[Zawgyi]







[Unicode]

အူရီဒူးမြန်မာက အကောင်းဆုံးလုပ်ငန်းခွင် Great Place to Work® အဖြစ် ၂နှစ်ဆက်တိုက် ရရှိ

အူရီဒူးမြန်မာသည် စင်ကာပူနိုင်ငံရှိ လွတ်လပ်သော စစ်တမ်းကောက်ယူသည့်အဖွဲ့ Great Place to Work® Institute မှ တရားဝင် အသိအမှတ်ပြုသည့် အကောင်းဆုံး လုပ်ငန်းခွင် Great Place to Work® အဖြစ် နောက်ထပ်တစ်ကြိမ်ထပ်မံ၍ အသိအမှတ်ပြုခံရကြောင်းကို ဂုဏ်ယူစွာဖြင့် ကြေညာချက်ထုတ်ပြန်လိုက်ပါသည်။ ယခုကဲ့သို့ အသိအမှတ်ပြုခံရခြင်းသည် ဖြေဆိုသူ အမည်ဖော်ပြရန်မလိုသော စစ်တမ်းကောက်ယူမှုတွင် လုပ်ငန်းခွင် ယဉ်ကျေးမှု နှင့် အတွေ့အကြုံများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်မေးမြန်ချက်များပေါ်၌ ဝန်ထမ်းများအားလုံး၏ တုံ့ပြန်ချက်များအပေါ် အပြည့်အဝအခြေခံထားခြင်းဖြင့် ရရှိသော ရလဒ်ကြောင့်ဖြစ်ပါသည်။

ယခုတစ်ကြိမ် ထပ်မံအသိအမှတ်ပြုခံရခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး၊ ယခုကဲ့သို့ ဂုဏ်ဒြပ်ကြီးမားသည့် လက်မှတ်အား Great Place to Work® Institute အဖွဲ့မှ အသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံး နှင့် တစ်ခုတည်းသော ကုမ္ပဏီအဖြစ် အူရီဒူးမြန်မာက ချီးမြှင့်ခံရခြင်းဖြစ်ပါသည်။ စစ်တမ်းကောက်ယူမှုရလဒ်တွင် ကုမ္ပဏီ၏ ယဉ်ကျေးမှု၊ အလုပ်အကိုင်တက်လမ်း၊ ဆုများ၊ အသိအမှတ်ပြုမှုများ၊ ပွင့်လင်းမြင်သာသော ဆက်သွယ်ပြန်ကြားမှုများ နှင့် သင်ယူလေ့လာနိုင်သော အခွင့်အလမ်းများကြောင့် အူရီဒူးမြန်မာသည် အကောင်းဆုံး လုပ်ငန်းခွင်ဖြစ်သည်ဟု အူရီဒူးမြန်မာရှိ ဝန်ထမ်းများ၏ ၈၂% က တညီတညွှတ်ထဲ ယုံကြည်ကြပါသည်။ အဆိုပါ စစ်တမ်း၏ ဖော်ပြချက်သည် အူရီဒူးမြန်မာ၏ ဝန်ထမ်း ၁၀ဦးတွင် ၇ဦးက လုပ်ငန်းပိုင်းဆိုင်ရာ လေ့လာရန် နှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အကောင်းဆုံးနေရာဖြစ်သည်ဟု ရှုမြင်မှုကို ဖော်ပြပါသည်။

