[Zawgyi]






[Unicode]

အူရီဒူး VIP အစီအစဉ်၏ ပထမဦးဆုံး ရွှေအိုးထဲမှာ ရွှေဒင်္ဂါးရှာ ကံစမ်းမဲအစီအစဉ် ကံထူးရှင်အား ရွှေဒင်္ဂါး ၁၅ ပြားပါတဲ့ ရွှေအိုးပေးအပ်ချီးမြှင့်

အူရီဒူး VIP အစီအစဉ်မှ ရွှေအိုးထဲမှာရွှေဒင်္ဂါးရှာ ကံစမ်းမဲအစီအစဉ်၏ ပထမဦးဆုံး ရွှေအိုးကံထူးရှင်ကို ဝမ်းမြောက်စွာ ကြေညာလိုက်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင် မြို့နယ်မှ ကိုမင်းခန့်ကျော်သည် ၂ဝ၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်တွင် ကျင်းပသည့် ရွှေဒင်္ဂါး ၁၅ ပြား ပါဝင်သည့် ရွှေအိုးကြီးကံထူးရှင်အဖြစ်လာသည့်အပြင်၊ ၎င်း၏ဖုန်းနံပါတ်ကို ဖုန်းငွေဖြည့်တိုင်း My Ooredoo App တွင်ပါရှိသည့် ရွှေအိုးထဲမှာရွှေဒင်္ဂါးရှာ ကံစမ်းမဲအစီအစဉ်တွင် ၄၃ ကြိမ် ပါဝင်ကံစမ်းခဲ့ပြီး ကံထူးဆုပေါင်းများစွာဖြစ်သည့် ဒေတာအသုံးပြုခွင့် 5GB ၊ မိနစ် ၆၀ ဖုန်းပြောခွင့် စသည့် ဆုမဲပေါင်းများစွာကို ရရှိခဲ့ပါသည်။ ကိုမင်းခန့်ကျော်သည် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလကတည်းက အူရီဒူး VIP အစီအစဉ်တွင် တက်ကြွစွာပါဝင်နေသူ တစ်ယောက်လည်း ဖြစ်ပါသည်။

ရွှေအိုးထဲမှာရွှေဒင်္ဂါးရှာကံစမ်းမဲအစီအစဉ်သည် အူရီဒူးမြန်မာသုံးစွဲသူများအားလုံးအတွက် VIP အစီအစဉ်မှ ထပ်မံဆောင်ရွက်ပေးလိုက်သည့် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ပရိုမိုးရှင်းအစီအစဉ်ကြီး တစ်ခုဖြစ်ပါသည်။ ဖုန်းငွေဖြည့်မှုတိုင်းသည် သုံးစွဲသူအတွက် ကံထူးနိုင်မည့် ဆုလက်မှတ်ကုဒ် တစ်ခုစီကို ပေးအပ်ပြီး ၎င်းမှ My Ooredoo App ရှိ ရွှေအိုးထဲမှာရွှေဒင်္ဂါးရှာအစီအစဉ်တွင် ပါဝင်ကံစမ်း၍ ရွှေဒင်္ဂါးများ၊ 100GB အထိ ကံထူးခွင့်၊ VIP အမှတ်များနှင့် ဆုပေါင်းများစွာကို ကံထူးနိုင်မည့် အခွင့်အရေးပေးအပ်ထားပါသည်။ ထိုမျှမက ဂိမ်းတိုင်းနှင့်အတူ လစဉ်ရွှေအိုးကံထူးဆုကြီး ကံထူးနိုင်ဖို့အတွက် လက်မှတ်တစ်ဆောင်စီ ရရှိမည်ဖြစ်ပါသည်။

အူရီဒူးမှ ယင်းကံစမ်းမဲအစီအစဉ်ကို ၂ဝ၁၉ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်အထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ယခု ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ရန် အူရီဒူးသုံးစွဲသူများအနေဖြင့် *565# ကိုဖုန်းခေါ်ဆို၍ သို့ Google Playstore / Apple Store တို့မှ တိုက်ရိုက်ဒေါင်းလုတ်ဆွဲ အသုံးပြုနိုင်မည်ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ အူရီဒူးရဲ့ဒီဂျစ်တယ်ဆုအစီအစဉ်မှာ သုံးစွဲသူအရေအတွက် မြောက်မြားစွာပါဝင်ကြတာကိုတွေ့ရလို့ အရမ်းကိုကျေနပ်ပီတိဖြစ်ရပါတယ်။ ရွှေအိုးထဲမှာရွှေဒင်္ဂါးရှာ အစီအစဉ်ရဲ့ ပထမဦးဆုံးကံထူးရှင်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပြီး စက်တင်ဘာ ၃၀ရက် နဲ့ အောက်တိုဘာ ၃၁ရက်တွေအတွက် ကျန်ရှိနေသေးတဲ့ ရွှေအိုးကံထူးရှင်တွေနဲ့ တွေ့ဆုံနိုင်ဖို့ကိုလည်း စိတ်လှုပ်ရှားလျက်ရှိပါတယ်။ အူရီဒူး VIP နှင့်အတူ ကျွန်တော်တို့ကို အစဉ်တစိုက်အားပေးလာတဲ့ သုံးစွဲသူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆုလက်ဆောင်တွေ လစဉ်လတိုင်း ဆက်လက်ပေးအပ်သွားမှာ ဖြစ်ပါတယ်။” ဟု အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က ပြောကြားလိုက်ပါသည်။

ဆက်လက်ပြီး ပေးအပ်ချီးမြှင့်ရန် ရွှေအိုးနှစ်အိုး ကျန်ရှိနေပါသေးသည်။ ထိုမျှမက စက်တင်ဘာလ ၃ဝ ရက်တွင် ထပ်မံကံစမ်းပေးမည့် ရွှေအိုးမှာ ရွှေဒင်္ဂါးအရေအတွက် နှစ်ဆဖြစ်သည့် စုစုပေါင်းရွှေဒင်္ဂါးအပြား ၃ဝ ပါဝင်မည် ဖြစ်ပါသည်။ အူရီဒူးသုံးစွဲသူများအားလုံးက ဒီဆုပေါင်းများစွာကို ရရှိပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးရှိပါသည်။ ယခု အထူးအခွင့်အရေးကို လက်မလွတ်တမ်းရရှိနိုင်ဖို့ အူရီးဖုန်းငွေဖြည့်ြ့ပီးတိုင်း ကံထူးဆုကုဒ်ကို My Ooredoo App တွင် ရိုက်သွင်း ပါဝင်ကံစမ်းနိုင်မည် ဖြစ်သည်။