[Zawgyi]

အူရီဒူးျမန္မာ၊ Facebook ႏွင့္ GSMA တို႔ ပူးေပါင္းၿပီး ျမန္မာႏိုင္ငံတြင္ မိုဘိုင္းအင္တာနက္ အသုံးျပဳမႈ တိုးတက္မ်ားျပားလာျခင္းေၾကာင့္ ျပည္သူလူထုအေနျဖင့္ ပိုမိုစိတ္ဝင္စားမႈ တိုးလာေစရန္အတြက္ ဒီဂ်စ္တယ္ဗဟုသုတ တိုးပြားေရးအစီအစဥ္ကို စတင္မိတ္ဆက္လိုက္ပါသည္။ “Internet 1O1” (Internet One on One) အစီအစဥ္သည္ ေက်းလက္ေဒသကို အဓိကထားၿပီး ျမန္မာႏိုင္ငံအႏွံ႔အျပားရွိ အူရီဒူး၏ လက္လီဆိုင္မ်ား ႏွင့္ အူရီဒူးအမွတ္တံဆိပ္ အေရာင္းဆိုင္ႀကီးမ်ား တြင္ အင္တာနက္ကို ပထမဦးဆုံးအႀကိမ္ စတင္အသုံးျပဳသူမ်ားကို တစ္ဦးခ်င္း၊ တစ္ေယာက္ခ်င္းစီ အသိပညာေပးရန္ ရည္႐ြယ္၍ ျပဳလုပ္ထားျခင္း ျဖစ္ပါသည္။

GSMA ၏ အခ်က္အလက္မ်ားအရ ျမန္မာႏိုင္ငံရွိ လူဦးေရ (၅၄.၁) သန္းထဲတြင္ မိုဘိုင္းအင္တာနက္ အသုံးျပဳသူေပါင္း (၂၁) သန္းနီးပါး ျမန္မာႏိုင္ငံတြင္ ရွိပါသည္။

အင္တာနက္အသုံးျပဳျခင္းအတြက္ အႀကီးမားဆုံး အဟန႔္အတားတစ္ခုသည္ ဒီဂ်စ္တယ္ဗဟုသုတ နည္းပါးေနျခင္း ျဖစ္ပါသည္။ ယခုလုပ္ေဆာင္ခ်က္သည္ မိုဘိုင္းဖုန္းျဖင့္ အင္တာနက္အသုံးျပဳသူမ်ားကို အင္တာနက္ကို အသုံးျပဳၿပီး လုပ္ေဆာင္ႏိုင္ေသာ နည္းလမ္းမ်ိဳးစုံ၊ အက်ိဳးေက်းဇူးမ်ားႏွင့္ တာဝန္ယူလိုစိတ္ရွိျခင္းတို႔ကို လမ္းၫႊန္ျပသေပးရန္ ရည္႐ြယ္ပါသည္။ ႏိုင္ငံတစ္ဝန္းတြင္ ျပဳလုပ္မည့္ ဒီဂ်စ္တယ္ဗဟုသုတ တိုးပြားေရးလႈပ္ရွားမႈအစီအစဥ္မ်ားသည္ ျမန္မာႏိုင္ငံရွိ အင္တာနက္အသုံးျပဳသူမ်ားအား အင္တာနက္ကို စနစ္တက်ျဖင့္ အက်ိဳးရွိစြာအသုံးျပဳႏိုင္သူမ်ားျဖစ္လာေစရန္ အျပည့္အဝလုပ္ေဆာင္ေပးႏိုင္မည္ဟု အူရီဒူးျမန္မာ၊ Facebook ႏွင့္ GSMA တို႔မွ ယုံၾကည္ပါသည္။

Internet 1O1 သည္ အူရီဒူးအမွတ္တံဆိပ္အေရာင္းဆိုင္မ်ားသို႔ လာေရာက္ၾကေသာ မိုဘိုင္းဖုန္းအသုံးျပဳသူမ်ားကို ၎တို႔အတြက္အသုံးဝင္ၿပီး တကယ္လိုအပ္မည့္ အြန္လိုင္းသတင္းအခ်က္အလက္မ်ားအေၾကာင္း အျပင္ အင္တာနက္အေၾကာင္း၊ အင္တာနက္ကို အသုံးျပဳပုံ ႏွင့္ အြန္လိုင္းကို အႏၲရာယ္ကင္းစြာအသုံးျပဳပုံ စသည္တို႔ကို သုံးစြဲသူမ်ားအား နားလည္လြယ္ေသာ ဗီဒီယိုျပသမႈကဲ့သို႔ေသာ ပညာေပးအေထာက္အကူ ပစၥည္းမ်ားျဖင့္ အူရီဒူး၏ အေရာင္းဝန္ထမ္းမ်ားမွ မွ်ေဝရွင္းလင္းျပသေပးမည္ ျဖစ္ပါသည္။

