[Unicode]

ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် အူရီဒူးသည် ၂၀၁၉ ခုနှစ်အတွက် Stevie International Business Awards (IBAs) ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုတံဆိပ်များစွာ ဆွတ်ခူးရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

The Stevie Awards ဆုချီးမြှင့်ပွဲ အခမ်းအနားအား ကမ္ဘာတဝန်းရှိ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များနှင့် လူ့အသိုင်းအဝန်းအတွက် ကူညီထောက်ပံ့မှုများကို ပြန်လည်အသိအမှတ်ပြု ဂုဏ်ပြုလိုသည့် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ကျင်းပ ပြုလုပ်လေ့ရှိသည်။ အူရီဒူးသည် ယခုနှစ် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဂုဏ်သိက္ခာအကြီးမားဆုံးသော ဆုတံဆိပ် တစ်ခုဖြစ်သည့် တစ်နှစ်တာအတွင်း အကောင်းမွန်ဆုံး ဆက်သွယ်ရေးကုမ္ပဏီဆု (Company of the Year award in the Telecommunications – Large category) အပါအဝင် စုစုပေါင်း ဆုတံဆိပ် ၁၄ ခုအား ဆွတ်ခူးရရှိခဲ့သည်။ ထို့အပြင် အူရီဒူးသည် ၂၀၁၉ ခုနှစ် အတွက် IBAs ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုတံဆိပ်အများဆုံး ဆွတ်ခူးရရှိခဲ့သည့် အဖွဲ့အစည်း ၁၀ ခု အနက် ၁ ခု အပါအဝင် ဖြစ်ခဲ့သည့်အတွက် ဂုဏ်သိက္ခာကြီးမားသော Grand Stevie Award ဆုတံဆိပ်ကိုလည်း ဆွတ်ခူးရရှိခဲ့သည်။

အူရီဒူးသည် အဆိုပါ တစ်နှစ်တာအတွင်း အကောင်းမွန်ဆုံး ဆက်သွယ်ရေးကုမ္ပဏီဆု (Company of the Year award) အပြင် အခြားသော ရွှေတံဆိပ်ဆုပေါင်း ၅ ဆုကိုလည်း IBAs ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆွတ်ခူးရရှိခဲ့သည်။

အူရီဒူးကာတာ၏ 5G ကွန်ရက်သည် ဆက်သွယ်ရေးကဏ္ဍအတွင်း တစ်နှစ်တာအတွင်း နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှု ရွှေတံဆိပ်ဆု (Technical Innovation of the Year in the Telecommunications – Large category) နှင့် တစ်နှစ်တာအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှု ရွှေတံဆိပ်ဆု (Telecommunications – Service Category) များအား ဆွတ်ခူးရရှိခဲ့သည်။ အလားတူပင် အူရီဒူးကာတာသည် ဝန်ထမ်းဦးရေပေါင်း ၂,၅၀၀ ကျော်ရှိသည့် အဖွဲ့အစည်းများကဏ္ဍတွင်လည်း ဆန်းသစ်တီထွင်မှုအရှိဆုံး ကုမ္ပဏီ ရွှေတံဆိပ်ဆု (Most Innovative Company of the Year)၊ အူရီဒူးလုပ်ငန်းစုမှ လုပ်ဆောင်ခဲ့သည့် Messi Campaign သည် အင်တာနက်/ဆက်သွယ်ရေးကဏ္ဍအတွင်း တစ်နှစ်တာ Marketing Campaign ရွှေတံဆိပ်ဆု (Marketing Campaign of the Year – Internet/Telecom) နှင့် အူရီဒူးမော်လ်ဒိုက် Digital Resorts Solution သည် ပို့ဆောင်ရေးကဏ္ဍတွင် ရွှေတံဆိပ်ဆု များကိုလည်း အသီးသီး ဆွတ်ခူးရရှိခဲ့သည်။

