[Zawgyi]

ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး၊ ပညာေရးႏွင့္ ရာသီဥတုေျပာင္းလဲမႈ ဟူသည့္ က႑ ၃ ရပ္ အတြက္ နည္းပညာပိုင္းဆိုင္ရာ ဆန္းသစ္တီထြင္မႈမ်ားအား ရွာေဖြေဖာ္ထုတ္ႏိုင္ခဲ့သည္။

အူရီဒူးျမန္မာႏွင့္ UNDP တို႔ ပူးေပါင္းက်င္းပသည့္ The Hackathon 2019 တြင္ အႏိုင္ရရွိသည့္အဖြဲ႕ ၆ ဖြဲ႕ အား တနဂၤေႏြေန႔တြင္ ထုတ္ျပန္ေၾကညာခဲ့ပါသည္။ အႏိုင္ရရွိသူမ်ားသည္ စုစုေပါင္း ၿပိဳင္ပြဲဝင္ အေရအတြက္ ၂၀၀ ေက်ာ္အနက္မွ ေ႐ြးခ်ယ္ခံခဲ့ရျခင္းျဖစ္ၿပီး ၿပိဳင္ပြဲဝင္မ်ားအားလုံးသည္ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕မ်ားတြင္ ေအာက္တိုဘာလ ၁၈ ရက္ေန႔မွ ၂၀ ရက္ေန႔အထိ တစ္ၿပိဳင္နက္ထဲ က်င္းပျပဳလုပ္ခဲ့သည့္ ၿပိဳင္ဆိုင္မႈျပင္းထန္ေသာ ၂ ရက္ခြဲၾကာ ၿပိဳင္ပြဲအတြင္း သတိျပဳမွတ္သားဖြယ္ ေရွ႕ေျပးပုံစံမ်ားႏွင့္ သက္ဆိုင္ရာ လုပ္ငန္းပုံစံမ်ားအား အၿပိဳင္အဆိုင္ တီထြင္ဖန္တီးခဲ့ၾကသည္။

အငယ္တန္းအဆင့္ၿပိဳင္ပြဲတြင္ စုစုေပါင္း ၂၈ သင္းမွ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ၄င္းသည္ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ The Hackathon ၿပိဳင္ပြဲဝင္အသစ္မ်ားအတြက္ ရည္႐ြယ္ပါသည္။ အငယ္တန္းအဆင့္ၿပိဳင္ပြဲတြင္ အႏိုင္ရရွိသည့္အဖြဲ႕မ်ားမွာ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရး က႑အတြက္ မႏၲေလးၿမိဳ႕မွ Team Glorious , ပညာေရးက႑အတြက္ ရန္ကုန္ၿမိဳ႕မွ Team MYLP 2K18 ႏွင့္ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာက႑အတြက္ ရန္ကုန္ၿမိဳ႕မွ Team F တို႔ျဖစ္ၾကၿပီး ၎တို႔သည္ မိုဘိုင္းအက္ပလီေကးရွင္းမ်ားျဖစ္ၾကသည့္ Sein Lan, Nyan-San ႏွင့္ Weather Smart တို႔ကို အသီးသီး တီထြင္ခဲ့ၾကသည္။

ပညာေရးက႑တြင္ ဆန္းသစ္တီထြင္မႈကို ယွဥ္ၿပိဳင္အႏိုင္ရခဲ့သည့္ Team MYLP 2K18 မွ ေဝလင္းက “ပထမဆုံး လာၿပိဳင္တာပါ။ အရမ္းေပ်ာ္ၿပီး စိတ္လႈပ္ရွားပါတယ္။ အစထဲက ဆုရမယ္လို႔ေတာ့ မွန္းထားပါတယ္။ ေရွ႕ဆက္ၿပီးေတာ့လည္း အမ်ားႀကီး ဆက္ႀကိဳးစားသြားဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။” ဟု ေျပာၾကားခဲ့သည္။

