[Zawgyi]

အူရီဒူးျမန္မာသည္ ဆက္သြယ္ေရးဝန္ေဆာင္မႈ အသုံးျပဳျခင္း အေတြ႕အႀကဳံမ်ား ပိုမိုေကာင္းမြန္လာေစရန္ ဒီဂ်စ္တယ္နည္းပညာဝန္ေဆာင္မႈအသစ္မ်ားကို My Ooredoo App တြင္ မၾကာမီကထပ္မံထည့္သြင္းၿပီး အဆင့္ျမႇင့္တင္ခဲ့ပါသည္။ ၎တို႔ထဲမွ အဓိကထူးျခားသည့္ ဝန္ေဆာင္မႈတစ္ခုမွာ မိမိတို႔ႀကဳံေတြ႕ႏိုင္သည့္ အခက္အခဲမ်ားကို ေျဖရွင္းရာတြင္ သုံးစြဲသူဝန္ေဆာင္မႈဌာနသို႔ ဖုန္းေခၚဆိုရန္မလိုအပ္ဘဲ မိမိတို႔ကိုယ္တိုင္ My Ooredoo App အက္ပလီေကးရွင္းမွတဆင့္ တိုက္႐ိုက္အေၾကာင္းၾကားၿပီး ေျဖရွင္းမႈမ်ားရယူႏိုင္မည့္ ဒီဂ်စ္တယ္ဝန္ေဆာင္မႈျဖစ္ပါသည္။

အဆိုပါ ဒီဂ်စ္တယ္ဝန္ေဆာင္မႈစနစ္ျဖင့္ အသုံးျပဳသူက ႀကဳံေတြ႕သည့္ အခက္အခဲမွတ္တမ္းမ်ားကို သုံးစြဲသူဝန္ေဆာင္မႈဌာနသို႔ ဖုန္းေခၚဆိုသည့္အခါ မွတ္ယူသိမ္းဆည္းထားၿပီး သမား႐ိုးက်ေျဖရွင္းသည့္စနစ္ထက္ ဒီဂ်စ္တယ္စနစ္ကို အသုံးျပဳၿပီး ပိုမိုျမန္ဆန္စြာ ေမးျမန္းစုံစမ္းခ်က္မ်ားႏွင့္ အခက္အခဲမ်ားကို စစ္ေဆးေျဖရွင္းေပးျခင္းျဖင့္ အေၾကာင္းျပန္ႏိုင္မည္ ျဖစ္ပါသည္။ အဆိုပါ ဝန္ေဆာင္မႈကို အသုံးျပဳႏိုင္ရန္အတြက္ အူရီဒူးအသုံးျပဳသူမ်ားအေနျဖင့္ My Ooredoo App တြင္ စာရင္းသြင္းရမည္ ျဖစ္ၿပီး ၎မွတဆင့္ ဆက္သြယ္ရန္/အကူအညီ (Contact Us/Support) ေနရာသို႔ သို႔ဝင္ေရာက္ကာ “တိုက္႐ိုက္စကားေျပာရန္” (“Report an Issue”) ေနရာကို ႏွိပ္ရမည္ျဖစ္ၿပီး အသုံးျပဳသူ၏ အမည္၊ ျဖစ္ေပၚေနသည့္ အခက္အခဲ၊ ေန႔ရက္ ႏွင့္ အခ်ိန္ ႏွင့္ အဆိုပါ အခက္အခဲႏွင့္ စပ္လ်ဥ္းသည့္ အေၾကာင္းအရာ ဥပမာ – ကြန္ရက္ဆိုင္ရာ၊ ဘီလ္ေဆာင္ျခင္းဆိုင္ရာ၊ ေငြျဖည့္သြင္းျခင္းဆိုင္ရာ၊ ထုတ္ကုန္မ်ားဆိုင္ရာ (သို႔) ဝန္ေဆာင္မႈမ်ားဆိုင္ရာ စသည္မ်ားကို ေ႐ြးခ်ယ္ျဖည့္သြင္းရမည္ ျဖစ္ပါသည္။အဆိုပါ အခ်က္အလက္မ်ားကို ျဖည့္သြင္းေပးပို႔ၿပီးပါက အခက္အခဲဆိုင္ရာ မွတ္တမ္းႏွင့္အတူ စာတိုတစ္ခုကို အသုံးျပဳသူထံသို႔ ျပန္လည္ေပးပို႔မည္ျဖစ္ၿပီး သုံးစြဲသူဝန္ေဆာင္မႈဌာနမွ တာဝန္ရွိသူက အခ်ိန္တိုအတြင္း ေျဖရွင္းခ်က္မ်ားႏွင့္အတူ Live Chat ျဖင့္ ျပန္လည္ဆက္သြယ္ အေၾကာင္းျပန္ေပးမည္ျဖစ္ပါသည္။