ထို့အပြင် အူရီဒူးသည် အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ငွေတံဆိပ်ဆု ၃ ဆုကိုလည်း ဆွတ်ခူးရရှိခဲ့သည်။ Mobile World Congress 2019 တွင် အူရီဒူးလုပ်ငန်းစု၏ တင်ဆက်ပြသမှုများသည် Brand & Experiences – Exhibition Experience ကဏ္ဍ တွင် ငွေတံဆိပ်ဆု၊ အာရှ၊ ဩစတေးလျနှင့် နယူးဇီလန်နိုင်ငံများအနက် တစ်နှစ်တာ လူမှုအကျိုးပြုလုပ်ငန်း (Corporate Social Responsibility Programme of the Year in Asia, Australia and New Zealand) ကဏ္ဍ တွင် အူရီဒူးမြန်မာ၏ ‘မိနစ်များများပြောလေ၊ အူရီဒူးမှ များများလှူလေ’ လူမှုအကျိုးပြုလုပ်ငန်းသည် ငွေတံဆိပ်ဆု နှင့် အူရီဒူးမော်လ်ဒိုက်၏ Smart City စီမံကိန်းနှင့် NIRU Accelerator ပရိုဂရမ်တို့သည် ငွေတံဆိပ်ဆု အသီးသီး ဆွတ်ခူးရရှိခဲ့သည်။

အလားတူပင် အူရီဒူးသည် အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ကြေးတံဆိပ်ဆု ၄ ဆု ကိုလည်း ဆွတ်ခူးရရှိခဲ့သည်။ အူရီဒူးအိုမန်၏ Business App သည် Business / Government ကဏ္ဍတွင် ကြေးတံဆိပ်ဆု၊ အူရီဒူးအယ်လ်ဂျီးရီးယား၏ Haya Music သည် Music ကဏ္ဍတွင် ကြေးတံဆိပ်ဆု၊ အူရီဒူးမြန်မာသည် ဝန်ထမ်းဦးရေပေါင်း ၂,၅၀၀ အထိရှိသည့် အဖွဲ့အစည်းများကဏ္ဍတွင် တစ်နှစ်တာ ဆန်းသစ်တီထွင်မှုအရှိဆုံးကုမ္ပဏီ ကြေးတံဆိပ်ဆု နှင့် Asiacell သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသများတွင် တစ်နှစ်တာ လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ် ကြေးတံဆိပ်ဆု များအား အသီးသီး ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါ အောင်မြင်မှုများနှင့် ပတ်သက်၍ အူရီဒူးလုပ်ငန်းစု၏ Chief Executive Officer ဖြစ်သူ Sheikh Saud Bin Nasser Al Thani မှ “ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို ဂုဏ်သိက္ခာကြီးမားတဲ့ နိုင်ငံတကာ ဆုတံဆိပ်တွေကို ချီးမြှင့်ပေးခဲ့တဲ့အတွက် အရမ်းကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အထူးသဖြင့် ဒီနှစ်မှာဆိုရင် အခမ်းအနားရဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး ဆုတံဆိပ်တစ်ခု ဖြစ်တဲ့ တစ်နှစ်တာအတွင်း အကောင်းမွန်ဆုံး ကုမ္ပဏီဆု (Company of the year) အပါအဝင် စံချိန်တင် ရွှေတံဆိပ်ဆု အရေအတွက်ကို ဆွတ်ခူးရရှိခဲ့တဲ့ အတွက်လည်း ပိုပြီးတော့ ဂုဏ်ယူမိပါတယ်။ အခုလို မတူညီတဲ့ကဏ္ဍတွေမှာ ဆုတံဆိပ်တွေ ရရှိခဲ့တာဟာ ကျွန်တော်တို့ အူရီဒူးအနေနဲ့ ဆက်သွယ်ရေးကဏ္ဍအတွင်းက နယ်ပယ်အသီးသီးမှာ ဦးဆောင်သူတစ်ဦးအဖြစ် လုပ်ငန်းတွေ ဆောင်ရွက်နေတာကို ဖော်ပြနေတဲ့အပြင် ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ အူရီဒူး အသုံးပြုသူတွေရဲ့ ဒီဂျစ်တယ်လူနေထိုင်မှုဘဝတွေကို ပိုမိုတိုးတက်လာစေဖို့ ကျွန်တော်တို့ရဲ့ ရည်ရွယ်လုပ်ဆောင်ချက်တွေဟာ ဆက်သွယ်ရေးကဏ္ဍ တစ်ခုလုံးရဲ့ အသိအမှတ်ပြု လေးစားမှုတွေကို ရရှိနေတယ်ဆိုတဲ့ အချက်ကိုလည်း ဖော်ပြနေပါတယ်။ အူရီဒူးအနေနဲ့ 5G ကွန်ရက် အပါအဝင် နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုနယ်ပယ်မှာ ဦးဆောင်သူတစ်ဦးအဖြစ် ဆက်လက်ရပ်တည်သွားဖို့ ရည်သန်ထားပြီး အနာဂတ်မှာလည်း ဆက်သွယ်ရေးကဏ္ဍအတွင်း ဒီဂျစ်တယ်စနစ် အပြည့်အဝ ဖော်ဆောင်နိုင်ဖို့အတွက်လည်း နည်းဗျုဟာကျကျနဲ့ ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမှာပါ။”