ပညာရွင္အဆင့္ၿပိဳင္ပြဲတြင္ စုစုေပါင္း ၂၁ သင္းမွ ပါ၀င္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ၄င္းသည္ စဦး လုပ္ငန္းမ်ားႏွင့္ ယမန္ႏွစ္ Hackathon တြင္ ပါဝင္ယွဥ္ၿပိဳင္ခဲ့သူမ်ားအတြက္ ေဆာင္႐ြက္ေပးျခင္း ျဖစ္ပါသည္။ ပညာရွင္အဆင့္ၿပိဳင္ပြဲတြင္ အႏိုင္ရရွိသည့္အဖြဲ႕မ်ားမွာ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရး က႑အတြက္ ရန္ကုန္ၿမိဳ႕မွ Team Agri Light, ပညာေရးက႑အတြက္ ရန္ကုန္ၿမိဳ႕မွ Team Twee Twee ႏွင့္ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာက႑အတြက္ ရန္ကုန္ၿမိဳ႕မွ Team Innovatory တို႔မွ ၎တို႔၏ မိုဘိုင္းအက္ပလီေကးရွင္မ်ားျဖစ္ၾကသည့္ Kyat Lat Pay, Twee Bot ႏွင့္ Sein တို႔ျဖင့္ ရရွိခဲ့ၾကပါသည္။

မခိုင္ဆု၏ The Hackathon 2018 တြင္ ပါဝင္ယွဥ္ၿပိဳင္ခဲ့သည့္ အေတြ႕အႀကဳံမွာ မွတ္သားဖြယ္ရာျဖစ္ခဲ့ၿပီး ယခုႏွစ္တြင္လည္း ထပ္မံ ယွဥ္ၿပိဳင္ေစရန္ တြန္းအားေပးခဲ့ပါသည္။ သူမအေနျဖင့္ Team Twee Twee တြင္ ပါဝင္၍ ထပ္မံစိန္ေခၚယွဥ္ၿပိဳင္ခဲ့ၿပီး အႀကီးတန္းအဆင့္ ပညာေရးက႑တြင္ အႏိုင္ရရွိခဲ့ပါသည္။ “ညီမရဲ႕ နည္းပညာဆိုင္ရာၿပိဳင္ပြဲအေတြ႕အႀကဳံက ၃ႏွစ္ေလာက္ရွိပါတယ္။ ညီမတို႔အဖြဲ႕ထဲက အဖြဲ႕သားေတြက ဒီႏွစ္ပထမဆုံးပါ။ ပထမကေတာ့ ပင္ပန္းပါတယ္။ ဆုရမယ္မွန္းေတာ့ ထင္ေတာ့မထင္ထားဘူး။ တကယ္ကို မယုံထားဘဲရတဲ့အတြက္ အရမ္းပဲ ဝမ္းသာပါတယ္။” ဟု ေျပာၾကားပါသည္။

ဆုခ်ီးျမႇင့္ပြဲတြင္ ပါဝင္ဆုံးျဖတ္ေပးခဲ့ျပသည့္ အကဲျဖတ္အဖြဲ႕ဝင္မ်ားမွာ ျမန္မာႏိုင္ငံတြင္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး၊ ပညာေရးႏွင့္ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာက႑မ်ားတြင္ ျပည္တြင္းျပည္ပမွ နာမည္ေက်ာ္ပညာရွင္မ်ား ပါဝင္ၾကပါသည္။

ၿပိဳင္ပြဲဝင္အသင္းမ်ားအား ပ႐ိုဂရမ္ေရးဆြဲမႈ၊ စီးပြားေရးပိုင္းဆိုင္ရာ အစီအစဥ္ေရးဆြဲမႈ၊ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေရးပန္းတိုင္မ်ားအား အရွိန္အဟုန္ျမင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေစရန္ ကူညီေပးႏိုင္မည့္ လူမႈေရးပိုင္းဆိုင္ရာသက္ေရာက္မႈမ်ားအျပင္ အဖြဲ႕လိုက္ ေဆာင္႐ြက္မႈႏွင့္ ဆက္သြယ္ေရးပိုင္းအစရွိသည့္ အခ်က္မ်ားအေပၚမူတည္၍ အမွတ္ေပးအကဲျဖတ္ခဲ့ၿပီး အငယ္တန္းအဆင့္ ၿပိဳင္ပြဲတြင္ အႏိုင္ရရွိသည့္ အဖြဲ႕မ်ားအေနျဖင့္ ဆုေၾကးေငြ ျမန္မာေငြက်ပ္ သိန္း ၃၀ စီႏွင့္ ပညာရွင္အဆင့္ၿပိဳင္ပြဲတြင္ အႏိုင္ရရွိခဲ့သည့္ အဖြဲ႕မ်ားအေနႏွင့္ တစ္ဖြဲ႕လွ်င္ ဆုေၾကးေငြ ျမန္မာေငြက်ပ္ သိန္း ၆၀ အား ဆြတ္ခူးရရွိခဲ့သည့္အျပင္ အျခားေသာ ကူညီေထာက္ပံ့မႈမ်ားကိုပါ ရရွိသြားႏိုင္မည္ ျဖစ္သည္။

ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားၿပီးဆုံးခ်ိန္တြင္ အူရီဒူးႏွင့္ UNDP တို႔ ပူးေပါင္းေဆာင္႐ြက္မည့္ Innovation Hub ကိုလည္း မိတ္ဆက္ေၾကညာေပးခဲ့ပါသည္။ ရန္ကုန္ၿမိဳ႕ရွိ အူရီဒူးျမန္မာ႐ုံးခ်ဳပ္တြင္ တည္ရွိၿပီး တင့္တယ္စြာ တည္ေဆာက္ထားသည့္ အဆိုပါ Innovation Hub သည္ ငယ္႐ြယ္ေသာ စြန႔္ဦးတီထြင္သူမ်ားအတြက္ လုပ္ငန္းမ်ား အရွိန္အဟုန္ျမင့္ ေဆာင္႐ြက္ႏိုင္ေစရန္၊ ကြၽမ္းက်င္မႈမ်ား ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေစရန္ ႏိုင္ငံတကာတြင္ က်င့္သုံးေနသည့္ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ လမ္းၫႊန္မႈမ်ား ေပးအပ္သြားမည္ ျဖစ္သည္။

ၿပိဳင္ပြဲတြင္ အႏိုင္ရရွိသူမ်ားႏွင့္ ဆန္ခါတင္အဖြဲ႕မ်ားသည္ Innovation Hub မွ ပို႔ခ်ေပးသြားမည့္ ဖြံ႕ၿဖိဳးတိုးတက္မႈ သင္တန္းအား တက္ေရာက္သင္ၾကားခြင့္ ရရွိမည္ျဖစ္သည္။ ၿပိဳင္ပြဲဝင္မ်ားအေနႏွင့္လည္း ၎တို႔၏ လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္လာေစရန္ႏွင့္ ဆန္းသစ္တီထြင္မႈမ်ား ပိုမိုျပဳလုပ္လာႏိုင္ေစရန္၊ ထိုမွတဆင့္ တျဖည္းျဖည္းခ်င္းႏွင့္ ေအာင္ျမင္၍ ျပည္သူလူထုကို အက်ိဳးျပဳႏိုင္ေသာ စီးပြားေရးလုပ္ငန္းမ်ား အျဖစ္ ရပ္တည္ႏိုင္ရန္ဟူသည့္ အိပ္မက္ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ေစရန္ Innovation Hub မွ ကူညီေထာက္ပံ့ေပးမႈကို စိတ္လႈပ္ရွားေမွ်ာ္လင့္မိေၾကာင္း ေဖာ္ျပခဲ့ၾကပါသည္။ Innovation Hub မွ ေရရွည္တည္တံ့ေသာ ၿငိမ္းခ်မ္းေရးႏွင့္ စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးတိုးတက္ေရးပန္းတိုင္မ်ားအား ျမန္မာႏိုင္ငံ၌ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ ေတြ႕ႀကဳံရသည့္စိန္ေခၚမႈမ်ားအား ေျဖရွင္းႏိုင္ရန္အတြက္ ပံ့ပိုးကူညီေပးသြားမည္ ျဖစ္ပါသည္။ ပါဝင္ယွဥ္ၿပိဳင္သူမ်ားအေနျဖင့္ The Hackathon တြင္ ပါရွိသည့္ ေက်းလက္ေဒသဖြံ႕ၿဖိးတိုးတက္ေရး၊ ပညာေရးႏွင့္ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာက႑ စသည္တို႔ႏွင့္ အမ်ိဳးသမီးမ်ားအား အားေပးကူညီမႈစသည့္ က႑မ်ားအျပင္ က်န္းမာေရး၊ စီမံအုပ္ခ်ဳပ္ေရးႏွင့္ ဘ႑ာေရးပိုင္းဆိုင္ရာ ဝန္ေဆာင္မႈက႑မ်ားအတြင္း ေပၚေပါက္လာမည့္ အခြင့္အလမ္းမ်ားအေၾကာင္းႏွင့္ ပတ္သက္၍လည္း ေလ့လာသင္ယူခြင့္ ရရွိသြားႏိုင္မည္ ျဖစ္သည္။