အူရီဒူးျမန္မာ၏ CEO ျဖစ္သူ Rajeev Sethi က “အင္တာနက္စြမ္းအားကို ေပ်ာ္႐ႊင္စြာနဲ႔ ခံစားႏိုင္ဖို႔ အႏၲရာယ္ကင္းစြာနဲ႔ အင္တာနက္ကို ခ်ိတ္ဆက္အသုံးျပဳပုံ၊ ခိုင္လုံတဲ့ သတင္းအခ်က္အလက္မ်ားရယူပုံနဲ႔ အင္တာနက္ကရရွိမယ့္ အက်ိဳးေက်းဇူးမ်ား အေၾကာင္းကို ျမန္မာႏိုင္ငံက ျပည္သူလူထုကို ပညာေပးမွ်ေဝမယ့္ ဒီအစီအစဥ္ကို လုပ္ေဆာင္ဖို႔ ႏိုင္ငံတကာသတင္းနည္းပညာက႑မွာ ဦးေဆာင္ေနတဲ့ Facebook နဲ႔ GSMA တို႔နဲ႔ လက္တြဲလုပ္ေဆာင္ခြင့္ရတဲ့အတြက္ တကယ္ကို ဂုဏ္ယူရပါတယ္။ ဒီလုပ္ေဆာင္ခ်က္ဟာဆိုရင္ အူရီဒူးျမန္မာရဲ႕ “ဒီဂ်စ္တယ္ဘဝျပည့္စုံဖို႔ အင္တာနက္ျဖင့္ေလ့လာစို႔” ဆိုတဲ့ လူမႈအက်ိဳးျပဳအစီအစဥ္ရဲ႕ ပထမေျခလွမ္းျဖစ္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္ေၾကာင့္ ျမန္မာႏိုင္ငံသားေတြရဲ႕ ဒီဂ်စ္တယ္လူမႈဘဝကို ပိုမိုျမႇင့္တင္ေပးႏိုင္မွာျဖစ္ပါတယ္။” ဟုေျပာၾကားလိုက္ပါသည္။

“ဒီဂ်စ္တယ္ ဗဟုသုတ တိုးတက္လာတာဟာ ဒီဂ်စ္တယ္ႏိုင္ငံသားအဆင့္အတန္းကို ပိုမိုတိုးတက္လာေစမွာျဖစ္ၿပီး လူမႈပတ္ဝန္းက်င္မွာလဲ တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္သြယ္ခ်ိတ္ဆက္မႈေတြ တိုးပြားလာမယ့္ အက်ိဳးေက်းဇူးကိုရရွိမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ႏိုင္ငံအႏွံ႔အျပားက အေရာင္းဆိုင္ေတြနဲ႔ သုံးစြဲသူေတြေတြ႕ဆုံႏိုင္မယ့္ ေနရာေတြမွာ ျပဳလုပ္မယ့္ ဒီဂ်စ္တယ္ဗဟုသုတတိုးပြားေစဖို႔ ႀကိဳးစားအားထုတ္မႈကို အူရီဒူး နဲ႔ GSMA တို႔နဲ႔ ပူးတြဲ လုပ္ေဆာင္မႈအတြက္ တကယ္ကို အားရေက်နပ္မိပါတယ္။” ဟု Facebook ၏ Head of Connectivity and Access Policy (APAC) ျဖစ္သူ Tenzin Norbhu က ေျပာၾကားခဲ့ပါသည္။

GSMA ၏ Head of Connected Society and Connected Women ျဖစ္သူ Claire Sibthorpe က “GSMA ဟာ ကုလသမဂၢ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးမႈပန္းတိုင္မ်ား ေအာင္ျမင္ ျပည့္မီမႈရရန္အတြက္ ေက်းလက္ေဒသေတြမွာ အင္တာနက္အသုံးျပဳၿပီး ပိုမိုအဆင့္ျမင့္လာေအာင္ လုပ္ေဆာင္ေပးႏိုင္ဖို႔ ခံယူခ်က္ထားရွိပါတယ္။” ဟု ေျပာၾကားပါသည္။ ၎မွ ထပ္မံ၍ “ မိုဘိုင္းအင္တာနက္ ခ်ိတ္ဆက္မႈဟာ လူမႈေရးနဲ႔ စီးပြားေရး ၏အတြက္ အက်ိဳးအျမတ္မ်ားစြာကို ယူေဆာင္ေပးလာမွာျဖစ္တဲ့အျပင္ ဒီဂ်စ္တယ္ ေျပာင္းလဲေဖာ္ေဆာင္ေရးနဲ႔ အမွန္တကယ္လိုအပ္တဲ့ ဝန္ေဆာင္မႈမ်ားကို ေပးပို႔ႏိုင္ဖို႔ ကူညီပံ့ပိုးေပးျခင္း တို႔ကို ျပဳလုပ္ေပးပါတယ္။ GSMA အေနနဲ႔ ျမန္မာျပည္သူျပည္သားေတြအတြက္ အဆင့္ျမင့္လာေစမယ့္ ပံ့ပိုးမူေတြမွာ တစိတ္တပိုင္းပါဝင္ခြင့္ရတဲ့ အတြက္ တကယ္ကို ေက်နပ္မိပါတယ္။” ဟု ေျပာၾကားလိုက္ပါသည္။