ယခုနှစ် အစောပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် 5G World Awards ဆုပေးပွဲတွင်လည်း အူရီဒူးလုပ်ငန်းစု၏ ကမ္ဘာတဝန်းရှိ ဈေးကွက်များတွင် လုပ်ငန်းဆောင်ရွက်မှုများအား ဒီဂျစ်တယ် စနစ်သို့ ပြောင်းလဲဖော်ဆောင်မှု လုပ်ငန်းစဉ်သည် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည်။ ဆက်သွယ်ရေးကဏ္ဍအတွင်း ဆန်းသစ်တီထွင်မှု အရှိဆုံး အဖွဲ့အစည်းများအား ရွေးချယ်ချီးမြှင့်သည့် အဆိုပါ 5G World Awards 2019 ဆုပေးပွဲတွင် အူရီဒူးလုပ်ငန်းစုသည် ‘Best Telco Digital Transformation Project’ ဆု အား ဆွတ်ခူးရရှိခဲ့သည်။ အလားတူပင် အဆိုပါ ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲဖော်ဆောင်မှု လုပ်ငန်းစဉ်သည် ကမ္ဘာတဝန်း အူရီဒူး၏ ဈေးကွက်များတွင်လည်း အသိအမှတ်ပြုမှုများ ရရှိခဲ့သည်။

[Zawgyi]

2019 Stevie International Business Awards ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားတြင္ အူရီဒူးမွ ဆုတံဆိပ္ အေရအတြက္ ၁၄ ဆုအား ဆြတ္ခူးရရွိခဲ့

ကမာၻ႔ထိပ္တန္း ဆက္သြယ္ေရး ေအာ္ပေရတာတစ္ခုျဖစ္သည့္ အူရီဒူးသည္ ၂၀၁၉ ခုႏွစ္အတြက္ Stevie International Business Awards (IBAs) ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားတြင္ ဆုတံဆိပ္မ်ားစြာ ဆြတ္ခူးရရွိခဲ့ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။