အူရီဒူးျမန္မာ၏ CEO ျဖစ္သူ Mr. Rajeev Sethi မွ “ပါဝင္ယွဥ္ၿပိဳင္ၾကတဲ့ စြန႔္ဦးတီထြင္သူလူငယ္ အေယာက္ ၂၀၀ နီးပါးနဲ႔အတူ The Hackathon 2019 ဟာ ျမန္မာလူငယ္ေတြရဲ႕ အေကာင္းဆုံးေသာ ကြၽမ္းက်င္မႈေတြ၊ စူးစိုက္ႏွစ္ျမႇဳပ္ေဆာင္႐ြက္မႈေတြနဲ႔ အသိပညာအတတ္ပညာ စြမ္းရည္ေတြကို ဖြင့္လွစ္ျပသႏိုင္တဲ့အတြက္ အံခ်ီးဖြယ္ေအာင္ျမင္မႈကို ရရွိခဲ့ပါတယ္။ ၿပိဳင္ပြဲဝင္ေတြအားလုံးအေနနဲ႔ ဒီၿပိဳ္ငဆိုင္မႈျပင္းထန္တဲ့ ႏွစ္ရက္နဲ႔ေန႔တစ္ဝက္ၿပိဳ္ငပြဲႀကီးကို ေအာင္ျမင္ၿပီးေျမာက္ေအာင္ ယွဥ္ၿပိဳင္အစြမ္းျပႏိုင္ တဲ့အတြက္ ဂုဏ္ယူသင့္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီေန႔မွာ UNDP ရဲ႕ စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးတိုးတက္မႈ ပန္းတိုင္ေတြကို ပံ့ပိုးေပးတဲ့အေနနဲ႔ ရန္ကုန္ၿမိဳ႕ရွိ အူရီဒူးျမန္မာရဲ႕ ႐ုံးခ်ဳပ္မွာ Innovation Hub ကို စတင္ေဆာင္႐ြက္ေပးလိုက္ေၾကာင္းလည္း ဝမ္းေျမာက္စြာ ေၾကညာေပးလိုပါတယ္။ စြန႔္ဦးတီထြင္သူလူငယ္ အေယာက္ ၈၀ေလာက္ကို ေနာက္ထပ္တစ္ႏွစ္ၾကာ ေလ့က်င့္ပ်ိဳးေထာင္ေပးသြားမွာျဖစ္ၿပီး ျမန္မာ့ဒစ္ဂ်စ္တယ္ အနာဂတ္ရဲ႕ စြန႔္ဦးတီထြင္ဖန္တီးသူေတြအျဖစ္ တိုးတက္ေအာင္ျမင္ေအာင္ ပံ့ပိုးကူညီေပးသြားမွာပဲ ျဖစ္ပါတယ္။” ဟု ေျပာၾကားလိုက္ပါသည္။

“စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးတိုးတက္ေရး ပန္းတိုင္ေတြကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္တဲ့ေနရာမွာ ဆန္းသစ္တီထြင္ႏိုင္စြမ္းက အရမ္းကို အေရးပါတဲ့ အခန္းက႑ေနရာက ပါဝင္ေနပါတယ္။ ဒီေန႔ ကြၽန္မတို႔ စတင္မိတ္ဆက္ခဲ့တဲ့ Innovation Hub က ျမန္မာလူငယ္ေတြအတြက္ ဆန္းသစ္တဲ့ စိတ္ကူးစိတ္သန္းေတြနဲ႔ ခ်ဥ္းကပ္မႈနည္းလမ္းေတြကို ဖန္တီးႏိုင္ဖို႔အတြက္ မ်ားစြာ ကူညီေဆာင္႐ြက္ ေပးသြားႏိုင္မွာျဖစ္ၿပီး ျမန္မာႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ စိန္ေခၚမႈေတြကို ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ ျပန္လည္ပံ့ပိုးေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒီေန႔ၿပိဳင္ပြဲဝင္အဖြဲ႕ေတြ တင္ဆက္ျပသခဲ့တဲ့ စိတ္ကူးစိတ္သန္း အႀကံဉာဏ္ေတြအားလုံးကိုလည္း ကြၽန္မအေနနဲ႔ သေဘာက်ႏွစ္သက္မိၿပီး အထူးသျဖင့္ ေနာက္ႏွစ္မွာ အႏိုင္ရ အႏိုင္ရရွိခဲ့တဲ့အဖြဲ႕ေတြရဲ႕ ဆန္းသစ္ဖန္တီးမႈေတြအသက္ဝင္လာမယ့္ အခ်ိန္ကို အရမ္းကို ေမွ်ာ္လင့္ ေနမိပါတယ္။” ဟု UNDP ၏ Deputy Resident Representative ျဖစ္သူ Ms. Dawn del Rio က ေျပာၾကားပါသည္။