အူရီဒူးျမန္မာ၏ Chief Commercial Officer ျဖစ္သူ Mr. Alok Verma က “အူရီဒူးျမန္မာက ဝန္ေဆာင္မႈအသုံးျပဳသူေတြအားလုံးအတြက္ ပိုမိုေကာင္းမြန္တဲ့ ဆက္သြယ္ေရးဝန္ေဆာင္မႈ အေတြ႕အႀကဳံေတြ ေပးအပ္ႏိုင္ဖို႔ ထုတ္ကုန္ေတြနဲ႔ ဝန္ေဆာင္မႈေတြကို စီစဥ္ေဆာင္႐ြက္ရာမွာ ဒီဂ်စ္တယ္ဆိုင္ရာ ဆန္းသစ္တီထြင္မႈေတြနဲ႔ စဥ္ဆက္မျပတ္ အဆင့္ျမႇင့္တင္ျခင္းေတြကို လုပ္ေဆာင္လ်က္ရွိပါတယ္။ အခုလို “တိုက္႐ိုက္စကားေျပာရန္” ဆိုတဲ့ ဝန္ေဆာင္မႈကို ထည့္သြင္းလိုက္တာက အသုံးျပဳေတြအတြက္ ၂၄ နာရီ ၇ ရက္ပတ္လုံး အခ်ိန္မေ႐ြး အခက္အခဲမ်ားကို ေျဖရွင္းေပးၿပီး အထိေရာက္ဆုံး သုံးစြဲသူဝန္ေဆာင္မႈေတြကို ေပးအပ္ႏိုင္မွာျဖစ္ပါတယ္။ အသုံးျပဳသူေတြအေနနဲ႔လည္း ဒီဝန္ေဆာင္မႈကို အသုံးျပဳၿပီး ႀကဳံေတြ႕လာတဲ့ အခက္အခဲေတြကို လြယ္လြယ္ကူကူ အခ်ိန္ကုန္သက္သာစြာနဲ႔ ဆက္သြယ္ေျဖရွင္းႏိုင္မွာ ျဖစ္ပါတယ္” ဟု ေျပာၾကားခဲ့ ပါသည္။

အူရီဒူး၏ ဆက္သြယ္ေရးဝန္ေဆာင္မႈ အသုံးျပဳသူမ်ားသည္ *565# ကိုေခၚဆိုၿပီး My Ooredoo App ကို ေဒါင္းလုပ္ရယူႏိုင္မည္ျဖစ္ၿပီး အဆင့္ျမႇင့္တင္ထားသည့္ စိတ္လႈပ္ရွားဖြယ္ ဝန္ေဆာင္မႈမ်ားကို ရယူအသုံးျပဳႏိုင္မည္ ျဖစ္ပါသည္။

[Unicode]

“တိုက်ရိုက်စကားပြောရန်” ဒီဂျစ်တယ်ဝန်ဆောင်မှုအသစ်ကို Ooredoo မိတ်ဆက်

အူရီဒူးမြန်မာသည် ဆက်သွယ်ရေးဝန်ဆောင်မှု အသုံးပြုခြင်း အတွေ့အကြုံများ ပိုမိုကောင်းမွန်လာစေရန် ဒီဂျစ်တယ်နည်းပညာဝန်ဆောင်မှုအသစ်များကို My Ooredoo App တွင် မကြာမီကထပ်မံထည့်သွင်းပြီး အဆင့်မြှင့်တင်ခဲ့ပါသည်။ ၎င်းတို့ထဲမှ အဓိကထူးခြားသည့် ဝန်ဆောင်မှုတစ်ခုမှာ မိမိတို့ကြုံတွေ့နိုင်သည့် အခက်အခဲများကို ဖြေရှင်းရာတွင် သုံးစွဲသူဝန်ဆောင်မှုဌာနသို့ ဖုန်းခေါ်ဆိုရန်မလိုအပ်ဘဲ မိမိတို့ကိုယ်တိုင် My Ooredoo App အက်ပလီကေးရှင်းမှတဆင့် တိုက်ရိုက်အကြောင်းကြားပြီး ဖြေရှင်းမှုများရယူနိုင်မည့် ဒီဂျစ်တယ်ဝန်ဆောင်မှုဖြစ်ပါသည်။