The Stevie Awards ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားအား ကမာၻတဝန္းရွိ ကုမၸဏီမ်ား၊ အဖြဲ႕အစည္းမ်ား၏ လုပ္ေဆာင္ခ်က္မ်ားႏွင့္ လူ႔အသိုင္းအဝန္းအတြက္ ကူညီေထာက္ပံ့မႈမ်ားကို ျပန္လည္အသိအမွတ္ျပဳ ဂုဏ္ျပဳလိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ႏွစ္စဥ္ က်င္းပ ျပဳလုပ္ေလ့ရွိသည္။ အူရီဒူးသည္ ယခုႏွစ္ ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားတြင္ ဂုဏ္သိကၡာအႀကီးမားဆုံးေသာ ဆုတံဆိပ္ တစ္ခုျဖစ္သည့္ တစ္ႏွစ္တာအတြင္း အေကာင္းမြန္ဆုံး ဆက္သြယ္ေရးကုမၸဏီဆု (Company of the Year award in the Telecommunications – Large category) အပါအဝင္ စုစုေပါင္း ဆုတံဆိပ္ ၁၄ ခုအား ဆြတ္ခူးရရွိခဲ့သည္။ ထို႔အျပင္ အူရီဒူးသည္ ၂၀၁၉ ခုႏွစ္ အတြက္ IBAs ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားတြင္ ဆုတံဆိပ္အမ်ားဆုံး ဆြတ္ခူးရရွိခဲ့သည့္ အဖြဲ႕အစည္း ၁၀ ခု အနက္ ၁ ခု အပါအဝင္ ျဖစ္ခဲ့သည့္အတြက္ ဂုဏ္သိကၡာႀကီးမားေသာ Grand Stevie Award ဆုတံဆိပ္ကိုလည္း ဆြတ္ခူးရရွိခဲ့သည္။

အူရီဒူးသည္ အဆိုပါ တစ္ႏွစ္တာအတြင္း အေကာင္းမြန္ဆုံး ဆက္သြယ္ေရးကုမၸဏီဆု (Company of the Year award) အျပင္ အျခားေသာ ေ႐ႊတံဆိပ္ဆုေပါင္း ၅ ဆုကိုလည္း IBAs ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားတြင္ ဆြတ္ခူးရရွိခဲ့သည္။

အူရီဒူးကာတာ၏ 5G ကြန္ရက္သည္ ဆက္သြယ္ေရးက႑အတြင္း တစ္ႏွစ္တာအတြင္း နည္းပညာပိုင္းဆိုင္ရာ ဆန္းသစ္တီထြင္မႈ ေ႐ႊတံဆိပ္ဆု (Technical Innovation of the Year in the Telecommunications – Large category) ႏွင့္ တစ္ႏွစ္တာအတြင္း ဆက္သြယ္ေရး ဝန္ေဆာင္မႈ ေ႐ႊတံဆိပ္ဆု (Telecommunications – Service Category) မ်ားအား ဆြတ္ခူးရရွိခဲ့သည္။ အလားတူပင္ အူရီဒူးကာတာသည္ ဝန္ထမ္းဦးေရေပါင္း ၂,၅၀၀ ေက်ာ္ရွိသည့္ အဖြဲ႕အစည္းမ်ားက႑တြင္လည္း ဆန္းသစ္တီထြင္မႈအရွိဆုံး ကုမၸဏီ ေ႐ႊတံဆိပ္ဆု (Most Innovative Company of the Year)၊ အူရီဒူးလုပ္ငန္းစုမွ လုပ္ေဆာင္ခဲ့သည့္ Messi Campaign သည္ အင္တာနက္/ဆက္သြယ္ေရးက႑အတြင္း တစ္ႏွစ္တာ Marketing Campaign ေ႐ႊတံဆိပ္ဆု (Marketing Campaign of the Year – Internet/Telecom) ႏွင့္ အူရီဒူးေမာ္လ္ဒိုက္ Digital Resorts Solution သည္ ပို႔ေဆာင္ေရးက႑တြင္ ေ႐ႊတံဆိပ္ဆု မ်ားကိုလည္း အသီးသီး ဆြတ္ခူးရရွိခဲ့သည္။