The Hackathon 2019 နည္းပညာၿပိဳင္ပြဲအား ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ျမန္မာႏိုင္ငံတဝန္းရွိ ၿမိဳ႕ေပါင္း ၁၂ ၿမိဳ႕မွ ၿပိဳင္ပြဲဝင္ေပါင္း ၃၀၀ ခန႔္ေလွ်ာက္ထားခဲ့ၾကၿပီး ၿပိဳင္ပြဲဝင္ေပါင္း ၂၀၀ နီးပါသည္ ၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိခဲ့ပါသည္။

The Hackathon သည္ ျမန္မာႏိုင္ငံမွ လူငယ္မ်ား၏ ဒစ္ဂ်စ္တယ္နည္းပညာပိုင္းဆိုင္ရာ ဆန္းသစ္ တီထြင္ႏိုင္စြမ္းႏွင့္ စြန႔္ဦးတီထြင္ႏိုင္စြမ္းမ်ားအား ျမႇင့္တင္ေပးႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ အူရီဒူးျမန္မာႏွင့္ UNDP တို႔မွ ပူးေပါင္းျပဳလုပ္သည့္ အထူးအစီအစဥ္တစ္ခုျဖစ္သည္။ ၄င္းသည္ျမန္မာႏိုင္ငံမွ လူငယ္မ်ား၏ ဆန္းသစ္ေသာ စိတ္ကူးအႀကံဉာဏ္မ်ားအား ေဖာ္ထုတ္ေပးႏိုင္ရန္၊ ထိုမွတဆင့္ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေရးပန္းတိုင္မ်ားအား ျမန္မာႏိုင္ငံတြင္ ဒစ္ဂ်စ္တယ္နည္းပညာအသုံးျပဳ၍ ေအာင္ျမင္ေအာင္ ဖန္တီးပုံေဖာ္ႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ စီစဥ္ေဆာင္႐ြက္ေပးျခင္း ျဖစ္ပါသည္။

The Hackathon 2019 နည္းပညာၿပိဳင္ပြဲႏွင့္ ပတ္သက္၍ ပိုမိုသိရွိလိုပါက www.thehackathon2019.com တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္မည္ ျဖစ္သည္။

[Unicode]

အူရီဒူးမြန်မာနှင့် UNDP တို့ ပူးပေါင်းကျင်းပသော The Hackathon 2019 နည်းပညာဆိုင်ရာပြိုင်ပွဲ၏ အနိုင်ရရှိသူများအား ထုတ်ပြန်ကြေညာ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ရာသီဥတုပြောင်းလဲမှု ဟူသည့် ကဏ္ဍ ၃ ရပ် အတွက် နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများအား ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။

အူရီဒူးမြန်မာနှင့် UNDP တို့ ပူးပေါင်းကျင်းပသည့် The Hackathon 2019 တွင် အနိုင်ရရှိသည့်အဖွဲ့ ၆ ဖွဲ့ အား တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အနိုင်ရရှိသူများသည် စုစုပေါင်း ပြိုင်ပွဲဝင် အရေအတွက် ၂၀၀ ကျော်အနက်မှ ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်များအားလုံးသည် ရန်ကုန်နှင့် မန္တလေးမြို့များတွင် အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ တစ်ပြိုင်နက်ထဲ ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ဆိုင်မှုပြင်းထန်သော ၂ ရက်ခွဲကြာ ပြိုင်ပွဲအတွင်း သတိပြုမှတ်သားဖွယ် ရှေ့ပြေးပုံစံများနှင့် သက်ဆိုင်ရာ လုပ်ငန်းပုံစံများအား အပြိုင်အဆိုင် တီထွင်ဖန်တီးခဲ့ကြသည်။