အဆိုပါ ဒီဂျစ်တယ်ဝန်ဆောင်မှုစနစ်ဖြင့် အသုံးပြုသူက ကြုံတွေ့သည့် အခက်အခဲမှတ်တမ်းများကို သုံးစွဲသူဝန်ဆောင်မှုဌာနသို့ ဖုန်းခေါ်ဆိုသည့်အခါ မှတ်ယူသိမ်းဆည်းထားပြီး သမားရိုးကျဖြေရှင်းသည့်စနစ်ထက် ဒီဂျစ်တယ်စနစ်ကို အသုံးပြုပြီး ပိုမိုမြန်ဆန်စွာ မေးမြန်းစုံစမ်းချက်များနှင့် အခက်အခဲများကို စစ်ဆေးဖြေရှင်းပေးခြင်းဖြင့် အကြောင်းပြန်နိုင်မည် ဖြစ်ပါသည်။ အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် အူရီဒူးအသုံးပြုသူများအနေဖြင့် My Ooredoo App တွင် စာရင်းသွင်းရမည် ဖြစ်ပြီး ၎င်းမှတဆင့် ဆက်သွယ်ရန်/အကူအညီ (Contact Us/Support) နေရာသို့ သို့ဝင်ရောက်ကာ “တိုက်ရိုက်စကားပြောရန်” (“Report an Issue”) နေရာကို နှိပ်ရမည်ဖြစ်ပြီး အသုံးပြုသူ၏ အမည်၊ ဖြစ်ပေါ်နေသည့် အခက်အခဲ၊ နေ့ရက် နှင့် အချိန် နှင့် အဆိုပါ အခက်အခဲနှင့် စပ်လျဉ်းသည့် အကြောင်းအရာ ဥပမာ – ကွန်ရက်ဆိုင်ရာ၊ ဘီလ်ဆောင်ခြင်းဆိုင်ရာ၊ ငွေဖြည့်သွင်းခြင်းဆိုင်ရာ၊ ထုတ်ကုန်များဆိုင်ရာ (သို့) ဝန်ဆောင်မှုများဆိုင်ရာ စသည်များကို ရွေးချယ်ဖြည့်သွင်းရမည် ဖြစ်ပါသည်။အဆိုပါ အချက်အလက်များကို ဖြည့်သွင်းပေးပို့ပြီးပါက အခက်အခဲဆိုင်ရာ မှတ်တမ်းနှင့်အတူ စာတိုတစ်ခုကို အသုံးပြုသူထံသို့ ပြန်လည်ပေးပို့မည်ဖြစ်ပြီး သုံးစွဲသူဝန်ဆောင်မှုဌာနမှ တာဝန်ရှိသူက အချိန်တိုအတွင်း ဖြေရှင်းချက်များနှင့်အတူ Live Chat ဖြင့် ပြန်လည်ဆက်သွယ် အကြောင်းပြန်ပေးမည်ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က “အူရီဒူးမြန်မာက ဝန်ဆောင်မှုအသုံးပြုသူတွေအားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု အတွေ့အကြုံတွေ ပေးအပ်နိုင်ဖို့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို စီစဉ်ဆောင်ရွက်ရာမှာ ဒီဂျစ်တယ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေနဲ့ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ခြင်းတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ အခုလို “တိုက်ရိုက်စကားပြောရန်” ဆိုတဲ့ ဝန်ဆောင်မှုကို ထည့်သွင်းလိုက်တာက အသုံးပြုတွေအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး အချိန်မရွေး အခက်အခဲများကို ဖြေရှင်းပေးပြီး အထိရောက်ဆုံး သုံးစွဲသူဝန်ဆောင်မှုတွေကို ပေးအပ်နိုင်မှာဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့လည်း ဒီဝန်ဆောင်မှုကို အသုံးပြုပြီး ကြုံတွေ့လာတဲ့ အခက်အခဲတွေကို လွယ်လွယ်ကူကူ အချိန်ကုန်သက်သာစွာနဲ့ ဆက်သွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ ပါသည်။

အူရီဒူး၏ ဆက်သွယ်ရေးဝန်ဆောင်မှု အသုံးပြုသူများသည် *565# ကိုခေါ်ဆိုပြီး My Ooredoo App ကို ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်ပြီး အဆင့်မြှင့်တင်ထားသည့် စိတ်လှုပ်ရှားဖွယ် ဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်မည် ဖြစ်ပါသည်။