမိုေကာင္းမြန္ျမင္သာၿပီး အဆင္ေျပေခ်ာေမြ႕သည့္ဝန္ေဆာင္မႈမ်ားကို ေပးအပ္ႏိုင္ရန္ ႀကိဳးစားေဆာင္႐ြက္လ်က္ရွိသည့္အတြက္ ဆက္သြယ္ေရးလုပ္ငန္းနယ္ပယ္တြင္ ဒီဂ်စ္တယ္ နည္းပညာပိုင္းတြင္ ထိပ္တန္း ေခါင္းေဆာင္တစ္ဦးအျဖစ္ ဆက္လက္တည္ရွိေနရန္ အဓိကထားလုပ္ေဆာင္ေနပါသည္။ သုံးစြဲသူမ်ား၏ စိတ္ေက်နပ္မႈကို ပိုမိုရရွိေစရန္ ေဆာင္႐ြက္ခ်က္မ်ားႏွင့္အတူ အူရီဒူးျမန္မာသည္ ဒီဂ်စ္တယ္ထုတ္ကုန္မ်ားႏွင့္ ဝန္ေဆာင္မႈမ်ားကို ဆန္းသစ္တီထြင္ျခင္းႏွင့္ အဆင့္ျမႇင့္တင္ျခင္းမ်ား စဥ္ဆက္မျပတ္ လုပ္ေဆာင္လ်က္ ရွိပါသည္။

[Unicode]

အူရီဒူးမြန်မာက Google Play Store ရှိ App နှင့် App အတွင်း ဝယ်ယူမှုများအတွက် ဖုန်းဘီလ်ဖြင့်တိုက်ရိုက်ငွေပေးချေနိုင်မည့် ဝန်ဆောင်မှုကိုပေးအပ်သည့် မြန်မာ့ ပထမဦးဆုံး အော်ပရေတာအဖြစ် ဦးဆောင်

အူရီဒူးမြန်မာမှ ယနေ့တွင် Google Play Store အသုံးပြုရာတွင် ဖုန်းဘီလ်ဖြင့်တိုက်ရိုက် ငွေပေးချေနိုင်မည့် ဝန်ဆောင်မှုကို ကမ်းလှမ်းပေးနိုင်ရန်အတွက် Google နှင့် ပူးပေါင်းဆောင်ရွက်လိုက်သည့် မြန်မာနိုင်ငံရှိ ပထမဦးဆုံးအော်ပရေတာ ဖြစ်လာကြောင်း သတင်းကြေညာချက် ထုတ်ပြန်လိုက်သည်။ ယင်းပူးပေါင်းဆောင်ရွက်မှုသည် အူရီဒူးမှ မြန်မာနိုင်ငံရှိမိုဘိုင်းဖုန်းသုံးစွဲသူများအတွက် အကောင်းဆုံးသော ဒီဂျစ်တယ်အတွေ့အကြုံများကို ဆန်းသစ်တီထွင်ထားသည့် ဒီဂျစ်တယ်ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများဖြင့် ပေးအပ်ရာတွင် ထိပ်တန်းဦးဆောင်သူအဖြစ် သက်သေပြသလိုက်ခြင်းဖြစ်ပါသည်။

ယခုပူးပေါင်းဆောင်ရွက်မှု၏ ပထမအဆင့်အနေဖြင့် (စတင်ဝယ်ယူကတည်းက Google Play Store အက်ပလီကေးရှင်းပါဝင်သည့်) အန်းဒရွိုက်ဖုန်းအသုံးပြုသည့် အူရီဒူးသုံးစွဲသူများ အားလုံး Google Play Store မှ ပရီမီယမ် အက်ပလီကေးရှင်းများနှင့် အက်ပလီကေးရှင်းအတွင်း ပရီမီယမ် ဝယ်ယူမှုများ ဝယ်ယူလိုသူများအတွက် ၂ဝ၁၉ ခုနှစ်၊ သြဂုတ်လ၊ ၃၀ ရက်မှ စတင်၍ အကြွေးဝယ်ကဒ် (Credit Card) များအား အသုံးပြုစရာမလိုဘဲ အဆင်ပြေချောမွေ့စွာ အူရီဒူးဖုန်းဘီလ်ဖြင့် အလွယ်တကူဝယ်ယူအသုံးပြု နိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် Google Play Store သို့ ၎င်းတို့၏ G-Mail ဖြင့် ဝင်ရောက်ပြီး ဖော်ပြပါ အဆင့်ဆင့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်၍ မှတ်ပုံတင်ခြင်းပြုလုပ်ပြီး ပေးချေရန်လမ်းကြောင်းကို အူူရီဒူးသို့ ပြောင်းထားရန်သာ လိုအပ်ပါသည်။

“ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေ ပရီမီယံအက်ပလီကေးရှင်းတွေနဲ့ သူတို့ရဲ့ နှစ်ခြိုက်ရာ အက်ပလီကေးရှင်းတွေထဲက ဝယ်ယူမှုတွေကို ဝယ်ယူချင်တဲ့အခါမျိုးမှာ အကြွေးဝယ်ခွင့်ကဒ် လိုအပ်တာကြောင့် တစ်ခါတစ်ရံ အခက်အခဲဖြစ်တာကို သတိပြုမိပါတယ်။ ယခုအခါမှာ အူရီဒူးသုံးစွဲသူတွေအားလုံး မိမိတို့ရဲ့အူရီဒူးဖုန်းဘီလ်ကိုအသုံးပြုပြီး အလွယ်တကူနဲ့ အဆင်ပြေချောမွေစွာ ဝယ်ယူအသုံးပြုနိုင်တော့မှာဖြစ်လို့ ဒီဂျစ်တယ်လူနေမှုဘဝကို ပျော်ရွှင်နှစ်ခြိုက်စွာ ခံစားလို့ရနေပါပြီ။ ၎င်းဟာ တကယ့်ကို ပိုမိုအဆင်ပြေပြီး အသုံးပြုရလွယ်ကူတဲ့ ဝန်ဆောင်မှုပဲဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ ဒီဝန်ဆောင်မှုကိုအသုံးပြုဖို့အတွက် အူရီဒူးကို ထပ်မံပြီးဝန်ဆောင်ခ ပေးစရာမလိုဘဲ အခွင့်ထူးခံစားနိုင်မှာ ဖြစ်ပါတယ်။” ဟု အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က ပြောကြားလိုက်ပါသည်။

အူရီဒူးမြန်မာသည် ၎င်း၏သုံးစွဲသူများအား ရွေးချယ်အသုံးပြုခွင့်များ ပိုပြီးကမ်းလှမ်း ပေးနိုင်ရန် ပိုမိုကောင်းမွန်မြင်သာပြီး အဆင်ပြေချောမွေ့သည့်ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည့်အတွက် ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်တွင် ဒီဂျစ်တယ် နည်းပညာပိုင်းတွင် ထိပ်တန်း ခေါင်းဆောင်တစ်ဦးအဖြစ် ဆက်လက်တည်ရှိနေရန် အဓိကထားလုပ်ဆောင်နေပါသည်။ သုံးစွဲသူများ၏ စိတ်ကျေနပ်မှုကို ပိုမိုရရှိစေရန် ဆောင်ရွက်ချက်များနှင့်အတူ အူရီဒူးမြန်မာသည် ဒီဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဆန်းသစ်တီထွင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက် ရှိပါသည်။