အငယ်တန်းအဆင့်ပြိုင်ပွဲတွင် စုစုပေါင်း ၂၈ သင်းမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ၄င်းသည် ကျောင်းသားကျောင်းသူများနှင့် The Hackathon ပြိုင်ပွဲဝင်အသစ်များအတွက် ရည်ရွယ်ပါသည်။ အငယ်တန်းအဆင့်ပြိုင်ပွဲတွင် အနိုင်ရရှိသည့်အဖွဲ့များမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအတွက် မန္တလေးမြို့မှ Team Glorious , ပညာရေးကဏ္ဍအတွက် ရန်ကုန်မြို့မှ Team MYLP 2K18 နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကဏ္ဍအတွက် ရန်ကုန်မြို့မှ Team F တို့ဖြစ်ကြပြီး ၎င်းတို့သည် မိုဘိုင်းအက်ပလီကေးရှင်းများဖြစ်ကြသည့် Sein Lan, Nyan-San နှင့် Weather Smart တို့ကို အသီးသီး တီထွင်ခဲ့ကြသည်။

ပညာရေးကဏ္ဍတွင် ဆန်းသစ်တီထွင်မှုကို ယှဉ်ပြိုင်အနိုင်ရခဲ့သည့် Team MYLP 2K18 မှ ဝေလင်းက “ပထမဆုံး လာပြိုင်တာပါ။ အရမ်းပျော်ပြီး စိတ်လှုပ်ရှားပါတယ်။ အစထဲက ဆုရမယ်လို့တော့ မှန်းထားပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အများကြီး ဆက်ကြိုးစားသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။” ဟု ပြောကြားခဲ့သည်။

ပညာရှင်အဆင့်ပြိုင်ပွဲတွင် စုစုပေါင်း ၂၁ သင်းမှ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး ၄င်းသည် စဦး လုပ်ငန်းများနှင့် ယမန်နှစ် Hackathon တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများအတွက် ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ ပညာရှင်အဆင့်ပြိုင်ပွဲတွင် အနိုင်ရရှိသည့်အဖွဲ့များမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအတွက် ရန်ကုန်မြို့မှ Team Agri Light, ပညာရေးကဏ္ဍအတွက် ရန်ကုန်မြို့မှ Team Twee Twee နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကဏ္ဍအတွက် ရန်ကုန်မြို့မှ Team Innovatory တို့မှ ၎င်းတို့၏ မိုဘိုင်းအက်ပလီကေးရှင်များဖြစ်ကြသည့် Kyat Lat Pay, Twee Bot နှင့် Sein တို့ဖြင့် ရရှိခဲ့ကြပါသည်။

မခိုင်ဆု၏ The Hackathon 2018 တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံမှာ မှတ်သားဖွယ်ရာဖြစ်ခဲ့ပြီး ယခုနှစ်တွင်လည်း ထပ်မံ ယှဉ်ပြိုင်စေရန် တွန်းအားပေးခဲ့ပါသည်။ သူမအနေဖြင့် Team Twee Twee တွင် ပါဝင်၍ ထပ်မံစိန်ခေါ်ယှဉ်ပြိုင်ခဲ့ပြီး အကြီးတန်းအဆင့် ပညာရေးကဏ္ဍတွင် အနိုင်ရရှိခဲ့ပါသည်။ “ညီမရဲ့ နည်းပညာဆိုင်ရာပြိုင်ပွဲအတွေ့အကြုံက ၃နှစ်လောက်ရှိပါတယ်။ ညီမတို့အဖွဲ့ထဲက အဖွဲ့သားတွေက ဒီနှစ်ပထမဆုံးပါ။ ပထမကတော့ ပင်ပန်းပါတယ်။ ဆုရမယ်မှန်းတော့ ထင်တော့မထင်ထားဘူး။ တကယ်ကို မယုံထားဘဲရတဲ့အတွက် အရမ်းပဲ ဝမ်းသာပါတယ်။” ဟု ပြောကြားပါသည်။

ဆုချီးမြှင့်ပွဲတွင် ပါဝင်ဆုံးဖြတ်ပေးခဲ့ပြသည့် အကဲဖြတ်အဖွဲ့ဝင်များမှာ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကဏ္ဍများတွင် ပြည်တွင်းပြည်ပမှ နာမည်ကျော်ပညာရှင်များ ပါဝင်ကြပါသည်။