[Unicode]

အူရီဒူးမြန်မာမှ Facebook, GSMA တို့နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် ဒီဂျစ်တယ် ဗဟုသုတတိုးပွားရေး အစီအစဉ် “Internet 1O1” ကို စတင်မိတ်ဆက်

အူရီဒူးမြန်မာ၊ Facebook နှင့် GSMA တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် မိုဘိုင်းအင်တာနက် အသုံးပြုမှု တိုးတက်များပြားလာခြင်းကြောင့် ပြည်သူလူထုအနေဖြင့် ပိုမိုစိတ်ဝင်စားမှု တိုးလာစေရန်အတွက် ဒီဂျစ်တယ်ဗဟုသုတ တိုးပွားရေးအစီအစဉ်ကို စတင်မိတ်ဆက်လိုက်ပါသည်။ “Internet 1O1” (Internet One on One) အစီအစဉ်သည် ကျေးလက်ဒေသကို အဓိကထားပြီး မြန်မာနိုင်ငံအနှံ့အပြားရှိ အူရီဒူး၏ လက်လီဆိုင်များ နှင့် အူရီဒူးအမှတ်တံဆိပ် အရောင်းဆိုင်ကြီးများ တွင် အင်တာနက်ကို ပထမဦးဆုံးအကြိမ် စတင်အသုံးပြုသူများကို တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ အသိပညာပေးရန် ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

GSMA ၏ အချက်အလက်များအရ မြန်မာနိုင်ငံရှိ လူဦးရေ (၅၄.၁) သန်းထဲတွင် မိုဘိုင်းအင်တာနက် အသုံးပြုသူပေါင်း (၂၁) သန်းနီးပါး မြန်မာနိုင်ငံတွင် ရှိပါသည်။

အင်တာနက်အသုံးပြုခြင်းအတွက် အကြီးမားဆုံး အဟန့်အတားတစ်ခုသည် ဒီဂျစ်တယ်ဗဟုသုတ နည်းပါးနေခြင်း ဖြစ်ပါသည်။ ယခုလုပ်ဆောင်ချက်သည် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူများကို အင်တာနက်ကို အသုံးပြုပြီး လုပ်ဆောင်နိုင်သော နည်းလမ်းမျိုးစုံ၊ အကျိုးကျေးဇူးများနှင့် တာဝန်ယူလိုစိတ်ရှိခြင်းတို့ကို လမ်းညွှန်ပြသပေးရန် ရည်ရွယ်ပါသည်။ နိုင်ငံတစ်ဝန်းတွင် ပြုလုပ်မည့် ဒီဂျစ်တယ်ဗဟုသုတ တိုးပွားရေးလှုပ်ရှားမှုအစီအစဉ်များသည် မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများအား အင်တာနက်ကို စနစ်တကျဖြင့် အကျိုးရှိစွာအသုံးပြုနိုင်သူများဖြစ်လာစေရန် အပြည့်အဝလုပ်ဆောင်ပေးနိုင်မည်ဟု အူရီဒူးမြန်မာ၊ Facebook နှင့် GSMA တို့မှ ယုံကြည်ပါသည်။

