လူအများအားတပြိုင်နက် ငွေပေးချေခြင်းစနစ်သည် များစွာသော ငွေပေးချေမှု လိုအပ်သည့် ကော်ပရေးရှင်းများမှ ၀န်ဆောင်မှုရယူထားသူများ နှင့် အဖွဲ့အစည်းများရှိ အဖွဲ့ဝင်များထံသို့ အဆင်ပြေလွယ်ကူပြီး လုံခြုံ စိတ်ချရသော ငွေလွှဲမှုကို လုပ်ဆောင်နိုင်စေပါသည်။

အူရီဒူးသည် ၎င်း၏ M-ပိုက်ဆံ ဝန်ဆောင်မှုတွင် လူအများအားတပြိုင်နက် ငွေပေးပို့နိုင်သောစနစ် (Bulk Disbursement) ကိုထပ်မံဖြည့်သွင်းလိုက်ပြီး နေ့စဉ်လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ငွေပေးပို့မှု အမြောက်အများ လုပ်ဆောင်ရသော စီးပွားရေးလုပ်ငန်းများအတွက် ပိုမို အဆင်ပြေစေမည်ဖြစ်သည်။

အဆိုပါစနစ်သည် ငွေပေးပို့ရာတွင် ကျသင့်သော ကုန်ကျစရိတ်ကိုသက်သာစေရန်၊ ဝန်ဆောင်မှုများ၏ထိရောက်မှု နှင့် အရည်အသွေးကို မြှင့်တင်ရန်၊ လက်ခံရရှိသူ တစ်ဦးတစ်ယောက်ချင်းထံသို့ ပေးချေရသော ငွေချေမှုပေါင်းများစွာအတွက် လုံခြုံမှုကို တိုးမြှင့်ပေးရန် အထူးပြုလုပ်ထားသည့် ဖြေရှင်းနည်းတစ်ခုဖြစ်သည်။ ဤစနစ်သည် ကုမ္ပဏီတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခု မှ ဝန်ထမ်းအမြောက်အများထံ သို့မဟုတ် အဖွဲ့ဝင်များထံသို့ လစာ၊ ပင်စင်လစာ၊ ဆုငွေ၊ ပြန်အမ်းငွေနှင့် စရိတ်ထောက်ပံ့မှု တို့ကို ပမာဏ အမြောက်အများ ပေးပို့ရာတွင် ပိုမိုလွယ်ကူအောင်လုပ်ဆောင်ပေးမည်ဖြစ်သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ စရိတ်ထောက်ပံ့ကြေးနှင့် ပင်စင်ငွေရယူဖို့ ဝေးလံတဲ့ ခရီးကိုလာရတဲ့ အခက်အခဲတွေ၊ ပင်စင်ငွေနောက်ကျမှ ရတာတွေကို မြင်တွေ့ရတဲ့အတွက် ကျွန်တော်တို့ အူရီဒူးမြန်မာအနေနဲ့ အလွန်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ သက်ကြီးရွယ်အိုတွေ ကြုံတွေနေရတဲ့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ အူရီဒူးမြန်မာက HelpAge International Myanmar နဲ့လက်တွဲပူးပေါင်းပြီး လူအများအားတပြိုင်နက် ငွေလွှဲပို့ခြင်းစနစ် (The Bulk Disbursement) ကို ဖန်တီးရန်စိတ်ကူးရခဲ့တာဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ ၏ Chief M-Commence Officer ဖြစ်သူ Jacques Voogt မှရှင်းပြခဲ့ပါသည်။

HelpAge International Myanmar သည် မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများအနေဖြင့် ရသင့်ရထိုက်သောအခွင့်အရေးများရရှိရန်၊ ခွဲခြားဆက်ဆံခံရမှုမရှိစေရန်နှင့် ဆင်းရဲနွမ်းပါးခြင်းတို့ကို ကျော်လွှားနိုင်ရန် ကူညီပေးလျက်ရှိပြီး ဘ၀တွင်လုံခြုံစိတ်ချ ကျန်းမာစွာနှင့် ခံ့ညားစွာ နေထိုင်နိုင်ရန် လုပ်ဆောင်ပေးနေသော အပြည်ပြည်ဆိုင်ရာ NGO အဖွဲ့အစည်းတစ်ခုဖြစ်သည်။