ထို႔အျပင္ အူရီဒူးသည္ အဆိုပါ ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားတြင္ ေငြတံဆိပ္ဆု ၃ ဆုကိုလည္း ဆြတ္ခူးရရွိခဲ့သည္။ Mobile World Congress 2019 တြင္ အူရီဒူးလုပ္ငန္းစု၏ တင္ဆက္ျပသမႈမ်ားသည္ Brand & Experiences – Exhibition Experience က႑ တြင္ ေငြတံဆိပ္ဆု၊ အာရွ၊ ဩစေတးလ်ႏွင့္ နယူးဇီလန္ႏိုင္ငံမ်ားအနက္ တစ္ႏွစ္တာ လူမႈအက်ိဳးျပဳလုပ္ငန္း (Corporate Social Responsibility Programme of the Year in Asia, Australia and New Zealand) က႑ တြင္ အူရီဒူးျမန္မာ၏ ‘မိနစ္မ်ားမ်ားေျပာေလ၊ အူရီဒူးမွ မ်ားမ်ားလႉေလ’ လူမႈအက်ိဳးျပဳလုပ္ငန္းသည္ ေငြတံဆိပ္ဆု ႏွင့္ အူရီဒူးေမာ္လ္ဒိုက္၏ Smart City စီမံကိန္းႏွင့္ NIRU Accelerator ပ႐ိုဂရမ္တို႔သည္ ေငြတံဆိပ္ဆု အသီးသီး ဆြတ္ခူးရရွိခဲ့သည္။

အလားတူပင္ အူရီဒူးသည္ အဆိုပါ ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားတြင္ ေၾကးတံဆိပ္ဆု ၄ ဆု ကိုလည္း ဆြတ္ခူးရရွိခဲ့သည္။ အူရီဒူးအိုမန္၏ Business App သည္ Business / Government က႑တြင္ ေၾကးတံဆိပ္ဆု၊ အူရီဒူးအယ္လ္ဂ်ီးရီးယား၏ Haya Music သည္ Music က႑တြင္ ေၾကးတံဆိပ္ဆု၊ အူရီဒူးျမန္မာသည္ ဝန္ထမ္းဦးေရေပါင္း ၂,၅၀၀ အထိရွိသည့္ အဖြဲ႕အစည္းမ်ားက႑တြင္ တစ္ႏွစ္တာ ဆန္းသစ္တီထြင္မႈအရွိဆုံးကုမၸဏီ ေၾကးတံဆိပ္ဆု ႏွင့္ Asiacell သည္ အေရွ႕အလယ္ပိုင္းႏွင့္ အာဖရိကေဒသမ်ားတြင္ တစ္ႏွစ္တာ လူမႈအက်ိဳးျပဳလုပ္ငန္း အစီအစဥ္ ေၾကးတံဆိပ္ဆု မ်ားအား အသီးသီး ဆြတ္ခူးရရွိခဲ့သည္။