Internet 1O1 သည် အူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင်များသို့ လာရောက်ကြသော မိုဘိုင်းဖုန်းအသုံးပြုသူများကို ၎င်းတို့အတွက်အသုံးဝင်ပြီး တကယ်လိုအပ်မည့် အွန်လိုင်းသတင်းအချက်အလက်များအကြောင်း အပြင် အင်တာနက်အကြောင်း၊ အင်တာနက်ကို အသုံးပြုပုံ နှင့် အွန်လိုင်းကို အန္တရာယ်ကင်းစွာအသုံးပြုပုံ စသည်တို့ကို သုံးစွဲသူများအား နားလည်လွယ်သော ဗီဒီယိုပြသမှုကဲ့သို့သော ပညာပေးအထောက်အကူ ပစ္စည်းများဖြင့် အူရီဒူး၏ အရောင်းဝန်ထမ်းများမှ မျှဝေရှင်းလင်းပြသပေးမည် ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Rajeev Sethi က “အင်တာနက်စွမ်းအားကို ပျော်ရွှင်စွာနဲ့ ခံစားနိုင်ဖို့ အန္တရာယ်ကင်းစွာနဲ့ အင်တာနက်ကို ချိတ်ဆက်အသုံးပြုပုံ၊ ခိုင်လုံတဲ့ သတင်းအချက်အလက်များရယူပုံနဲ့ အင်တာနက်ကရရှိမယ့် အကျိုးကျေးဇူးများ အကြောင်းကို မြန်မာနိုင်ငံက ပြည်သူလူထုကို ပညာပေးမျှဝေမယ့် ဒီအစီအစဉ်ကို လုပ်ဆောင်ဖို့ နိုင်ငံတကာသတင်းနည်းပညာကဏ္ဍမှာ ဦးဆောင်နေတဲ့ Facebook နဲ့ GSMA တို့နဲ့ လက်တွဲလုပ်ဆောင်ခွင့်ရတဲ့အတွက် တကယ်ကို ဂုဏ်ယူရပါတယ်။ ဒီလုပ်ဆောင်ချက်ဟာဆိုရင် အူရီဒူးမြန်မာရဲ့ “ဒီဂျစ်တယ်ဘဝပြည့်စုံဖို့ အင်တာနက်ဖြင့်လေ့လာစို့” ဆိုတဲ့ လူမှုအကျိုးပြုအစီအစဉ်ရဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် မြန်မာနိုင်ငံသားတွေရဲ့ ဒီဂျစ်တယ်လူမှုဘဝကို ပိုမိုမြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။” ဟုပြောကြားလိုက်ပါသည်။

“ဒီဂျစ်တယ် ဗဟုသုတ တိုးတက်လာတာဟာ ဒီဂျစ်တယ်နိုင်ငံသားအဆင့်အတန်းကို ပိုမိုတိုးတက်လာစေမှာဖြစ်ပြီး လူမှုပတ်ဝန်းကျင်မှာလဲ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ချိတ်ဆက်မှုတွေ တိုးပွားလာမယ့် အကျိုးကျေးဇူးကိုရရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံအနှံ့အပြားက အရောင်းဆိုင်တွေနဲ့ သုံးစွဲသူတွေတွေ့ဆုံနိုင်မယ့် နေရာတွေမှာ ပြုလုပ်မယ့် ဒီဂျစ်တယ်ဗဟုသုတတိုးပွားစေဖို့ ကြိုးစားအားထုတ်မှုကို အူရီဒူး နဲ့ GSMA တို့နဲ့ ပူးတွဲ လုပ်ဆောင်မှုအတွက် တကယ်ကို အားရကျေနပ်မိပါတယ်။” ဟု Facebook ၏ Head of Connectivity and Access Policy (APAC) ဖြစ်သူ Tenzin Norbhu က ပြောကြားခဲ့ပါသည်။

GSMA ၏ Head of Connected Society and Connected Women ဖြစ်သူ Claire Sibthorpe က “GSMA ဟာ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ အောင်မြင် ပြည့်မီမှုရရန်အတွက် ကျေးလက်ဒေသတွေမှာ အင်တာနက်အသုံးပြုပြီး ပိုမိုအဆင့်မြင့်လာအောင် လုပ်ဆောင်ပေးနိုင်ဖို့ ခံယူချက်ထားရှိပါတယ်။” ဟု ပြောကြားပါသည်။ ၎င်းမှ ထပ်မံ၍ “ မိုဘိုင်းအင်တာနက် ချိတ်ဆက်မှုဟာ လူမှုရေးနဲ့ စီးပွားရေး ၏အတွက် အကျိုးအမြတ်များစွာကို ယူဆောင်ပေးလာမှာဖြစ်တဲ့အပြင် ဒီဂျစ်တယ် ပြောင်းလဲဖော်ဆောင်ရေးနဲ့ အမှန်တကယ်လိုအပ်တဲ့ ဝန်ဆောင်မှုများကို ပေးပို့နိုင်ဖို့ ကူညီပံ့ပိုးပေးခြင်း တို့ကို ပြုလုပ်ပေးပါတယ်။ GSMA အနေနဲ့ မြန်မာပြည်သူပြည်သားတွေအတွက် အဆင့်မြင့်လာစေမယ့် ပံ့ပိုးမူတွေမှာ တစိတ်တပိုင်းပါဝင်ခွင့်ရတဲ့ အတွက် တကယ်ကို ကျေနပ်မိပါတယ်။” ဟု ပြောကြားလိုက်ပါသည်။