ပြိုင်ပွဲဝင်အသင်းများအား ပရိုဂရမ်ရေးဆွဲမှု၊ စီးပွားရေးပိုင်းဆိုင်ရာ အစီအစဉ်ရေးဆွဲမှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များအား အရှိန်အဟုန်မြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ကူညီပေးနိုင်မည့် လူမှုရေးပိုင်းဆိုင်ရာသက်ရောက်မှုများအပြင် အဖွဲ့လိုက် ဆောင်ရွက်မှုနှင့် ဆက်သွယ်ရေးပိုင်းအစရှိသည့် အချက်များအပေါ်မူတည်၍ အမှတ်ပေးအကဲဖြတ်ခဲ့ပြီး အငယ်တန်းအဆင့် ပြိုင်ပွဲတွင် အနိုင်ရရှိသည့် အဖွဲ့များအနေဖြင့် ဆုကြေးငွေ မြန်မာငွေကျပ် သိန်း ၃၀ စီနှင့် ပညာရှင်အဆင့်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် အဖွဲ့များအနေနှင့် တစ်ဖွဲ့လျှင် ဆုကြေးငွေ မြန်မာငွေကျပ် သိန်း ၆၀ အား ဆွတ်ခူးရရှိခဲ့သည့်အပြင် အခြားသော ကူညီထောက်ပံ့မှုများကိုပါ ရရှိသွားနိုင်မည် ဖြစ်သည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားပြီးဆုံးချိန်တွင် အူရီဒူးနှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်မည့် Innovation Hub ကိုလည်း မိတ်ဆက်ကြေညာပေးခဲ့ပါသည်။ ရန်ကုန်မြို့ရှိ အူရီဒူးမြန်မာရုံးချုပ်တွင် တည်ရှိပြီး တင့်တယ်စွာ တည်ဆောက်ထားသည့် အဆိုပါ Innovation Hub သည် ငယ်ရွယ်သော စွန့်ဦးတီထွင်သူများအတွက် လုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်စေရန်၊ ကျွမ်းကျင်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လမ်းညွှန်မှုများ ပေးအပ်သွားမည် ဖြစ်သည်။

ပြိုင်ပွဲတွင် အနိုင်ရရှိသူများနှင့် ဆန်ခါတင်အဖွဲ့များသည် Innovation Hub မှ ပို့ချပေးသွားမည့် ဖွံ့ဖြိုးတိုးတက်မှု သင်တန်းအား တက်ရောက်သင်ကြားခွင့် ရရှိမည်ဖြစ်သည်။ ပြိုင်ပွဲဝင်များအနေနှင့်လည်း ၎င်းတို့၏ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဆန်းသစ်တီထွင်မှုများ ပိုမိုပြုလုပ်လာနိုင်စေရန်၊ ထိုမှတဆင့် တဖြည်းဖြည်းချင်းနှင့် အောင်မြင်၍ ပြည်သူလူထုကို အကျိုးပြုနိုင်သော စီးပွားရေးလုပ်ငန်းများ အဖြစ် ရပ်တည်နိုင်ရန်ဟူသည့် အိပ်မက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် Innovation Hub မှ ကူညီထောက်ပံ့ပေးမှုကို စိတ်လှုပ်ရှားမျှော်လင့်မိကြောင်း ဖော်ပြခဲ့ကြပါသည်။ Innovation Hub မှ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များအား မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရန်အတွက် ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါသည်။ ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် The Hackathon တွင် ပါရှိသည့် ကျေးလက်ဒေသဖွံ့ဖြိးတိုးတက်ရေး၊ ပညာရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကဏ္ဍ စသည်တို့နှင့် အမျိုးသမီးများအား အားပေးကူညီမှုစသည့် ကဏ္ဍများအပြင် ကျန်းမာရေး၊ စီမံအုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍများအတွင်း ပေါ်ပေါက်လာမည့် အခွင့်အလမ်းများအကြောင်းနှင့် ပတ်သက်၍လည်း လေ့လာသင်ယူခွင့် ရရှိသွားနိုင်မည် ဖြစ်သည်။

အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Rajeev Sethi မှ “ပါဝင်ယှဉ်ပြိုင်ကြတဲ့ စွန့်ဦးတီထွင်သူလူငယ် အယောက် ၂၀၀ နီးပါးနဲ့အတူ The Hackathon 2019 ဟာ မြန်မာလူငယ်တွေရဲ့ အကောင်းဆုံးသော ကျွမ်းကျင်မှုတွေ၊ စူးစိုက်နှစ်မြှုပ်ဆောင်ရွက်မှုတွေနဲ့ အသိပညာအတတ်ပညာ စွမ်းရည်တွေကို ဖွင့်လှစ်ပြသနိုင်တဲ့အတွက် အံချီးဖွယ်အောင်မြင်မှုကို ရရှိခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေအားလုံးအနေနဲ့ ဒီပြို်ငဆိုင်မှုပြင်းထန်တဲ့ နှစ်ရက်နဲ့နေ့တစ်ဝက်ပြို်ငပွဲကြီးကို အောင်မြင်ပြီးမြောက်အောင် ယှဉ်ပြိုင်အစွမ်းပြနိုင် တဲ့အတွက် ဂုဏ်ယူသင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနေ့မှာ UNDP ရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်တွေကို ပံ့ပိုးပေးတဲ့အနေနဲ့ ရန်ကုန်မြို့ရှိ အူရီဒူးမြန်မာရဲ့ ရုံးချုပ်မှာ Innovation Hub ကို စတင်ဆောင်ရွက်ပေးလိုက်ကြောင်းလည်း ဝမ်းမြောက်စွာ ကြေညာပေးလိုပါတယ်။ စွန့်ဦးတီထွင်သူလူငယ် အယောက် ၈၀လောက်ကို နောက်ထပ်တစ်နှစ်ကြာ လေ့ကျင့်ပျိုးထောင်ပေးသွားမှာဖြစ်ပြီး မြန်မာ့ဒစ်ဂျစ်တယ် အနာဂတ်ရဲ့ စွန့်ဦးတီထွင်ဖန်တီးသူတွေအဖြစ် တိုးတက်အောင်မြင်အောင် ပံ့ပိုးကူညီပေးသွားမှာပဲ ဖြစ်ပါတယ်။” ဟု ပြောကြားလိုက်ပါသည်။

“စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်တွေကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ ဆန်းသစ်တီထွင်နိုင်စွမ်းက အရမ်းကို အရေးပါတဲ့ အခန်းကဏ္ဍနေရာက ပါဝင်နေပါတယ်။ ဒီနေ့ ကျွန်မတို့ စတင်မိတ်ဆက်ခဲ့တဲ့ Innovation Hub က မြန်မာလူငယ်တွေအတွက် ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ချဉ်းကပ်မှုနည်းလမ်းတွေကို ဖန်တီးနိုင်ဖို့အတွက် များစွာ ကူညီဆောင်ရွက် ပေးသွားနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပြန်လည်ပံ့ပိုးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့ပြိုင်ပွဲဝင်အဖွဲ့တွေ တင်ဆက်ပြသခဲ့တဲ့ စိတ်ကူးစိတ်သန်း အကြံဉာဏ်တွေအားလုံးကိုလည်း ကျွန်မအနေနဲ့ သဘောကျနှစ်သက်မိပြီး အထူးသဖြင့် နောက်နှစ်မှာ အနိုင်ရ အနိုင်ရရှိခဲ့တဲ့အဖွဲ့တွေရဲ့ ဆန်းသစ်ဖန်တီးမှုတွေအသက်ဝင်လာမယ့် အချိန်ကို အရမ်းကို မျှော်လင့် နေမိပါတယ်။” ဟု UNDP ၏ Deputy Resident Representative ဖြစ်သူ Ms. Dawn del Rio က ပြောကြားပါသည်။

The Hackathon 2019 နည်းပညာပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံတဝန်းရှိ မြို့ပေါင်း ၁၂ မြို့မှ ပြိုင်ပွဲဝင်ပေါင်း ၃၀၀ ခန့်လျှောက်ထားခဲ့ကြပြီး ပြိုင်ပွဲဝင်ပေါင်း ၂၀၀ နီးပါသည် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါသည်။

The Hackathon သည် မြန်မာနိုင်ငံမှ လူငယ်များ၏ ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ် တီထွင်နိုင်စွမ်းနှင့် စွန့်ဦးတီထွင်နိုင်စွမ်းများအား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် အူရီဒူးမြန်မာနှင့် UNDP တို့မှ ပူးပေါင်းပြုလုပ်သည့် အထူးအစီအစဉ်တစ်ခုဖြစ်သည်။ ၄င်းသည်မြန်မာနိုင်ငံမှ လူငယ်များ၏ ဆန်းသစ်သော စိတ်ကူးအကြံဉာဏ်များအား ဖော်ထုတ်ပေးနိုင်ရန်၊ ထိုမှတဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များအား မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ အောင်မြင်အောင် ဖန်တီးပုံဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။

The Hackathon 2019 နည်းပညာပြိုင်ပွဲနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက www.thehackathon2019.com တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။