HelpAge မှ Programme Manager ဖြစ်သူ မအေးမြတ်ဖြူ က “လူအများအားတပြိုင်နက် ငွေပေးချေခြင်းစနစ် (Bulk Disbursement)က ကျွန်မတို့ ကူညီပေးချင်တဲ့ သက်ကြီးရွယ်အိုတွေဆီကို ပင်စင်လစာငွေတွေ အချိန်နဲ့တပြေးညီပေးချေတဲ့အခါ လွယ်ကူအဆင်ပြေ၊ စိတ်ချမှုရှိစေဖို့ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ ကျွန်မတို့နဲ့ ရည်ရွယ်ချက်ခြင်းတူညီတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေ နဲ့လည်းလက်တွဲလုပ်ကိုင်လိုပါတယ်။ ဒီလိုအားနည်းတဲ့ သက်ကြီးရွယ်အိုတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးနိုင်ဖို့ ဆန်းသစ်တီထွင်တဲ့ လုပ်ဆောင်ချက်တွေ ဖန်တီးပေးသွားမှာ ဖြစ်ပြီး မြို့ပြဒေသမှအစ ကျေးလက်ဒေသတွေမှာ နေထိုင်ကြတဲ့ သက်ကြီးရွယ်အိုတွေအားလုံးက နောင်လာမယ့်နှစ်တွေမှာ ခံ့ခံ့ညားညား နေထိုင်သွားနိုင်ဖို့ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

HelpAge International Myanmar အနေဖြင့် ဤဝန်ဆောင်မှုအသစ်မှတဆင့် သက်ကြီးရွယ်အိုများ၏ လက်ထဲသို့ပိုက်ဆံများကို တိုက်ရိုက်ရောက်ရှိအောင် ပေးပို့နိုင်မည် ဖြစ်သည်။ ထို့အပြင် ကုန်ကျစရိတ်လျှော့ကျစေခြင်း၊ ငွေလွှဲရာတွင် ပိုမိုထိန်းချုပ်ကိုင်တွယ်နိုင်ခြင်း တို့ကြောင့် လုံခြုံစိတ်ချရသော ငွေလွှဲမှုကို ဖြစ်ပေါ်စေမည်ဖြစ်သည်။

အူရီဒူးမြန်မာသည် ၎င်း၏M-ပိုက်ဆံဝန်ဆောင်မှုဖြင့် နိုင်ငံတွင်း လျင်မြန်ပြီး ထိရောက်မှုရှိသော ငွေပေးချေမှုစနစ်ကို ဖန်တီးပေးသည့် မိုဘိုင်းပိုက်ဆံဝန်ဆောင်မှုများတွင် ထိပ်တန်းမှ ဦးဆောင်လျက်ရှိသည်။

“Bulk Disbursement ဝန်ဆောင်မှုဟာ ဝန်ထမ်းအများအပြားရှိတဲ့ ကုမ္ပဏီတွေ ဒါမှမဟုတ် နိုင်ငံအတွင်း ရပ်ဝေးဒေသများတွင်ရှိသော လုပ်ငန်းမိတ်ဖက်များအတွက် အကျုးရှိစေမှာ ဖြစ်ပါတယ်။ ဒီစနစ်သစ်က ဝန်ထမ်းလစာတွေ၊ ပင်စင်လစာတွေကို အချိန်နဲ့တပြေးညီ ပေးချေနိုင်မှာဖြစ်ပြီး ကုန်သွယ်ရောင်းဝယ်ပေးချေမှုတွေကိုလည်း အဆင်ပြေစေကာ ငွေသားအမြောက်အများ ပေးချေရတဲ့ ကုမ္ပဏီများနဲ့ စီးပွားရေးလုပ်ငန်များကို သက်သာစေပါတယ်” ဟု Voogt က ဆိုပါသည်။