“ဒီလက်မှတ်ဟာ အူရီဒူးမိသားစု တစ်ဦးခြင်းတစ်ယောက်ခြင်းစီအပေါ်ထားရဲ့ ခံယူချက်အတွက် ရောင်ပြန်ဟပ်တာဖြစ်ပါတယ်။ ဝန်ထမ်းတွေအတွက် သူတို့ရဲ့ ဆန္ဒတွေကို ဖော်ပြခွင့်၊ ကုမ္ပဏီအပေါ် ပိုမိုခင်တွယ်စိတ်၊ ၎င်းတို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အန္တရာယ်ကင်း၊ ပျော်ရွှင်ပြီး စိတ်လုပ်ရှားဖွယ်ရာ ပတ်ဝန်းကျင် နဲ့ စတာတွေအပေါ် အပြည့်အဝယူကြည်မှုရှိခြင်းအတွက် အားပေးမြှင့်တင်ပြီး ပြည့်စုံတဲ့ ပတ်ဝန်းကျင်တစ်ခု တည်ဆောင်ပေးနိုင်မယ်ဆိုတာကို ကျွန်မတို့အနေနဲ့ ယုံကြည်ပါတယ်။” ဟု အူရီဒူးမြန်မာ၏ Chief Human Resources Officer ဖြစ်သူ Ms. Cecile Umana က ပြောကြားခဲ့ပါသည်။

အူရီဒူးမြန်မာသည် ဂုဏ်ဒြပ်ကြီးများသည့် ဆုများဖြစ်သော ၂၀၁၇ခုနှစ် နှင့် ၂၀၁၈ခုနှစ်အတွက် ၂နှစ်ဆက်တိုက်ရရှိသော People’s Choice Award၊ ၂၀၁၇ခုနှစ်အတွက် အိန္ဒိယရှိ Employer Branding Institute မှ ပေးအပ်သော ရရှိသော Asia Best Employer Brand Award ဆုနှင့် Myanmar Employer Award မှ ပေးအပ်သော ဆုများကို ရရှိခြင်းဖြင့် ၎င်း၏ လူသားအရင်းအမြစ်ဆိုင်ရာ ကျင့်ဝတ်များအတွက် စဉ်ဆက်မပြတ် အသိအမှတ်ပြုမှုရရှိရန် လုပ်ဆောင်လျှက်ရှိပါသည်။

Great Place to Work® Institute အကြောင်း

Great Place to Work® Institute သည် လူများ၏ လုပ်ဆောင်ချက်များကို သရုပ်ခွဲလေ့လာဆန်းစစ်ခြင်း၊ ဝန်ထမ်းများ၏ အတွေ့အကြုံ နှင့် အကြုံပေးလုပ်ငန်းများကို လုပ်ကိုင်သော နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ စစ်တမ်းကောက်ယူမှု နှစ် ၃၀ အတွေ့အကြုံဖြင့် ယခုလက်ရှိ လုပ်ငန်းခွင်ဆိုင်ရာ ယဉ်ကျေးမှုများဖြစ်သည့် ယုံကြည်မှုနှင့် မျှတမှု၊ အရည်အသွေးပြည့်ဝသော စီမံခန့်ခွဲမှုစနစ်မှတဆင့် ဝန်ထမ်းများ လိုအပ်ချက်များကို ဖော်ဆောင်နိုင်မှုအား ဝန်ထမ်းများအနေဖြင့် ဂုဏ်ယူခြင်း စသည်တို့၏ ထင်ဟပ်ပေါ်လွင်မှုကို တိုင်းတာခြင်း နှင့် ကမ္ဘာပေါ်တွင် အကောင်းဆုံး လုပ်ဆောင်ချက်များဖြင့် နှိုင်းယှဉ်မှုတို့ကို လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့မှ ပေးအပ်သော လက်မှတ်သည် အဖွဲ့အစည်းတစ်ခုအား သြဇာအရှိန်အဝါကို တိုးတက်စေပါသည်။ စစ်တမ်းကောက်ယူရတွင် ရှုထောင့်ငါးခုဖြစ်သော အများယုံကြည်လက်ခံနိုင်မှု၊ လေးစားမှု၊ တရားမျှတမှု၊ ဂုဏ်သိက္ခာရှိမှု နှင့် ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦးခင်မင်ယုံကြည်ကြခြင်း တို့အပေါ်တွင် အခြေခံကာ အကဲဖြတ်တိုင်းတာခဲ့ပါသည်။