အဆိုပါ ေအာင္ျမင္မႈမ်ားႏွင့္ ပတ္သက္၍ အူရီဒူးလုပ္ငန္းစု၏ Chief Executive Officer ျဖစ္သူ Sheikh Saud Bin Nasser Al Thani မွ “ကြၽန္ေတာ္တို႔ရဲ႕ ႀကိဳးပမ္းမႈေတြကို အသိအမွတ္ျပဳတဲ့အေနနဲ႔ အခုလို ဂုဏ္သိကၡာႀကီးမားတဲ့ ႏိုင္ငံတကာ ဆုတံဆိပ္ေတြကို ခ်ီးျမႇင့္ေပးခဲ့တဲ့အတြက္ အရမ္းကို ဝမ္းေျမာက္ဂုဏ္ယူမိပါတယ္။ အထူးသျဖင့္ ဒီႏွစ္မွာဆိုရင္ အခမ္းအနားရဲ႕ ဂုဏ္သိကၡာ အႀကီးမားဆုံး ဆုတံဆိပ္တစ္ခု ျဖစ္တဲ့ တစ္ႏွစ္တာအတြင္း အေကာင္းမြန္ဆုံး ကုမၸဏီဆု (Company of the year) အပါအဝင္ စံခ်ိန္တင္ ေ႐ႊတံဆိပ္ဆု အေရအတြက္ကို ဆြတ္ခူးရရွိခဲ့တဲ့ အတြက္လည္း ပိုၿပီးေတာ့ ဂုဏ္ယူမိပါတယ္။ အခုလို မတူညီတဲ့က႑ေတြမွာ ဆုတံဆိပ္ေတြ ရရွိခဲ့တာဟာ ကြၽန္ေတာ္တို႔ အူရီဒူးအေနနဲ႔ ဆက္သြယ္ေရးက႑အတြင္းက နယ္ပယ္အသီးသီးမွာ ဦးေဆာင္သူတစ္ဦးအျဖစ္ လုပ္ငန္းေတြ ေဆာင္႐ြက္ေနတာကို ေဖာ္ျပေနတဲ့အျပင္ ကမာၻတစ္ဝန္းလုံးမွာရွိတဲ့ အူရီဒူး အသုံးျပဳသူေတြရဲ႕ ဒီဂ်စ္တယ္လူေနထိုင္မႈဘဝေတြကို ပိုမိုတိုးတက္လာေစဖို႔ ကြၽန္ေတာ္တို႔ရဲ႕ ရည္႐ြယ္လုပ္ေဆာင္ခ်က္ေတြဟာ ဆက္သြယ္ေရးက႑ တစ္ခုလုံးရဲ႕ အသိအမွတ္ျပဳ ေလးစားမႈေတြကို ရရွိေနတယ္ဆိုတဲ့ အခ်က္ကိုလည္း ေဖာ္ျပေနပါတယ္။ အူရီဒူးအေနနဲ႔ 5G ကြန္ရက္ အပါအဝင္ နည္းပညာပိုင္းဆိုင္ရာ ဆန္းသစ္တီထြင္မႈနယ္ပယ္မွာ ဦးေဆာင္သူတစ္ဦးအျဖစ္ ဆက္လက္ရပ္တည္သြားဖို႔ ရည္သန္ထားၿပီး အနာဂတ္မွာလည္း ဆက္သြယ္ေရးက႑အတြင္း ဒီဂ်စ္တယ္စနစ္ အျပည့္အဝ ေဖာ္ေဆာင္ႏိုင္ဖို႔အတြက္လည္း နည္းဗ်ဳဟာက်က်နဲ႔ ဆက္လက္တိုးျမႇင့္လုပ္ေဆာင္သြားမွာပါ။”

ယခုႏွစ္ အေစာပိုင္းတြင္ က်င္းပျပဳလုပ္ခဲ့သည့္ 5G World Awards ဆုေပးပြဲတြင္လည္း အူရီဒူးလုပ္ငန္းစု၏ ကမာၻတဝန္းရွိ ေဈးကြက္မ်ားတြင္ လုပ္ငန္းေဆာင္႐ြက္မႈမ်ားအား ဒီဂ်စ္တယ္ စနစ္သို႔ ေျပာင္းလဲေဖာ္ေဆာင္မႈ လုပ္ငန္းစဥ္သည္ ဆုတံဆိပ္မ်ား ဆြတ္ခူးရရွိခဲ့သည္။ ဆက္သြယ္ေရးက႑အတြင္း ဆန္းသစ္တီထြင္မႈ အရွိဆုံး အဖြဲ႕အစည္းမ်ားအား ေ႐ြးခ်ယ္ခ်ီးျမႇင့္သည့္ အဆိုပါ 5G World Awards 2019 ဆုေပးပြဲတြင္ အူရီဒူးလုပ္ငန္းစုသည္ ‘Best Telco Digital Transformation Project’ ဆု အား ဆြတ္ခူးရရွိခဲ့သည္။ အလားတူပင္ အဆိုပါ ဒီဂ်စ္တယ္စနစ္သို႔ ေျပာင္းလဲေဖာ္ေဆာင္မႈ လုပ္ငန္းစဥ္သည္ ကမာၻတဝန္း အူရီဒူး၏ ေဈးကြက္မ်ားတြင္လည္း အသိအမွတ္ျပဳမႈမ်ား ရရွိခဲ့သည္။