“ဒီဝန်ဆောင်မှုဟာ အသုံးပြုသူများကို လုံခြုံမှုရှိခြင်း၊ မြန်ဆန်သက်သာလွယ်ကူခြင်း၊ အဆင်ပြေ ရိုးရှင်းမှုရှိတဲ့ငွေလွှဲခြင်း၊ အခွန်အခပေးဆောင်ခြင်းတို့ကို အချိန်နေရာမရွေး လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ငွေလက်ခံရရှိသူများကလည်း သူတို့၏ငွေသားများကို နိုင်ငံတစ်ဝန်းမှာရှိတဲ့ အနီးစပ်ဆုံးသောမည်သည့် M-ပိုက်ဆံ ကိုယ်စားလှယ်များထံတွင် ငွေသားများထုတ်ယူနိုင်သလို ဘဏ်စာရင်းသို့ အဆိုပါငွေကို လွှဲပြောင်းပေးပို့နိုင်ပါတယ်။” ဟု ၎င်းက ထပ်မံပြောကြားခဲ့ပါသည်။

Bulk Disbursement ၏ လုပ်ဆောင်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အဆင့် (၁) – Bulk Disbursement အကောင့်ကို အသုံးပြုသူအနေဖြင့် CB ဘဏ်၏ မိုဘိုင်းဘဏ်စာရင်း ရှိရမည်ဖြစ်ပြီး (ဘဏ်ထဲရှိငွေကို M-ပိုက်ဆံအကောင့်ထဲသို့ လွှဲပြောင်းနိုင်ရန်) M-ပိုက်ဆံအကောင့်နှင့် ချိတ်ဆက်ထားရမည်။

အဆင့် (၂) – ဖိုင်ပြင်ဆင်သူ အနေဖြင့် Bulk Disbursement စာရင်းဝန်ထမ်းအဖြစ် ပေးပို့မည့် Bulk ဖိုင်ကို ၀က်ဘ်ဆိုက် (mobilizer) ပေါ်သို့ တင်ပေးရမည်။ M-ပိုက်ဆံအကောင့်ထဲမှာ ဒီဂျစ်တယ် ပိုက်ဆံကို မည်သည့် မိုဘိုင်းဖုန်းနံပါတ်တိုင်းသို့ လွှဲပို့မည့် ငွေပမာဏ နှင့် အကြောင်းအရာပါသည့်စာတို့ကို ပေးပို့နိုင်ပါသည်။

အဆင့်(၃) – ဖိုင်မှတဆင့်လွဲပေးမည့်ငွေပမာဏနှင့် စာရင်းကို အသိအမှတ်ပြုသူသည် Bulk Disbursement မန်နေဂျာအဖြစ် ဆောင်ရွက်ပြီး ၀က်ဘ်ဆိုဒ်တွင်တင်ထားသော ဖိုင်မှ အချက်အလက်နှင့် ငွေပမာဏကို စစ်ဆေးပြီး အသိအမှတ်ပြုပေးရပါမည်။

ပိုက်ဆံကို အချိန်နဲ့တပြေးညီပေးပို့ပေးပြီး ပေးပို့သူ နှင့် လက်ခံသူ နှစ်ဦးစလုံးသည် ငွေလွှဲခြင်း SMS စာတို အသိပေးချက် ကိုရရှိပါသည်။ အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင် အူရီဒူး မိုဘိုင်းနံပါတ်များ ရှိနေသမျှ ကာလပတ်လုံး M-ပိုက်ဆံ လွှဲယူမှုအတွက် ဖြန့်ဝေမှု လူဦးရေကန့်သတ်ထားခြင်းမရှိပါ။ M-ပိုက်ဆံ၏ လူအများအားတပြိုင်နက် ငွေလွှဲပို့ခြင်းစနစ်မှတဆင့် ဈေးနှုန်းသင့်တင့်မျှတခြင်း၊ အသုံးပြုရန်လွယ်ကူခြင်းနှင့် အချိန်မရွေးရယူအသုံးပြုနိုင်ခြင်းကို တစ်စုတစ်စည်းထဲရရှိရန်အတွက် စီစဉ်ပေးထားခြင်းဖြစ်ပါသည်။ M-ပိုက်ဆံဝန်ဆောင်မှုကို အသုံးပြုလိုသူများအနေဖြင့် *999# ကိုခေါ်ဆိုပြီး M-ပိုက်ဆံဝန်ဆောင်မှုအတွက် စာရင်းပေးသွင်းနိုင်ပါသည်။